Thursday, July 3, 2014

အသံမပါဘဲ မျက်ဝန်းက တဆင့် ခံစားလိုက်ရတဲ့ ရင်ဖွင့်သံတစ်ခု



ပြည်ထောင်စုဝန်ကြီးဟောင်း ဦးဆန်းဆင့်ကို နေပြည်တော် ပုဗ္ပသီရိမြို့နယ်တရားရုံးတွင် ယနေ့ နံနက် ၁၀း၄၀ အချိန်တွင် ဒုတိယအကြိမ် ရုံးထုတ်စစ်ဆေးခဲ့ပါတယ်။ ပြည်ထောင်စုဝန်ကြီးက မတရားခံရတယ်လို့ မီဒီယာတွေကို အားတက်သရော ပြောဆိုခဲ့ပြီး သူ့မျက်ဝန်းတွေကလည်း ပုံမှာပါတဲ့ အတိုင်းပါပဲ။

ဝန်ကြီးတစ်ယောက် ဒီလောက်တောင်ဖြစ်သွားတာ စိတ်မကောင်းမိတာအမှန်ပါဘဲ။ ကားထဲရောက်နေတာတောင်မှ ကားအပြင်မှာရှိနေတဲ့ မီဒီယာတွေကို သူ့ခံစားချက်တွေပြောနေပါသေးတယ်။ မကြားရပေမယ့် အားပေးတဲ့သဘောမျိုးသက်ရောက်အောင်လို့ မီဒီယာတွေကလည်း နားထောင်နေခဲ့ကြပါတယ်။

ဦးဆန်းဆင့်ကို ၀ိုင်းပြီး ချုပ်ထားကြတယ်။ "အဘ.... ကားပေါ်တက်ပါ"လို့ပြောကြတယ်။ စကားသံကသာ အဘ၊ အဘနဲ့ သူတို့က အတင်းတွန်းတင်ကြတယ်။ သတင်းထောက်တစ်ယောက်ရဲ့ ဓါတ်ပုံမှာဆိုရင် ဦးဆန်းဆင့်က လမ်းမလျောက်ဘဲ ပြန်ဖြေနေလို့ ဘေးက နှစ်ယောက်က မချီပြီး ခေါ်တဲ့အထိဖြစ်ခဲတယ်။

သတင်းရသွားမှာ သိပ်ကြောက်နေသလား။

မီဒီယာကို အင်တာဗျူးပေးလိုက်လို့ ဘာဖြစ်သွားမှာလဲမသိဘူး။ မီဒီယာက လိုက်မေးတော့လည်း အသံဖမ်းစက်ထဲ ဦးဆန်းဆင့် စကားတွေမ၀င်အောင် ဘေးကအော်နေကြတယ်။ ပြီးတော့ အသံဖမ်းနေတဲ့ လက်ကို ဖယ်တဲ့လူကဖယ်။

အသံမ၀င်အောင် စက်ကိုပိတ်သွားအောင် လုပ်တဲ့လူကလုပ်နဲ့ ပြည်ပသတင်းဌာနက သတင်းထောက်အကိုကြီးတစ်ယောက်ဆိုရင် မြောင်းထဲတောင်ပြုတ်ကျသွားတယ်။ သူလည်းမခေဘူးဗျ။ ချက်ခြင်းပြန်ထပြီး သူ့အလုပ်သူဆက်လုပ်တော့တာပဲ။ သတင်းယူတာကို အနှောက်အယှက်ဖြစ်အောင်လုပ်နေတဲ့ သူတို့လုပ်ရပ်တွေအားလုံးကို ဗီဒီယို မှတ်တမ်းတွေရှိနေတယ်။ မကြာခင်လိုင်းပေါ်တက်လာပါလိမ့်မယ်ဗျာ။

"ဆရာတော်သံဃာတော်တွေနဲ့ လူထုပရိသတ် ကြီးက မှန်ကန်တဲ့ဖက်ကရပ်တည်ပေးကြပါ။ ကျွန်တော် သာသနာ့အကျိုးကိုဆောင်ရွက်ပါတယ်။ ဒါကြောင့် သာသနာ့အကျိုးဆောင်ရွက်တဲ့သူသည် သာသနာကစောင့်ရှောက်ပါလိမ့် မယ်။
သံဃာ့မဟာနာယက ဆရာတော်ကြီးများနဲ့ ဆရာတော် သံဃာတော်အပေါင်းတို့က မှန်ကန်စွာနဲ့ နားလည်သဘောပေါက်ပြီး ရပ်တည်ပေးပါ။ ဆောင်ရွက်ပေးပါ။ ကျွန်တော့်ကို စောင့်ရှောက်ပါ။

သမ္မာဒေဝနတ်ကောင်းနတ်မြတ်များကလည်းစောင့်ရှောက်ပေးကြပါ။
ကျွန်တော် မတရားမလုပ်ပါဘူး။ ပြည်သူ့ဘဏ္ဍာကို အလွဲသုံးစားမလုပ်ပါဘူး။ ကျွန်တော် သစ္စာကျိမ်ဆိုရဲ့ပါတယ်။ ကျွန်တော် ငါးပြား၊ တစ်စေ့ကအစ ဘဏ္ဍာငွေကို အလွဲ သုံးစားလုပ်ခဲ့တာမရှိပါဘူး။ ကျွန်တော့် ရပ်တည်ချက်ကမှန်ကန်သော်လည်း သမ္မတရဲ့အမိန့်ကို မနာခံဘူးဆိုတဲ့ သဘောနဲ့လုပ်တာဖြစ်ပါတယ်။ "

ရုံးထုတ်စစ်ဆေးခံနေချိန်ထိ သာသနာ့အလံ သုံးစွဲနေဆဲ ဦးဆန်းဆင့်
(မိမိအနေဖြင့် သာသနာရေးအလုပ်လုပ်ခြင်းသည် ဖမ်းဆီးချုပ်နှောင့်ခံရစေရန် ပြုလုပ်နေရသည့် သဘောသက်ရောက်နေပြီး မိမိကိုယ်တိုင်က မဟုတ်တာမ လုပ်သဖြင့် မိမိတွင်အပြစ်မရှိဟုပြောလိုပါကြောင်း၊ သာသနာရေးတာဝန်ကို ထမ်းဆောင်သည့်သူဖြစ်သဖြင့် ကောင်းမှုကုသိုလ်ပြုလုပ်သူသာဖြစ်ပါကြောင်းဖြင့်လည်း ပြော ဆိုခဲ့သည်။)

========================================

Eleven Media Group
ရပ်တည်ချက် မှန်ကန်သော်လည်း သမ္မတရဲ့အမိန့်ကို မနာခံဘူးဆိုတဲ့သဘောနဲ့ အဖမ်းခံရတာပါဟု အလွဲသုံးစားမှုဖြင့် အမှုဖွင့်အရေးယူ ခံထားရသော သာသနာရေးဝန်ကြီးဟောင်း ဦးဆန်းဆင့်ပြောကြား

ရပ်တည်ချက် မှန်ကန်သော်လည်း သမ္မတရဲ့အမိန့်ကို မနာခံဘူးဆိုတဲ့သဘောနဲ့ အဖမ်းခံရတာပါဟု ဇူလိုင်လ ၃ ရက်နေ့ နံနက် ၁၀ နာရီခန့်တွင် နေပြည်တော်ကောင်စီနယ်မြေ ပုဗ္ပသီရိမြို့နယ်တရားရုံးသို့ ရုံးထုတ်လာစဉ် မီဒီယာများ၏ မေးမြန်းမှုကို သာသနာရေးဝန်ကြီးဟောင်း ဦးဆန်းဆင့်က ပြန်လည်ပြောကြားခဲ့သည်။

သာသနာရေးဝန်ကြီးဟောင်း ဦးဆန်းဆင့်အား ဇူလိုင်လ ၃ ရက်နေ့ နံနက်ပိုင်းတွင် ရမည်းသင်းထောင်မှ နေပြည်တော်ကောင်စီနယ်မြေရှိ ပုဗ္ပသီရိမြို့နယ်တရားရုံးသို့ ဒုတိယအကြိမ် ရုံးထုတ်လာစဉ် ၀န်ကြီးဟောင်း ဦးဆန်းဆင့်က "ကျွန်တော်သာသနာရေးလုပ်တာ အခုအချုပ်ခံရတဲ့သဘော ဖြစ်သွားတာပေါ့။ ကျွန်တော် သာသနာ့ဝန်ထမ်း ထမ်းဆောင်တဲ့ ပုဂ္ဂိုလ်ဟာ ကောင်းမှုကုသိုလ်လုပ်တဲ့သူ ဖြစ်ပါတယ်။ ကျွန်တော်မဟုတ်တာ မလုပ်ဘူးလို့ ပြောချင်ပါတယ်။ ကျွန်တော်မှာ အပြစ်မရှိပါဘူး” ဟုပြောကြားခဲ့သည်။

ဆက်လက်၍ “မှန်ကန်တဲ့အတွက် ရပ်တည်ရခြင်းဖြစ်ပါတယ်။ သို့သော်လည်းပဲ ကျွန်တော်သာသနာကိစ္စ ဆောင်ရွက်သော်လည်းပဲ ဒီနေ့ဘာလဲဆိုတော့ ကျွန်တော့်ကို စစ်ပြီးတဲ့ကိစ္စနဲ့ပက်သတ်လို့ စစ်ပြီးသားကိစ္စကို အရေးယူဖို့ ဆောင်ရွက်တာ။ ဒါဟာအလွန်ပဲ မတရားပြုလုပ်မှုလို့ ကျွန်တော်သုံးသပ်ပါတယ်။ လူထုကို ပြောချင်ပါတယ်။ ဒါကြောင့်မို့လို့ ကျွန်တော်တို့ ရဟန်းသံဃာတော်များ၊ သံဃာ့နာယက ဆရာတော်ကြီးများ၊ ဆရာတော် သံဃာတော်အပေါင်းတို့ဟာ မှန်ကန်ရပ်တည်တဲ့ ကျွန်တော့်အပေါ်မှာ နားလည်သဘောပေါက်ပြီး ရပ်တည်ပေးပါ။ ကျွန်တော့်ကို ကူညီစောင့်ရှောက် ကြပါ။ သမာဒေ၀ နတ်ကောင်း နတ်မြတ်များက စောင့်ရှောက်ပေးပါ။ ကျွန်တော် သစ္စာဆိုရဲပါတယ်။ ငါးပြားတစ်စေ့ကအစ ဘဏ္ဍာငွေကို အလွဲသုံးစားလုပ်တာ မရှိပါဘူး။ ကျွန်တော်ရပ်တည်ချက် မှန်ကန်သော်လည်းပဲ သမ္မတရဲ့အမိန့်ကို မနာခံဘူးဆိုတဲ့သဘောနဲ့ လုပ်တာပါ” ဟု ပြောကြားခဲ့သည်။

သာသနာရေးဝန်ကြီးဟောင်း ဦးဆန်ဆင့်၏ ကိုယ်ရေးအရာရှိဖြစ် သူဦးအောင်သူမင်း (ဗိုလ်ကြီးအငြိမ်းစား) ၏ ဇနီးဖြစ်သူ မပွင့်ဇင်မာအောင်က “၀န်ကြီးကိုဖမ်းတဲ့နေ့ကတည်းက ကျွန်မယောင်္ကျားကို ဖမ်းသွားတာပါ။ ဒီနေ့အထိတစ်ရက်မှ မတွေ့ရသေးဘူး။ ဒီနေ့ရုံးထုတ် ရှိတယ်ဆိုလို့ ကျွန်မလာတွေ့တာ။ မတွေ့ရဘူး။ စကားလည်းပြောခွင့်မရှိဘူး။ အိမ်ကကလေး နှစ်ယောက်ဆိုရင် သူတို့အဖေကို တမေးတည်း မေးနေကြတာ။ ကျွန်မ ဘာဖြေလို့ ဖြေရမှန်းတောင်မသိဘူး။ ကျွန်မရဲ့ဖုန်းလည်း သိမ်းသွားပါတယ်” ဟုမီဒီယာများအား ငိုယိုပြောဆိုခဲ့သည်။

အလွဲသုံးစားပြုလုပ်မှုဖြင့် အမှုဖွင့်အရေးယူ ဖမ်းဆီးထားသော သာသနာရေးဝန်ကြီးဟောင်း ဦးဆန်းဆင့်၏အမှုအား ဇူလိုင်လ ၁၇ ရက်နေ့တွင် တတိယအကြိမ် ပုဗ္ပသီရိမြို့နယ် တရားရုံး၌ ရုံးထုတ်စစ်ဆေး သွားမည်ဖြစ်ကြောင်း သိရသည်။

ဇွန်လ ၁၉ ရက်နေ့တွင် သာသနာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဟောင်း ဦးဆန်းဆင့်ကို သိန်းတစ်ရာခန့် အလွဲသုံးစားပြုမှုဖြင့် အထူးစုံစမ်းစစ်ဆေးရေး ဦးစီးဌာနက တရားလိုပြုအမှုဖွင့်၍ ဥတ္တရသီရိမြို့နယ် ဘုရားကုန်းရဲစခန်းတွင် ပ/၂၁/၂၀၁၄ ပြစ်မှုပုဒ်မ ၄၀၉/၁၀၉ ဖြင့် အမှုဖွင့်အရေးယူခဲ့ပြီး ပုမ္ဗသီရိမြို့နယ် တရားရုံးတွင် ပထမဆုံးအကြိမ် ရုံးထုတ်စစ်ဆေးခဲ့သည်။
=================================

ကျွန်မ အခုချိန်ထိဘာမှမသိရသေးပါဘူး။ ယောကျာ်နဲ့လည်း တစ်ကြိမ်မှ မတွေ့ရသေးပါဘူး။ ဒီကနေ့ ဒီနေရာမှာ ရုံးထုတ်မယ်ဆိုတဲ့ အသံကြားလို့ လာစောင့်ကြည့်တာပါ။ ကျွန်မယောကျာ်နဲ့တွေ့ချင်တယ်။ ကလေးတွေကလည်း သူတို့အဖေပြန်မလာဘူးလားလို့ မေးနေတယ်။

စပြီးပါသွားတဲ့နေ ၁၉ ရက်နေ့ကစပြီး ဒီနေ့ထိ သတင်းလည်းမကြားရဘူး။ တွေ့လည်းမတွေ့ရဘူး။ ဒီကနေ့လည်းတွေ့ရပေမယ့် ဘာမှမပြောလိုက်ရဘူး။ ကျွန်မဖုန်းတွေကိုလည်း သိမ်းသွားကြတယ်။ " ဟု ငိုယိုပြောကြားခဲ့သည်။

ရုံးချိန်းသို့လာရောက်ခဲ့သူ ပြည်ထောင်စုဝန်ကြီးဟောင်း ဦးဆန်းဆင့်၏ ကိုယ်ရေးအရာရှိ ဗိုလ်ကြီးအငြိမ်းစား ဦးအောင်သူဝင်း၏ ဇနီးဖြစ်သူ ဒေါ်ပွင့်ဇင်မာအောင်ကမူ "ကျွန်မ အခုချိန်ထိဘာမှမသိရသေးပါဘူး။ ယောကျာ်နဲ့လည်း တစ်ကြိမ်မှ မတွေ့ရသေးပါဘူး။ ဒီကနေ့ ဒီနေရာမှာ ရုံးထုတ်မယ်ဆိုတဲ့ အသံကြားလို့ လာစောင့်ကြည့်တာပါ။ ကျွန်မယောကျာ်နဲ့တွေ့ချင်တယ်။

ကလေးတွေကလည်း သူတို့အဖေပြန်မလာဘူးလားလို့ မေးနေတယ်။ စပြီးပါသွားတဲ့နေ ၁၉ ရက်နေ့ကစပြီး ဒီနေ့ထိ သတင်းလည်းမကြားရဘူး။ တွေ့လည်းမတွေ့ရဘူး။ ဒီကနေ့လည်းတွေ့ရပေမယ့် ဘာမှမပြောလိုက်ရဘူး။ ကျွန်မဖုန်းတွေကိုလည်း သိမ်းသွားကြတယ်။ " ဟု ငိုယိုပြောကြားခဲ့သည်။

0 အကြံပြုခြင်း: