Thursday, July 17, 2014

၁၉ ဇူလိုင် " အာဇာနည်နေ့ တို့မမေ့ " စတစ်ကာတွေ ဖြန့်ဝေ


ဇူလိုင်လ ၁၉ ရက်နေ့မှာ ကျရောက်မယ့် ၆၇ ကြိမ်မြောက် အာဇာနည်နေ့မှာ လူထုတွေ ပူးပေါင်းပါဝင်လာစေဖို့အတွက် " အာဇာနည်နေ့ တို့မမေ့ " စတစ်ကာတွေကို ရန်ကုန်မြို့ လူစည်ကားရာနေရာ အနှံ့အပြားမှာ ဒီနေ့ကစပြီး လူမှုအဖွဲ့အစည်းတွေ ပူးပေါင်းဖွဲ့စည်းထားတဲ့ အာဇာနည်ကို ဦးညွှတ်ကြသူများ အဖွဲ့က ဦးဆောင်ပြီး လှုပ်ရှားဖြန့်ဝေနေပါတယ်။

တိမ်မြုပ်ပျောက်ကွယ်နေပြီဖြစ်တဲ့ အာဇာနည်ခေါင်းဆောင်တွေရဲ့ စိတ်ဓာတ်တွေကို လူငယ်ထုတွေ ပိုမိုသိရှိလာစေဖို့အတွက် အခုလို စတစ်ကာကမ်ပိန်း ပြုလုပ်ရတာဖြစ်တယ်လို့ သိရပါတယ်။

Photo:Thiha Tun , Sann Maw Aung / RFA

0 အကြံပြုခြင်း: