Monday, July 7, 2014

ကျောက်မျက်ရတနာပြပွဲ(ဒေါ်လာ ၃ ဘီလျံကျော်) ရောင်းချခဲ့ရ



Eleven Media Group
(၅၁) ကြိမ်မြောက်မြန်မာ့ ကျောက်မျက်ရတနာပြပွဲတွင် ပုလဲ၊ ကျောက်မျက်၊ ကျောက်စိမ်းတွဲများ ယူရိုငွေသန်းပေါင်း ၂၆၀၀ ကျော်ဖိုး (ဒေါ်လာ ၃ ဘီလျံကျော်) ရောင်းချခဲ့ရ

(၅၁) ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲတွင် ပုလဲ၊ ကျောက်မျက်နှင့် ကျောက်စိမ်းတွဲများကို ယူရိုငွေ သန်း ၂၆၀၀ ကျော်ဖိုး ရောင်းချခဲ့ရကြောင်း မြန်မာ့ကျောက်မျက်ရတနာပြပွဲ ဗဟိုကော်မတီ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါပြပွဲကို ဇွန် ၂၄ ရက်မှ ဇူလိုင် ၆ ရက်အထိ နေပြည်တော်မဏိရတနာ ကျောက်စိမ်းခန်းမနှင့် မြန်မာ့ကျောက်မျက်ရတနာပြတိုက် ရတနာဈေးအထပ်တို့တွင် တင်ပြရောင်းချခဲ့သော ကျောက်မျက်ရတနာများမှာ ကျောက်စိမ်းအရိုင်းတုံးများ၊ သွေးပြီးကျောက်စိမ်းအချောထည်များ၊ ကျောက်မျက်အရိုင်းများ၊ သွေးပြီးကျောက်မျက်အချောထည်များ၊ ပုလဲများ၊ ကျောက်စိမ်း၊ ကျောက်မျက်၊ ပုလဲတို့ဖြင့်ပြုလုပ်ထားသော လက်ဝတ်ရတနာများ၊ ကျောက်စိမ်းနှင့်ဆင်တူသော ကျောက်များ၊ အင်ကြင်းကျောက်အရိုင်းနှင့် အချောထည်များ၊ ရုပ်တုရုပ်ထွင်းများ၊ ပုံဆောင်ခဲများ၊ ကျောက်ပန်းချီကားများ၊ ရွှေထည်ငွေထည်ပစ္စည်းများ ရောင်းချခဲ့ကြောင်း သိရသည်။

ကျောက်စိမ်းအတွဲပေါင်း ၇၄၅၄ တွဲ၊ ကျောက်မျက်အတွဲပေါင်း ၄၃၆ တွဲနှင့် ပုလဲအတွဲပေါင်း ၃၄၂ တွဲကို တင်ဒါစနစ်နှင့် ဈေးပြိုင်စနစ်တို့ဖြင့် တင်ပြရောင်းချခဲ့ရာ ပုလဲအတွဲပေါင်း ၂၂၄ တွဲရောင်းချခဲ့ရပြီး ယူရိုငွေပေါင်း ၄၂၃၄၀၂၃၊ ကျောက်မျက်အတွဲပေါင်း ၁၂၆ တွဲ ရောင်းချခဲ့ရပြီး ယူရိုငွေ ၇၀၉၀၀၀၁ နှင့် ကျောက်စိမ်းအိတ်ပိတ်စနစ်ဖြင့် ဇွန် ၂၈ ရက်မှ ဇူလိုင် ၃ ရက်အထိ ကျောက်စိမ်းအတွဲပေါင်း ၅၈၂၀ တွဲရောင်းချခဲ့ရာ ယူရိုငွေပေါင်း ၁၈၅၄၈၈၄၄၈၇ ရရှိခဲ့ပြီး ဇူလိုင် ၄ ရက်မှ ၆ ရက်အထိ ကျောက်စိမ်းအတွဲပေါင်း ၁၈၇ တွဲကို ဈေးပြိုင်စနစ်ဖြင့် ရောင်းချခဲ့ရာ ယူရိုငွေပေါင်း ၇၇၈၀၇၄၈၈၇ ရရှိခဲ့ပြီး စုစုပေါင်းယူရိုငွေ ၂၆၄၄၂၈၃၃၉၈ ဖိုး ရောင်းချခဲ့ကြောင်း သိရသည်။

0 အကြံပြုခြင်း: