Wednesday, June 18, 2014

မှတ်ပုံတင်အတု လုပ်ခဲ့သည်များကို ဖော်ထုတ်ရန်လိုအပ်


Coral Arakan News

ကျောက်ဖြူတွင် ကုလားများအား ၈၂-ဖြင့် နိုင်ငံသားစိစစ်ခြင်းရာတွင် မှတ်ပုံတင်အတု လုပ်ခဲ့သည်များကို ဖော်ထုတ်ပြီး မှန်မှန်ကန်ကန် ဖြစ်စေရန် ဆောင်ရွက်ရန်လိုအပ် ဟု ဒေသခံတိုင်းရင်းသားများက ယုံကြည်


By Mra Wah

ကျောက်ဖြူ ၊ ၁၈ ဇွန်လ ၂၀၁၄ ၊ Coral Arakan News ၊ [ သတင်း ]

ကျောက်ဖြူမြို့တွင် ဘင်္ဂလီကုလားများအား ၁၉၈၂ ဥပဒေအရ နိုင်ငံသားဖြစ်ခွင့်
စီစစ်ဆောင်ရွက်ရန် ဌာနဆိုင်ရာအကြီးအကဲတချို့၊
မြို့မိမြို့ဖကိုယ်စားလှယ်တချို့ဖြင့် ၁၆-၆-၂၀၁၄(တနင်္လာ) နေ့တွင်
မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ စီစစ်ရေးအဖွဲ့
ဖွဲ့စည်းခဲ့ကြောင်းသိရှိရသည်။

ယင်းကိစ္စအား Coral Arakan News မှ
ကျောက်ဖြူဒေသခံအချို့၏သဘောထားအားဆက်သွယ်မေးမြန်းရာ “ကျွန်တော်တို့ကျောက်ဖြူမြို့နယ်မှာဘင်္ဂလီကုလားအများစုဟာယခင်စစ်အစိုးရလက်ထက်ကကမန်လူမျိုးနာမည်လိမ်နဲ့
နိုင်ငံသားစီစစ်ရေး(ပန်းရောင်)ကဒ် များကိုနည်းလမ်းမျိုးစုံဖြင့်
ကိုင်ဆောင်ခဲ့ကြပါတယ် ဒီအကြောင်းအရာတွေကိုသေချာစီစစ်မှုမရှိဘဲ
နိုင်ငံသားဖြစ်ခွင့်ကိုဆောင်ရွက်ခဲ့မယ်ဆိုရင် ကျွန်တော်တို့
တိုင်းရင်းသားတွေအတွက် အများကြီးထိခိုက်နစ်နာနိုင်ပါတယ်
နောက်ပြီးမလိုလားအပ်သောလူမျိုးရေး ပြဿနာများလည်း ဖြစ်လာနိုင်ပါတယ်
အဲဒါကြောင့် ဘင်္ဂလီလူမျိုးများယခင်ကကိုင်ဆောင်ခဲ့ရတဲ့
သုံးခေါက်ချိုးအမျိုးသားမှတ်ပုံတင်ကဒ် နှင့်
ပန်းရောင်နိုင်ငံသားစီစစ်ရေးကဒ်
လိမ်လည်ရယူထားခြင်းတွေကိုသေချာစွာစီစစ်ပြီးမှသာ
နိုင်ငံသားဖြစ်ခွင့်ကိုဆောင်ရွက်သင့်ကြောင်း”
ဒေသခံရပ်မိရပ်ဖတစ်ဦးမှပြောကြားပါသည်။

“ကုလားပိုက်ဆိပ်ရပ်ကွက်မှ
ဘင်္ဂလီလူမျိုးဦးကျော်ကျော်ဦး(ယခုလက်ရှိကျောက်ဖြူအကျဉ်းထောင်တွင်
အကျဉ်းကျလျက်ရှိ) ဆိုရင် ဘင်္ဂလီတော်တော်များများကိုကမန်လူမျိုးအမည်ခံပြီး
နိုင်ငံသားစီစစ်ရေးကဒ်ပြားတွေ ရအောင်
သက်ဆိုင်ရာတွေကိုချည်းကပ်ကာမသမာတဲ့နည်းလမ်းမျိုးစုံအသုံးပြုပြီးဆောင်ရွက်ခဲ့ဖူးပါတယ်၊
ဒီမှတ်ပုံတင် ကဒ်ပြားတွေဟာ တရားဝင်ကိုင်ဆောင်ခွင့်ရခဲ့ကြတာပါ။
ဒါတွေကိုသေသေချာချာမစီစစ်ဘဲမှတ်ပုံတင်ရှိသူတိုင်းကိုသာ
နိုင်ငံသားဖြစ်ခွင့်ပေးခဲ့မယ်ဆိုရင် ကျွန်တော်တို့ကျောက်ဖြူမြို့က
ဘင်္ဂလီတွေ အကုန်လုံးနီးပါးကမန်နာမည်နှင့် နိုင်ငံသားဖြစ်ခွင့်ရသွား
နိုင်ပါတယ်” ဟု ၎င်းမှဆက်လက် ပြောကြားခဲ့သည်။

ကျော်ကျော်ဦးဆောင်ရွက်ပေးခဲ့သောကမန်အမည်ခံဘင်္ဂလူမျိုးမှတ်ပုံတင်ကဒ်ပြားများ
ကျောက်ဖြူဒေသခံလူငယ်တစ်ဦးမှလည်း “ ဥပဒေအတိုင်းလုပ်မယ်ဆိုတာကကောင်းပါတယ်
ဒါပေမေ့ ကမန်အမည်ခံပြီးဘင်္ဂလီလူမျိုးများကိုင်ဆောင်ထားတဲ့
နိုင်ငံသားစီစစ်ရေးကဒ်ပြားတွေကိုတော့
သေသေချာချာစစ်ဆေးဖေါ်ထုပ်ပေးဖို့လိုပါတယ်
သေချာစီစစ်မှုမရှိဘဲမှတ်ပုံတင်ကိုင်ထားတိုင်းကိုသာ နိုင်ငံသား
ဖြစ်ခွင့်ပေးမေဆိုရင် အခုစီစစ်မယ့်နိုင်ငံသားဖြစ်မှုကို
ကျွန်တော်တို့ကန့်ကွက်သွားပါမယ် ”ဟုပြောကြားသည်။

ကျောက်ဖြူမြို့တွင် လွန်ခဲ့သော ၁၉၉၇-၉၈ ခုနှစ်ခန့်က ဦးမောင်လှ
ဆိုသူဘင်္ဂလီလူမျိုးတဦးမှ နိုင်ငံသားစီစစ်ရေးကဒ်ပြားအတုများ နှင့်
ဖောင်းကြွရုံးတံဆိပ်အတု ဖြင့် ဘင်္ဂလီလူမျိုးများအား နိုင်ငံသားစီစစ်ရေးကဒ်
အများအပြားကိုအတုပြုလုပ်ပေးခဲ့ဖူးပါသည်။ ယင်းအမှုဖြင့် ဦးမောင်လှသည်
ထောင်ဒဏ် အနှစ် (၂၀)ခန့် ပြစ်ဒဏ်ကျခဲ့သည်။ ၎င်းပြုလုပ်ပေးခဲ့သော
နိုင်ငံသားစီစစ်ရေးကဒ်ပြားများအားသက်ဆိုင်ရာမှ ပြန်လည်
သိမ်းဆည်းနိုင်ခြင်းမရှိခဲ့ကြောင်း Coral Arakan News
မှစုံစမ်းသိရှိရသည်။

( Coral Arakan News အတွက် မြ၀ါ ရေးသားသည်။ )


(မောင်တောခရိုင် ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ နုတ်ထွက်စာ တင်ရသည့် အကြောင်းရင်း တစ်ခု)
ကော်မရှင်ရဲ့ လုပ်ငန်းစဉ်တွေကို မကြိုက်တဲ့အ တွက် ထွက်စာတင် လိုက်တာဖြစ်ပါတယ်။

ဘာဖြစ်လို့လဲဆိုတော့ ၂ဝ၁ဝ ရွေးကောက် ပွဲတုန်းက နိုင်ငံသားမဟုတ်တဲ့သူတွေကို ကော်မရှင်က ပယ်ချ ခဲ့ပေမယ့် အတင်းထည့်ခိုင်းခဲ့ပါတယ်။ အဲဒီမှာပဲ ကော်မရှင် ရဲ့လုပ်ပိုင်ခွင့်က ဘာမှမှရှိဘူးဆိုတာကို သိခဲ့ရပါတယ်။ အဲဒီအ ချက်တွေကြောင့် ထွက်စာတင်လိုက်တာဖြစ်ပါတယ်''

ဦးသာ သာမောင်
ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ
မောင်တောခရိုင်

Yangon Media Group

0 အကြံပြုခြင်း: