Sunday, July 13, 2014

သူချည်းသာလော



ယခုအထိတော့ နောက်ကွယ်မှ ကြိုးကိုင်သူများ အပါအဝင် လူအုပ်စုမှ အဓိက ခေါင်းဆောင်များ အစိုးရ အပါအဝင် မည်သူကမျှ ရဲရဲဝံ့ဝံ့ဖော်ထုတ်၊ ထုတ်ပြန်နိုင်ခြင်း မရှိသေးဘဲ အပြောများဖြင့်သာ မျောနေဆဲ ဖြစ်သည်။ ယခုအထိတော့ အချိန်ကိုက် ဒေါသထွက်နေတတ်သော လူအုပ်စုကြီးကား လူသတ်ရမလား သတ်ရဲသည်။ မီးရှို့ရမလား ရှို့ရဲသည်။ နိုင်ငံတော်သီချင်း သံကုန်ဟစ်ပြီး လူထုကို ရန်တိုက်ရမလား တိုက်ဝံ့သည်။ သူတို့ ဘာ့ကြောင့် ရဲတင်းလွန်းကြသနည်း။ သေရဲ တိုက်ရဲသော လက်ကိုင်တုတ် လူတစ်စု၏ နောက်တွင် မည်သူရှိသနည်း။

လူတော်တော်များများကမူ နောက်ကွယ်မှ ခေတ်အဆက်ဆက် ကြိုးကိုင်သူကြီးကို အမြဲတစေ လက်ညှိုးထိုးလေ့ ရှိသည်။ သို့သော် မိုးဇေညိမ်းကမူ ထိုမျှမကပါဟု အောက်ပါအတိုင်း ဆိုလေသည်။

“သူတစ်ယောက်တည်းလို့ ပြောမရနိုင်ပါဘူး။ သူ့တပည့်တွေထဲမှာ သဘောတင်းမာတဲ့ အမာခံတွေ ရှိတယ်”

(လူအုပ်စုကြီး၏ နောက်ကွယ်ကို ရှာဖွေခြင်း၊ ယနေ့ထုတ် The Voice Weekly ဂျာနယ်မှ)

0 အကြံပြုခြင်း: