Sunday, July 6, 2014

`မန္တလေးမြို့အကြမ်းဖက်မှုဖြစ်စဉ်နှင့်ဆက်စပ်နေသူဟုယူဆရသည့်မသင်္ကာဖွယ်လူတစ်ဦး´



July 6 ရက် မနက် ၉ နာရီ ၄၅ မိနစ်မှာ ပြင်ဦးလွင်မြို့မ ရဲစခန်းက တာဝန်မှူးရုံးကိုသွားပြီ
မသင်္ကာဖွယ်လူစုနေတယ်လို့ ယူဆရတဲ့လူရဲ့ ဓာတ်ပုံတွေ သွားပေးခဲ့ပြီးပါပီ

July 5 ရက် ပင်စည် လက်ဘက်ရည်ဆိုင်မှာ မနက် ၁၁ နာရီလောက်တုန်းက ကျွန်တော် ထိုင်နေတဲ့ခုံရဲ့ တခုံကျော်မှာ မန်းလေးမှာ အခြေအနေဘယ်လိုလည်း လုံခြုံရေး တွေရော ဘယ်နားတွေမှာလည်း ဒီမှာ လူ အယောက် ၇၀ လောက်တော့ ငါစုထားတယ် လိုအပ်ရင် ၅၀ လောက်တော့ အနည်းဆုံး ပါလာမှာပဲ ဆိုပီး မန်းလေးကလို့ယူဆလို့ရတဲ့ လူတစ်ယောက်နဲ့ နားကြပ်တပ် ဖုန်းပြောနေတဲ့လူ ကိုတွေ့ခဲ့ပါတယ် ကြားကြားခြင်း ကျွန်တော်သူ့ကို ဓာတ်ပုံရိုက်ဖို့ကြိုးစားပါတယ် ဖြစ်ချင်တော့ ဖုန်းအားကုန်ခါနီးဖြစ်နေတာမို့ ရိုက်ရင်းတန်းလန်း အားကုန်သွားပါတယ် ဆိုင်ရှင်ကောင်တာကိုသွားပီး အဲ့ဒီလူကို ဖြစ်နိုင်ရင် ဓာတ်ပုံရိုက်ပေးဖို့ မန်းလေးကိတ်စတွေမှာ ပါတဲ့လူဖြစ်နိုင်လို့ပါလို့ အကျဉ်းချုံးသွားပြောတော့
ကြောင်အမ်းအမ်းနဲ့ကြည့်နေပါတယ် ဒီလူ့မျက်နှာပုံကြည်ကြည်လင်လင် ကျွန်တာ့်ဖုန်းက မြင်ရမမြင်ရ မသေချာလို့ အစ်ကိုတစ်ယောက်ကို အကူအညီတောင်းပီး နောက်တစ်ခါ ပြန်လာရိုက်မှ ဒီလိုကြည်ကြည်လင်လင်ပုံထွက်လာတာပါ ခိုးရိုက်တာပါ ဓာတ်ပုံရိုက်နေတာကို သိသွားလို့လားတော့မသိဘူး ပိုက်ဆံရှင်းပြီး ထ ထွက်သွားပါတယ် ဘေးက ဖုန်းဆိုင်ထဲကို မယောင်မလည်နဲ့ဝင်ပြီး ပြန်ထွက်လာပါတယ် အင်္ကျီအရောင် ပုံပါအတိုင်းဖြစ်ပြီး စီးတဲ့ဆိုင်ကယ်ကတော့ ဆူပါကပ် နံပတ်ပြားရှေ့နောက် မပါ ပါ..

ထင်မြင်ချက်ကတော့ လူတွေကြားအောင်တမြင်ပြောတယ်လို့ သိပ်မထင်ပါ မည်သူမျှ သတိမထားမိလောက်ဘူး အထင်နဲ့ ပြောတာဖြစ်ရင်ဖြစ် မဟုတ်ရင် နားကြပ်တပ်ဖုန်းပြောသူများ ဖြစ်လေ့ရှိတဲ့အတိုင်း အသံကိုကျယ်ကျယ် ပြောမိနေပြီး
ဘေးကလူတွေကြားတာကို မေ့မေ့နေတတ်တာပါ အဲ့လို ဖြစ်ဖို့ကများပါတယ် စတာနောက်တာလည်း မဖြစ်နိုင်ပါ တစ်ယောက်ထဲထိုင်နေတာ ဖြစ်သလို စ နောက်စရာ ကိတ်စလည်းမဟုတ်ပါ.. ပုံစံက အိပ်ရေးပျက်ထားတဲ့ ပုံတော့ ပေါ်နေပါတယ် ဘောလုံးပွဲကြည့်လို့လား ရှေ့နှစ်ရက်က မန်းလေးမှာ သောင်းကျန်းတဲ့အုပ်စုနဲ့ အတူ မနက်မိုးလင်းထိ ရှိနေခဲ့လို့လားတော့ မသိပါ

ဒီကိတ်စမတိုင်ခင် မန်းလေးကို လူတွေကားတွေနဲ့ အုပ်စုလိုက်ရောက်ရောက်လာတယ်လို့
သတင်းတွေတွေ့ရဖူးလို့ ဒီလို လူ လိုက်စုတဲ့ လူတွေ ရှိနိုင်တယ်လို့ ယူဆပါတယ်
အခြေအနေမကောင်းရင် ငြိမ်နေမယ် လွတ်တာနဲ့ လုပ်မယ်ဆိုတဲ့လူမျိုးတွေဖြစ်နိုင်ပါတယ်

ဒီဓာတ်ပုံထဲမှာ ပါတဲ့လူနဲ့ပတ်သတ်ပြီး ကျွန်တော့်မှာ သူပြောတဲ့ အသံဖိုင်မရှိပေမယ့်
သူ့ပါးစပ်က အမှန်တကယ် ပြောခဲ့တယ်ဆိုတာကိုတော့ အာမခံနိုင်ပါတယ် ဓာတ်ပုံထဲမှာပါတဲ့ လူနဲ့ပတ်သတ်ပြီး တစ်ခုခုသိထားတာရှိရင်ပြောပါ ဘာမှမလုပ်နိုင်ပေမယ့် မှတ်တမ်းတင်ထားပြီး လိုအပ်ရင် ရဲစခန်းနောက်တစ်ခေါက်သွားပါအုံးမယ်

အွန်လိုင်းပေါ်တင်ရတဲ့ရည်ရွယ်ချက်ကတော့ ၂ခုရှိပါတယ် ဒီလို လူတွေလိုက်စုနေတဲ့လူတွေ ရှိနေတယ်ဆိုတာရယ် နောက်ဆုံး ဒီလို ဓာတ်ပုံရိုက်ပီး တင်ထားတဲ့ သူတို့ ပုံတွေ အွန်လိုင်းပေါ် ရောက်ပြီး လူသိရှင်ကြားဖြစ်တာကို သူတို့ ပြန်သိရင် လုပ်လက်စ ကိတ်စတွေကိုဆက် လုပ်ဖို့ ဟန့်သွားမယ် ထင်လို့ပါ.... မောင်ညီသစ် ဘ၀မှာ ဒီနေ့ကတော့ ပထမဆုံး ရဲသတင်းပေး လုပ်တဲ့ နေ့ပါပဲ.....

ညီသစ်(ပြင်ဦးလွင်)

0 အကြံပြုခြင်း: