Sunday, July 13, 2014

ကော်ရှူတဲ့ကလေးတွေ



မနေ့ ဇူလိုင်-၁၀ ရက်မနက်-၁၁ နာရီ ကျော်က မန္တလေးကန်တော်ကြီး ပန်းခြံဘက် ရောက်ခဲ့တယ်။ ပန်းခြံထည်းမှာ ကလေးငယ်အချို့ လာကစားရင်း သူတို့ လက်ထည်းမှာ ကော်ရှူနေတာတွေ့ လို့ လှမ်းဓါတ်ပုံရိုက်တော့ သူတို့ ဖွက်ထားကြတယ်။

ကလေးတွေနဲ့ စကားပြောကြည့်ဘို့  ကျွန်တော် ကျိုးစားခဲ့ရတယ် နောက်တော့သူတို့ ကျွန်တော်ကို လက်ခံစကားပြောပါတယ်။ သူတို့ ကို ကျွန်တော် မေးခွန်း တစ်ချို့ မေးခဲ့ပါတယ်။ ဘယ်ကနေ ကော်ရှူဖြစ်တာလည်း သားတို့ မိဘတွေမသိဘူးလား

ကျောင်းနေလား ခုပန်းခြံမှာ လာဆော့ကြတာလား ခုလိုကော်ရှူရင် နေးမကောင်းဖြစ်မှာ မသိဘူးလား ကော်ရှူတာကို ရဲမြင်ရင်ဖမ်းမှာကော မကြောက်ဘူးလားလို့ မေးခဲ့ပါတယ်။
ကလေးတွေ ကျွန်တော်ကို့ ပြန်ဖြေတာက သူတို့ မှာ မိဘမရှိလို ကြုံသလိုနေထိုင်အမှိုက် ကောက်ပြီး နေနေရတာပါ။

သူငယ်ခြင်းကပေးလို့ ကော်ရှူတက်ပီး ဖြက်လို့ မရ၍စွဲနေတာပါ။ ရှူနေရင် ထမင်းမစာ၍ ထမင်းဘို့ သက်သာပါတယ် ရဲတွေ့ မှာတော့ကျောက်ပါတယ်၊ စာလည်းသင်ခြင်ပါတယ် ကော်လည်းဖြက်ခြင်ပါတယ်တဲ့ သူတို့ ပြောရှာပါတယ်။

မန်းမှာက ကလေးတွေကို စာသင်ပေးမဲ့သူတော့ရှိနေကြပြီ ခုလို လမ်းဘေးမှာ ကော်ရှူနေတဲ့အချေနေကို ထမ်းသိမ်းကူညီတဲ့အဖွဲ့ စည်းတော့ မရှိသေးဘူးလို့ ကလေးတွေကို စာလိုက်သင်ပေးနေတဲ့ က်ုမြင့်အောင်မိုးစီ လှမ်းဖုန်းဆက်မေးလို့ တော့သိရပါတယ်။

ခုလိုသာ ဒီကလေးတွေကို ပြစ်ထားရင် သူတို့ လေးတွေအရင်ဆုံး ကြမ္မာရေးချူခြာလာမယ်ပေါ့ နောက်အတွက်က ပညာမတက်တော့ လမ်းဘေးနေနေရတဲ့ဘဝမှာ သူတို့ ဘဝက လူဆိုးလူမိုက်ပဲဖြစ်လာဘို့ 
ပဲများနေတာ။

နိုင်ငံအတွက် အန္တရယ်တောင်ရှိသေး ကယ်သူမရှိ အနာဂါတ်မဲ့နေတဲ့ကလေးတွေ ကျွန်တော်တို့ နိုင်ငံမှာ ဘယ်လောက်တောင်များနေပြီလဲ ဘယ်သူကယ်တင်မှာလည်းလို့ ကျွန်တော်အတွေးနယ်ချဲနေမိပါတယ်။

ကလေးတွေက ခုမန်းက ဦးပွါးဘုရားနားက ဆိုင်ကယ်ပြင်ဆိုင်တစ်ခုမှာ နေတယ်လို့ လည်းပြောသွားပါတယ်။ တစ်ဦးက ၂တန်းထိနေဘူးတယ် နောက်တစ်ဦးက ၆တန်း နောက်တစ်ဦးက ကျောင်းမနေဘူးဘူးလို့ ဖြေပါတယ်။

Thein Aung Myint

0 အကြံပြုခြင်း: