Tuesday, July 29, 2014

ဆုမရပေမယ့် ဉာဏ်စမ်းအဖြေကြောင့် ပရိသတ်သတိပြုခံရတဲ့ ဆွီတီကို


Byဇွဲဉာဏ်
No.454 Tuesday, July 29, 2014

 မယ်စကြ၀ဠာ(မြန်မာ) ပြိုင်ပွဲဆန်ခါတင် ငါးဦး၏ ဉာဏ်စမ်းမေးခွန်းဖြေဆိုသည့် အစီအ စဉ်၌ ဒေါ်အောင်ဆန်းစုကြည်ကို လေးစားကြောင်း ဖြေဆိုခဲ့သဖြင့် ဆုတစ်ဆုမှ မရခဲ့သော်လည်း ခါး နံပါတ်−လေး ဆွီတီကိုကို ပရိသတ် အများစုသတိပြုမိခဲ့ကြသည်။

ဆွီတီကိုကို‘‘ဘ၀မှာ အထင် ကြီးလေးစားရတဲ့သူက ဘယ်သူ လဲ၊ ဘာကြောင့်လဲ’’ဟု မေးမြန်း ခဲ့ခြင်းဖြစ်ပြီး ၎င်းက ၎င်း၏ မိသား စုနှင့် ပတ်ဝန်းကျင်ကို ကောင်း ကျိုးပြုသူ၊ တိုင်းပြည်ကို ကောင်း ကျိုးပြုသူ အကုန်လုံးကို လေး စား ကြောင်းဖြေဆိုခဲ့သည်။

သို့သော်အစီအစဉ်တင် ဆက်သူ ဆန်းထွဋ်က ၎င်း၏ အဖြေမှာ မှန်သော်လည်း ဘ၀တွင် အ ထင်ကြီးလေးစားရသည့်သူတစ် ဦးကိုသာ ဖြေဆိုရန် ပြောဆိုခဲ့ သောကြောင့် ဆွီတီကိုက ၎င်း၏ ဘ၀တွင် အထင်ကြီးလေးစားရ မည့်သူတစ်ဦးမှာ ‘‘အမေစု’’(ဒေါ် အောင်ဆန်းစုကြည်)ဖြစ်ကြောင်း ဖြေဆိုခဲ့သည်။

ထိုသို့ဖြေဆိုလိုက်သဖြင့် ပရိ သတ်များက လက်ခုပ်များတီး ကာ အားပေးခဲ့ကြပြီး ဆွီတီကိုက လည်း ၎င်းအနေဖြင့် သာမက အားလုံးက အမေစုကိုချစ်ကြ သည်ဟု ထပ်မံပြောဆိုခဲ့သော ကြောင့် လက်ခုပ်သံများ ပိုမိုဆူ ညံခဲ့သည်။

‘‘စင်ပေါ်မှာ အမေစုလို့ ဖြေ ခဲ့တာပါ။ ဒီအဖြေကြောင့် သမီး ဆုနဲ့လွဲခဲ့တယ်လို့ တချို့ကဝေဖန် ကြပါတယ်။ အမှန်တော့ ဒီအဖြေ ကြောင့်လည်း ဆုနဲ့လွဲခဲ့ရတယ်လို့ မထင်ပါဘူး။ ဒီလိုဖြေခဲ့လို့ ဆိုရင် လည်း နောင်တမရပါဘူး’’ ဟု ၎င်းကပြောသည်။

ဆွီတီကိုသည် အဆိုပါပြိုင် ပွဲတွင် ဆန်ခါတင်ငါးဦးအထိ ပါဝင်ခဲ့ပြီး ဆုတစ်ဆုမှ မရရှိခဲ့ သော်လည်း ၎င်း၏ အဖြေကြောင့် ပရိသတ်များ  သတိပြုမိခဲ့ပြီး အချို့က ယင်းကဲ့သို့ ဖြေဆိုပါက ဆုလွဲချော်နိုင်သော်လည်း ဖြေဆို ခဲ့သောကြောင့် ၎င်းကိုချီးကျူး ကြောင်း ဖေ့စ်ဘွတ်ခ်စာမျက်နှာ များတွင် ရေးသားဝေမျှလျက်ရှိ ကြသည်။
http://www.7daydaily.com/story/17062#.U9d5NLGCUTA

0 အကြံပြုခြင်း: