Sunday, July 27, 2014

ဒီနေ့ဒိုင်ယာရီမှာရေးလိုက်တာ



မျိုးစောင့်တုံးကပြည်သူတွေလက်မှတ်ထိုးလို့
သမ္မတကလွှတ်တော်ကိုချက်ချင်းတင်တယ်။
၄၃၆လည်းပြည်သူတွေထိုးထားတာပဲ။
လူလဲမထပ်ဖူး၊လက်ရေးလဲမတူဖူး၊
သေတဲ့သူလဲမပါဖူး၊မှင်အရောင်လဲမတူဖူး
သမ္မတကြီးဘာလုပ်မလဲ။
ကျောသားရင်သားမခွဲကြေး၊
အကြည်ညိုပျက်စရာဖြစ်မဖြစ်၊
ပြည်သူဆန္ဒ သူ့ဆန္ဒဟုတ်မဟုတ်၊
တွေ့ကြပြီပေါ့ကွယ်.....။
***********************

အခုတောင်ကိုယ့်နယ်မြေအတွက်လုပ်ပေးမယ်
ဆိုလို့(အသက်တောင်ပေးမယ်ဆိုသူလဲပါ)
မဲပေးလိုက်တဲ့သူတွေအထဲသွားအိပ်ငိုက်နေတာ
ပီအာစနစ်နဲ့အထက်ကခန့်လိုက်တာတွေကိုယ့်
နယ်ကိုကွင်းဆင်းရင်းထညက်မျိုးထားဖို့ပြောရင်
ဒွတ်ခ....
**************************

အန်နယ်လ်ဒီမှာဒေါ်စုကလွဲရင်ကျန်တာအစိုးရဖွဲ့
လောက်တဲ့သူမရှိဖူးမပြည့်ဖူးပြောပြီးဝါဒမှိုင်းတိုက်
နေသူတွေရှိတော့ကာရခဲ့ရင်သူတို့ထက်သာမသာ
လက်ရှိပီအာကိုမဖြစ်သင့်ကြောင်းအချက်ကျကျလွှတ်
တော်ထဲတင်ပြနေသူတွေပဲအရင်ကြည့်လိုက်ပါ။
တကယ်တော့ကြားဖြတ်မှာNLD Landslide ရသွား
တာသွေးပျက်ပြီးကြံမိကြံရာကြံနေတာပါ၊
တမတ်သားကပဲသူတို့ကိုအရှက်ပြေကယ်မယ့်
သဘောရှိတယ်။
ဆွေးနွေးတာအတည်ပြုပြီးပြီဆိုတော့ပဲကြီးဟင်း
စားပြီးရင်ဘာဖြစ်မလဲကြည့်ရသေးတာပေါ့...
******************************

သူတို့လူမျိုးအမည်ကို သူတို့ဖာသာ လွတ်လပ်စွာ
ခေါ်ဝေါ်သတ်မှတ်ခွင့်ရှိတာလက်ခံပါတယ်
Ms Yanghee Lee ရယ်..
ဒါပေမယ့်အဲ့ဒီနာမည်ရဲ့အနက်ရင်းကိုသိမှလက်ခံ
သင့်မသင့်ဆက်စဉ်းစားရမှာပေါ့...
*********************************
ခါးနံပါတ် ၄ က ဘဝတသက်တာ မှာ
အလေးစားရဆုံးပုဂ္ဂိုလ်က အမေစုပါလို့ပြော
သွားတယ်
*************************

0 အကြံပြုခြင်း: