Monday, July 28, 2014

မီဒီယာသမားများဖမ်းဆီးအရေးယူမှုများနှင့် ပတ်သက်၍ တိုင်ကြားစာ လေးထောင်ကျော်ရှိနေ



No.453 Monday, July 28, 2014

မီဒီယာသမားများကို ဖမ်းဆီးအရေးယူမှုများနှင့်ပတ် သက်ပြီး နိုင်ငံတကာရှိ လေ့လာ စောင့်ကြည့်ရေးအဖွဲ့များနှင့်လူ့ အခွင့်အရေးအဖွဲ့အစည်းများမှ ပေးပို့လာသည့် တိုင်ကြားစာ ပေါင်းလေးထောင်ကျော်အထိရှိ လာပြီဖြစ်ကြောင်း မြန်မာနိုင်ငံအ မျိုးသားလူ့အခွင့်အရေးကော်မ ရှင်ထံမှ သတင်းရရှိသည်။

‘‘အစတုန်းကတော့ တိုင် ကြားစာတွေကို ဘာသာပြန်ပြီးမှ ပြည်ထောင်စုအစိးရအဖွဲ့ကိုတင် ပြပေးတယ်။ နောက်ပိုင်းကျတော့ တိုင်စာတွေက အရမ်းများလာတဲ့ အတွက် ဒီအတိုင်းပဲလက်မှတ်ထိုး ပြီးတော့ တင်ပြလိုက်ရတာမျိုး တွေအထိဖြစ်လာတယ်’’ဟု မြန် မာနိုင်ငံအမျိုးသားလူ့အခွင့်အ ရေးကော်မရှင်အဖွဲ့ဝင်ဒေါ်စန်း စန်းက ပြောသည်။

၂၀၁၄ခုနှစ် ဇူလိုင်လ ၁၀ ရက်က ပခုက္ကူခရိုင်တရားရုံးက ယူနတီမှ အမှုဆောင်အရာရှိချုပ် အပါအ၀င် သတင်းထောက်ငါးဦး ကိုပေါက်မြို့နယ်မှ လျှို့ဝှက်ဓာ တုလက်နက်စက်ရုံဟူသော သ တင်း   ဖော်ပြခဲ့သည့်အတွက် မြန်မာအစိုးရလျှို့ဝှက်အက်ဥပ ဒေအမှတ် ၃(၁)(က)/၉ဖြင့် အ လုပ်ကြမ်းနှင့်ထောင်ဒဏ် ဆယ် နှစ်စီချမှတ်ခဲ့သဖြင့်  အဓိကတိုင်ကြားခဲ့ကြခြင်းဖြစ်ပြီး  အခြားမီဒီ ယာသမားများအား   အရေးယူ သောအမှုများကိုလည်း တိုင်ကြားခဲ့သည်။

‘‘လူ့အခွင့်အရေးအတွက်  ဆောင်ရွက်တဲ့အခါမှာ ဘာ ကြောင့်ဖြစ်တယ်ဆိုတာကိုလည်း ကြည့်ရသေးတယ်။ ဥပမာသူက မီဒီယာသမားဖြစ်ပေမယ့် ပိုင်နက် ကျူးလွန်ခဲ့တယ်ဆိုရင် လွတ် လွတ်ကင်းကင်းကာကွယ်ပေးရ တာမလွယ်ဘူး။ အကောင်းဆုံး ဖြစ်အောင် ဆောင်ရွက်ပေးနေပါ တယ်’’ဟု ဒေါ်စန်းစန်းကဆို သည်။ နိုင်ငံတကာအဖွဲ့အစည်း များ၏ အစီရင်ခံစာတွင် နိုင်ငံ တော်လျှို့ဝှက်အက်ဥပဒေနှင့်အ ရေးယူခံထားရသည့်အတွက် နိုင် ငံတကာစံနှုန်းများနှင့်စိစစ်၍ ပြန် လွှတ်ပေးရန်ဖော်ပြထားသလို သ တင်းထောက်များအနေဖြင့် ဥပ ဒေဘောင်အတွင်းမှ ၎င်းတို့၏ လုပ်ပိုင်ခွင့်များကိုအပြည့်အ၀ရရှိ စေရေးနှင့် လွတ်လပ်စွာသတင်း ရယူခွင့်များရရှိရေးတို့အတွက် အစီရင်ခံစာတွင်   ဖော်ပြထား သည်။
http://www.7daydaily.com/story/16948#.U9YwdbGCUTA

0 အကြံပြုခြင်း: