Thursday, July 17, 2014

ရန်ကုန်မြို့တော်ဝန်ဟောင်း အောင်သိန်းလင်း၏ အတွင်းရေးများ .. အကြောင်း တစေ့တစောင်း ..


Nga Thant
ပြည်သူများ သိသင့်သိထိုက်သော အောင်သိန်းလင်း
ဆိုသူ၏ အတွင်းရေးများမှာ …

အောင်သိန်းလင်းဟာ ယခင် စစ်တပ်အတွင်း တာဝန်ထမ်းဆောင်
စဉ်က ကလေးငယ်တစ်ဦးကို မွေးစားခဲ့ပါတယ်။ ဒု-တပ်ရင်းမှူးဘဝ
ရှေ့တန်းတိုက်ပွဲတစ်ခုအတွင်း အပြစ်မဲ့စွာ သေဆုံးနေကြသော
လူသေအလောင်းများအကြား အသက်ရှင် ကျန်ရစ်ခဲ့သော ပအို့ဝ်
တိုင်းရင်းသွေးပါသည့် မိန်းကလေးငယ်တစ်ဦးကို ကောက်ယူမွေးစား
ခဲ့ပါတယ်။ လူပုံအလယ်တွင် အဲလို လုပ်ပြခဲ့တဲ့အတွက် စစ်ဖက်
ဆိုင်ရာ အထက်အရာရှိများနှင့် တပ်တွင်း ရဲဘော်များအကြား
စိတ်ကောင်းရှိသူဟု ထင်သွားစေရန် တမင်သက်သက် အကွက်
ဆင် ဖန်တီးခဲ့ပါတယ်။ အဲဒီနောက်ပိုင်း သူ့ဘ၀ကို ပြောင်းလဲစေ
ခဲ့တဲ့ အဖြစ်အပျက်တစ်ခု ဖြစ်ပွားခဲ့ပါတယ် ….။

ရှမ်းပြည်နယ် လွတ်မြောက်ရေး အမည်ခံ ခေါင်းဆောင်ဟောင်း
ဘိန်းဘုရင် ခွန်ဆာနဲ့ ပက်သက်ပြီး အောင်သိန်းလင်းဟာ ပြဿနာ
တစ်ခု ကြီးကြီးကျယ်ကျယ် ဖြစ်ပွားခဲ့ဖူးပါတယ်။ ခွန်ဆာ လက်နက်ချ
ခါစက အောင်သိန်းလင်းဟာ တပ်မဌာနချုပ်တစ်ခုမှာ တာဝန်ရှိတဲ့
အရာရှိတစ်ဦးပါ။ တနေ့တော့ နယ်မြေ ရှင်းလင်းရေးတပ်ဖွဲ့က
မူးယစ်ဆေးဝါး အမြောက်အများကို သယ်ဆောင်လာတဲ့ ခွန်ဆာ့တပည့်
တစ်ဦးကို ဖမ်းဆီးမိပါတယ်။ အထက်အရာရှိများထံ မျက်နှာလိုမျက်နှာရ
လုပ်ချင်တဲ့ အောင်သိန်းလင်းဟာ အဖမ်းခံရသူကို အကြီးအကျယ်
အပြစ်ပေးအရေးယူဖို့ ပြင်ဆင်ခဲ့ပါတယ်။ အဲလိုအရေးယူဖို့ ဆောင်ရွက်
နေတဲ့ သတင်းကို ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ကြားသိသွားပြီး “ရယူထား
သောငြိမ်းချမ်းရေး ပျက်ပြားအောင်” ပြုလုပ်မှုနဲ့ တပ်တွင်း အထူးစစ်အဖွဲ့
မှတဆင့် အောင်သိန်းလင်းအပေါ် ပြင်းပြင်းထန်ထန် အပြစ်ပေး အရေး
ယူဖို့ ပြင်ဆင်ခဲ့ပါတယ်။ ခေါင်းမီးတောက်ပြီး ကြံရာမရ ဖြစ်နေတဲ့
အောင်သိန်းလင်းဟာ သူ့မွေးစားသမီး ဖြစ်သူကို ခုတုံးလုပ်ပြီး
ထွက်ပေါက်တစ်ခုကို ရှာဖွေနိုင်ခဲ့ပါတယ်။ အဲဒါကတော့ န.အ.ဖ
စစ်ခေါင်းဆောင်များ အလိုကျ “လူမှုထူးချွန်၊ စီးပွားထူးချွန်၊ စီမံထူးချွန်
ဆု …” ဆိုတဲ့ ဆုတံဆိပ်တွေ ဘွဲ့တွေကို ရယူလိုသော အကျင့်ပျက်
အကြံအဖန် စီးပွားရေးသမားများကို ကြားဝင် ပွဲစားလုပ်ပေးနေသော
“ကိုကိုအေး” ဆိုသူပဲ ဖြစ်ပါတယ်။

“ကိုကိုအေး” ဆိုသူဟာ ယနေ့အချိန်အထိ ရန်ကုန် တောင်ဥက္ကလာပ
ဂေါက်ကွင်းရဲ့ ရှယ်ယာ အများစုကို ပိုင်ဆိုင်နေသူ တစ်ဦးပါ။ ကိုကိုအေး
မှာ “ကိုကိုသန့်” ဆိုတဲ့ ညီတစ်ဦး ရှိပါတယ်။ ကိုကိုသန့်ဟာ အောင်သိန်း
လင်း မွေးစားသမီးနဲ့ အဲဒီအချိန်က သမီးရည်စား ဖြစ်နေကြပါတယ်။
“ကိုကိုအေး”ဟာ ဒုတိယ ဗိုလ်ချုပ်မှူးကြီး မောင်အေးရဲ့ အရပ်ဖက်ဆိုင်
ရာ အတွင်းရေး လူယုံတစ်ဦးဖြစ်ပြီး မောင်အေး နေအိမ်ကို တံခါးမရှိ
ဓါးမရှိ ၀င်ထွက်သွားလာခွင့် ရထားသူ တစ်ဦးပါ။ ဒါကြောင့် သန်းရွှေ
ရဲ့ အမျက်တော်ရှခြင်း ခံနေရတဲ့ အောင်သိန်းလင်းဟာ သူ့မွေးစား
သမီးကို မောင်အေးလူယုံ ကိုကိုအေး၏ ညီဖြစ်သူနဲ့ ပေးစားပြီး
ဒုတိယ ဗိုလ်ချုပ်မှူးကြီးမောင်အေးရဲ့ ကြားဝင် ညှိုနှိုင်းဖြန်ဖြေပေးမှု
ဖြင့် တပ်မ စစ်ဌာနချုပ်ကနေ အရပ်ဖက်ကို ပြောင်းရွေ့ခဲ့ပါတယ်။

မြို့တော်ဝန်ဟောင်း ကိုလေး ပြုတ်ကျခဲ့နောက်ပိုင်း အောင်သိန်းလင်း
ဟာ န.အ.ဖ စစ်ခေါင်းဆောင်များအတွက် ပြည်ပနိုင်ငံများရှိ လျှို့ဝှက်
ရင်းနှီးမြုပ်နှံမှုများ၊ နာမည်အဌားသုံး ငွေစာရင်းများအတွက် စစ်အစိုးရ
အလိုတော်ရိ စီးပွားရေးသမားများကို ဦးဆောင်ပြီး နိုင်ငံတော်ပိုင်
ငွေကြေး အမြောက်အများကို ပြည်ပသို့ လွှဲပြောင်းရာတွင် ဦးဆောင်
ဦးရွက် ပြုခဲ့ပါတယ်။ “ကိုကိုအေး” ညီ “ကိုကိုသန့်” နဲ့ လက်ထပ်
စေခဲ့တဲ့ မွေးစားသမီးဖြစ်သူကိုလည်း အဲဒီ ရင်းနှီးမြုပ်နှံမှုများတွင်
ဦးဆောင်ဖို့အတွက် ယခုအခါ ဂျပန်နိုင်ငံမှာ နေထိုင်စေပါတယ်။အောင်သိန်းလင်းရဲ့ သမီးအမည်ခံ တူမ စုမျိုးသွယ်ဟာ ဂျပန်နိုင်ငံ တိုကျိုမြို့ ရှိနဂါဝမြို့နယ်ရှိ Tokyo Kaiyo တက္ကသိုလ်မှာ တက်ရောက် ပညာသင်ကြားနေကြောင်း သိရှိရပါတယ်။ (ဂျပန်နိုင်ငံ ပညာတော်သင်နေတဲ့ စုမျိုးသွယ်ဟာ အရှိန်အ၀ါပိုကောင်းအောင်ဆိုပြီး တူမဆိုတာထက် အောင်သိန်းလင်း သမီးလို့ ပြောနေတာ ဖြစ်ပါတယ် အောင်သိန်းလင်းဟာ ပြည်သူတွေထဲကကနေ စေလွှတ်သင့်တဲ့ ပညာတတ်တွေကို ချန်လှပ်ထားပြီး တူမ ဖြစ်သူ စုမျိုးသွယ်ကို မွေးမြုရေးနဲ့  ရေလုပ်ငန်းဝန်ကြီးဌာန ၀န်ကြီး ဗိုလ်ချူပ်မောင်မောင်သိန်းလက်မှတ်နဲ့  ဂျပန်နိုင်ငံကို ပညာတော်သင်အဖြစ် ကိုယ်ကျိုးအခွင့်အရေးယူကာ စေလွှတ်ခဲ့ပါတယ်။

ဒီလိုမျိုး နအဖဗိုလ်ချူပ်အသိုင်းအ၀ိုင်းဟာ နိုင်ငံတကာက ပေးလာတဲ့ ပညာရေးအခွင့်အရေးတွေကို သူတို့ ရဲ့  သားသမီးတွေ တူ တူမတွေကိုသာ စေလွှတ်ပညာသင်ကြားခိုင်းစေတာဟာ နိုင်ငံတကာအစိုးရနဲ့ အသိုင်းအ၀ိုင်းကို ပုံမှားရိုက် လိမ်လည်လှည့်ဖြားရုံသာမက မြန်မာပြည်သူရင်သွေးတွေထဲက အမှန်တကယ် ထူးချွန်တတ်ကျွမ်းသူတွေ ရသင့်ရထိုက်တဲ့ ပညာရေးဆိုင်ရာ အခွင့်အရေးတွေကို ခိုးယူအသုံးချလိုက်တာဘဲ ဖြစ်ပါတယ်။

နိုင်ငံတကာမှာ ရောက်ရှိနေကြတဲ့ မြန်မာမျိုးချစ်များဟာ ဒီနအဖဗိုလ်ချူပ်ကြီးများ အသိုင်းအ၀ိုင်းရဲ့  သားသမီးတွေ နိုင်ငံတကာမှာ အမည်တွေ လိမ်ပြ ပြည်သူ့ ဝန်ထမ်း အရပ်သား ဟန်ဆောင်ပြကာ ပညာလာသင်နေကြတာတွေ စီးပွားရေးလာလုပ်နေကြတာတွေကို အမှန်အတိုင်းဖေါ်ထုတ်ပြီး သက်ဆိုင်ရာ နိုင်ငံတကာအစိုးရ သိအောင် သက်သေအထောက်အထားများနဲ့  တိုင်ကြားသင့်ပါတယ်။ သို့ မှသာလျှင် သာမန်ပြည်သူတွေထဲက ပြည်သူ့ ရင်သွေး ပညာထူးချွန်သူများ ရသင်ရထိုက်တဲ့ အခွင့်အရေးတွေကို နအဖဗိုလ်ချူပ်ကြီးများရဲ့  သားသမီးတွေ လိမ်လည်အခွင့်အရေး ယူမရမှာ ဖြစ်ပါတယ်။

အောင်သိန်းလင်းဟာ ရန်ကုန်မြို့ နေ ပြည်သူပြည်သားတွေကို ဂုတ်သွေးစုတ်နေကာ ရန်ကုန်မြို့ ရဲ့  လုပ်ငန်းကြီးတွေ ပြည်သူပိုင်ပစ္စည်းတွေကို လက်ဝါးကြီးအုပ် အမြတ်ထုတ်ကာ မတရားသော နည်းများနဲ့  ချမ်းသာကြွယ်ဝနေသူပါ။ ဒီလို မတရားချမ်းသာကြွယ်ဝနေတဲ့ နအဖဗိုလ်ချူပ်ကြီးများကဲ့သို့  အောင်သိန်းလင်းဟာလည်း သူရဲ့  မိသားစု ကြီးပွားချမ်းသာရေးကိုသာ အဓိကထားသူဖြစ်ပါတယ်။

တကယ်တော့ အငြိမ်းစားဗိုလ်မှူးချုပ်ဘ၀မှ လာခဲ့သည့် လူယုတ်မာ
အောင်သိန်းလင်းတစ်ယောက် အခုလို ကလိန်ကကျစ် မဟုတ်မဟပ်
နည်းများကို သုံးခဲ့သည်မှာ သူ့အဖို့ မထူးဆန်းတော့ပါ …။
……. …… ….

မကြာသေးမီ ကာလများအတွင်း တောင်ဥက္ကလာပမြို့နယ် (၇)
ရပ်ကွက် သီရိဇေယျာလမ်းပေါ်ရှိ မူစလင် ဗလီဝတ်ကျောင်း တည်
ဆောက်မှု ပြဿနာမှာ လူသိများ ထင်ရှားသော ကိစ္စတစ်ခု ဖြစ်ပါတယ်။
အဆိုပါ ဗလီဝတ်ကျောင်း တည်ဆောက်မှုကို ၂၀၀၃ ခုနှစ် ကတည်းက
ရပ်ဆိုင်းထားခဲ့ရာ ယခု ရွေးကောက်ပွဲအတွက် ၂၀၁၀ ခုနှစ် စက်တင်ဘာ
လ (၂၄)ရက်နေ့တွင် တောင်ဥက္ကလာပမြို့နယ်အတွင်း နေထိုင်သော
မူစလင် ဘာသာဝင်များထံမှ မဲရရှိဖို့အရေး အောင်သိန်းလင်းဟာ
ဘာသာရေးအခြေခံ ပြည်သူလူထု အချင်းချင်းကြား စိတ်ဝမ်းကွဲမှု
ဖြစ်အောင် စလုပ်ပါတယ်။ နောက်ပိုင်းတွင် တောင်ဥက္ကလာပမြို့နယ်
အတွင်း နေထိုင်သော ဗုဒ္ဓဘာသာဝင် ပြည်သူလူထု၏ ပြင်းပြင်းထန်ထန်
ကန့်ကွက်မှုများကြောင့် ဗလီဝတ်ကျောင်းကိစ္စကို လျော့ချလိုက်ပါတယ်။ အောင်သိန်းလင်းရဲ့  မြေး ဆက်နိုင်လင်း (ခ) ဖိုးတီလုံးတစ်ယောက် နေပြည်တော်ကနေ မိသားစုအလိုက် အပြန် ကားမှောက်လို့  သေဆုံးခဲ့ရတုန်းကဆိုရင် ကလေးအတွက် စိတ်မကောင်းခဲ့ပါဖူး။တကယ်ဆို အောင်သိန်းလင်း သိဖို့ က ကြံ့ ဖွတ်ပါတီကနေ အမတ်ဖြစ်ဖို့ အရေး မဲဆွယ်တုန်းက ပြည်သူတွေနေတဲ့ ရပ်ကွက်ထဲက လမ်းကို လမ်းတစ်ခြမ်းဘဲ ဖို့ ပေးခဲ့တဲ့ အကုသိုလ်အကျိုးနဲ့  စိတ်ထားကောင်းမွန်စွာ မထားမှုရယ်၊ တိုင်းပြည်နဲ့  လူမျိုးအပေါ်မှာ စစ်မှန်စွာ စေတနာ မထားတတ်သူတွေ (အောင်သိန်းလင်းအပါအ၀င်) ရဲ့  မှားယွင်းသော လုပ်ရပ်တွေကြောင့် ကိုယ့်ရဲ့  မြေးအရင်း အသက်ဆုံးရှုံးခဲ့ရတာတောင် သံဝေဂမရ အမှန်မမြင်သေးတဲ့ အောင်သိန်းလင်းဟာ အတော့်ကို တရားမဲ့ပြီး နေနေသေးတယ်ဆိုတာပါဘဲ။
ယခုလည်း အောင်သိန်းလင်းဟာ အသက်သာကြီးလာတယ်၊ တရားမရ အမှန်မမြင်သေးဘဲ မငြိမ်သေးဘဲ ထကြွသောင်းကျန်းနေဆဲ အောင်သိန်းလင်း ဖြစ်နေပါတယ်။တရုတ်နိုင်ငံမှာ အပတ်စဉ် ထုတ်ဝေတဲ့ 南方周末 - Southern Weekly (Southern Weekend) စာစောင်နဲ့ အောင်သိန်းလင်း အင်တာဗျူးကို ဖတ်ကြည့်ရတော့ ပိုတောင် ဆိုးနေပါတယ်။အောင်သိန်းလင်းဟာ ပြည်သူကိုလည်း အခုမှ မဟုတ် အမြဲလိုလို ဆန့် ကျင်စော်ကားတယ်။ အခုဆိုရင် တစ်ဖွဲ့ ထဲ ဖြစ်တဲ့ သူ့ ရဲ့  သမ္မတဖြစ်သူ သိန်းစိန်ကိုလည်း ပေါ်ပေါ်တင်တင် အာခံပြောတဲ့သူ ဖြစ်နေပါပြီ။

သမ္မတဖြစ်သူ သိန်းစိန်ကလည်း ပြောထားတယ်၊ ခေတ္တရပ်ဆိုင်းထားမယ်၊ မြန်မာပြည်သူလူထုတစ်ရပ်လုံးကလည်း လက်မခံတဲ့ ဧရာဝတီမြစ်ဆုံရေကာတာစီမံကိန်းကို အောင်သိန်းလင်းက ပြောလိုက်တာက "မဖြစ်မနေ ပြန်လည်စတင်တည်ဆောက်သွားရမယ်၊ ဒါဟာ သိန်းစိန်ရဲ့ ကိုယ်ပိုင်အတွေးအခေါ်ပါ၊ လွှတ်တော်ရဲ့ ဆုံးဖြတ်ချက်မဟုတ်ပါဘူး။ ကျွန်တော်တို့ ဒါကို ဆန့်ကျင်ပါတယ်။ ဒါဟာ ကျွန်တော်တို့ရဲ့ အမျိုးသားရေး မူဝါဒမဟုတ်ပါဘူး။ သိန်းစိန်ဟာ တရုတ်-မြန်မာ ဆက်ဆံရေးကို ပျက်ပြားအောင်လုပ်ခဲ့ပါတယ်" လို့  ပြောလိုက်ပြန်ပါပြီ။

ထို့ အတူဘဲ အောင်သိန်းလင်းရဲ့  စော်ကားချက်ကတော့ “ပြည်သူတွေ ရူးနေတာ” လို့  ပြောဆိုမှုပါဘဲ။

ပြောချင်တာကတော့ - အောင်သိန်းလင်း သိစေဖို့ က ပြည်သူတွ မရူးပါဖူး၊ ရူးနေတာ ခင်ဗျားပါဘဲလို့ 

0 အကြံပြုခြင်း: