Monday, June 16, 2014

ဒေါ်အောင်ဆန်းစုကြည်သည်ဘုရားလောင်း ဖွားမြင်ရာ လုမ္ဗနီဥယျာဉ် သို့ သွားရောက်ကြည်ညို

အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်သည် နီပေါ နိုင်ငံ တတိယနေ့ ခရီးစဉ် အဖြစ် နီပေါနိုင်ငံရှိ ဘုရားလောင်း သိဒ္ဒတ္တ မင်းသားဖွားမြင်ရာ လုမ္ဗနီဥယျာဉ်သို့ သွားရောက် ကြည်ညိုခဲ့ပါသည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နှင့် အဖွဲ့ သည် ထို မှတဆင့် နီပေါနိုင်ငံ လုမ္ဗနီဥယျာဉ် ရှိ မြန်မာ ဘုန်းကြီးကျောင်းသို့သွားရောက် ဝတ်ပြုဆုတောင်းပြီး နဝကမ္မ အလှူငွေ ကို ဆရာတော်ထံ ဆပ်ကပ်လှူဒါန်း ခဲ့ပါသည်။


Civic Reception ပွဲကို တက်ရောက်
**************************
၂၀၁၄ ခုနှစ် ဇွန်လ ၁၅ ရက်နေ့  ညနေ ပိုင်းတွင် နီပေါ နိုင်ငံ ရှိ Bhadrakali ၌ ကျင်းပပြုလုပ်သော Civic Reception ပွဲကို အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် နှင့် အဖွဲ့ တက်ရောက် ခဲ့ပါသည်


အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၁၄ ခုနှစ် ဇွန်လ ၁၃ ရက်နေ့ တွင် နီပေါနိုင်ငံ ဒုတိယ နေ့  ခရီးစဉ် အဖြစ် နီပေါနိုင်ငံလွှတ်တော်သို့ သွားရောက်ကာ လွှတ်တော်ဥက္ကဋ္ဌ Rt. Hon. Mr. Subash Chandra Nembang နှင့် တွေ့ဆုံခဲ့ပါသည်။ ထို့နောက်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် နှင့် အဖွဲ့ သည် လွှတ်တော်အဆောက်အဦးအတွင်းရှိ International Conference and Convention Centre တွင် လွှတ်တော်ကိုယ်စားလှယ်များနှင့် တွေ့ဆုံကာ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်မှ နှုတ်ခွန်းဆက်စကားပြောကြားခဲ့ပါသည်။


NLD Chairperson

0 အကြံပြုခြင်း: