Wednesday, July 2, 2014

မန္တလေးဆူပူမှု


ဘီဘီစီ

မန္တလေးမြို့ ၈၂×၂၇ လမ်းထောင့်မှာရှိတဲ့ နေကဖေး၊ ဆန်းကဖေး လက်ဖက်ရည်ဆိုင်ကို အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေး အဖွဲ့က ဖျက်မယ် ဆိုတဲ့ သတင်းတွေကြောင့် ဆိုင်ရှေ့မှာ လူတွေ အများအပြား စုရုံးရောက်ရှိနေပါတယ်။လုံခြုံရေးတွေလည်းအများအပြား ချထားပါတယ်။
နေကဖေး၊ ဆန်းကဖေး ဆန်းကဖေး လက်ဖက်ရည်ဆိုင် ပိုင်ရှင်က မွတ်ဆလင်တွေ ဖြစ်ပြီး မိန်းကလေးတစ်ယောက်ကို အဓမ္မ ပြုကျင့်တယ် ဆိုတဲ့ သတင်းတွေ အင်တာနက်မှာ ပျံ့နှံ့လာပြီးနောက်မှာ အခုလို ဆိုင်ရှေ့ မှာ လူတွေ စုဝေးလာနေကြတာ ဖြစ်ပါတယ်။လုံခြုံရေးတွေကတော့ လူစုခွဲဖို့ ကြိုးစားနေကြတယ်လို့ မန္တလေးက ဘီဘီစီ သတင်းထောက်ကတဆင့် သိရှိရပါတယ်။

0 အကြံပြုခြင်း: