Saturday, June 7, 2014

အဖွဲ့ချုပ်ဗဟိုကော်မတီအစည်းအဝေးသို့ ဒေါ်အောင်ဆန်းစုကြည်တက်ရောက်( ဒို့ရိုးရာခန်းမ)


National League for Democracy

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်
ပထမအကြိမ် ဗဟိုကော်မတီ တတိယအကြိမ် အစည်းအဝေးသို့ တက်ရောက် အမှာစကား ပြောကြားစဉ်
( ဒို့ရိုးရာခန်းမ ၊ ရွှေဂုံတိုင် ၊ ဗဟန်းမြို့နယ် ၇.၆.၂၀၁၄ ၊ စနေနေ့ ၀၉း ၀၀ နာရီ)



“အရေးကြီးဆုံးကိစ္စကျမပြောချင်ပါတယ်။အရေးကြီးဆုံးကိစ္စက ဘာလဲဆိုတော့ကျမတို့ထပ်တလဲလဲ ပြောနေရတဲ့ ကိစ္စပါ။ ကျမတို့ ရဲ့နိုင်ငံဟာ ပြည်ထောင်စုပါ။ တိုင်းရင်းသား မျိုးစုံနဲ့ဖွဲ့စည်းထားတဲ့ပြည်ထောင်စုဖြစ်ပါတယ်။ ပြီးတော့ ဒီနိုင်ငံမှာရေရှည်မှာငြိမ်းချမ်း ဖို့အတွက် တိုးတတ်ဖို့အတွက် အောင်မြင်ဖို့အတွက် သာယာဖို့ အတွက်ဆိုရင် ကျမတို့တိုင်းရင်းသား ညီအကိုမောင်နှမများကြားမှာ စစ်မှန်တဲ့ နားလည်မှုရှိရမယ်။ စစ်မှန်တဲ့တစ်ဦးအပေါ်တစ်ဦး လေးစားမှု တန်ဖိုးထားမှုရှိရမယ်။ ဒီအမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ၀င်တွေ အားလုံးဟာ တစ်ယောက်ချင်း တစ်ယောက်ချင်း မှာ စစ်မှန် တဲ့ဒီမိုကရေစီပြည်ထောင်စု ဖြစ်ပေါ်ရေးအတွက် တာဝန် ရှိတယ်ဆိုတဲ့စိတ်ဓာတ်ကို ထားကြပါ။ကိုယ်တစ်ဦးချင်းအနေနဲ့ တိုင်းရင်းသားများနဲ့ပတ်သတ်လို့ ဆက်ဆံပုံဆက်ပုံနည်း ကိုယ့်ရဲ့အစုအဖွဲ့ အနေနဲ့တိုင်းရင်းသား များ ကျမတို့ရဲ့ ကျမတို့ နိုင်ငံရဲ့ပြည်ထောင်စု စနစ်နဲ့ပတ်သတ်လို့ သဘောထားများကို ချည်းကပ် နည်း ကျမတို့ အဖွဲ့ချုပ် အနေနဲ့ တိုင်းရင်းသားများ ကျမတို့ရဲ့ ပြည်ထောင်စု စိတ်ဓာတ်ပိုခိုင်လာဖို့အတွက် ဘယ်လိုစည်းလုံးပြီးတော့ လုပ်နိုင်မလဲဆိုတဲ့ စဉ်းစားဆင်ခြင် တဲ့ ဥာဏ်များကိုတိုးပွားအောင် လုပ်ကြပါ။ကျမတို့ အမျိုးသားဒီမို ကရေစီ အဖွဲ့ချုပ်ဟာ တနိုင်ငံလုံးအတွက် ဖွဲ့ စည်း ထားတာဖြစ်ပါတယ်။ ဒီနိုင်ငံဟာ တိုင်းရင်းသားများအားလုံးပိုင် ဆိုင်တဲ့နိုင်ငံဖြစ်တယ်။ဗမာ တွေက အများစုဆိုပေမယ့် ဒီနိုင်ငံကိုဗမာတွေပိုင်တာမဟုတ်ပါဘူး ။အားလုံးတန်းတူ ညီတူ တိုင်းရင်းသားများအားလုံးပိုင်တဲ့ နိုင်ငံဖြစ်ပါတယ်။ဒီနိုင်ငံဟာ ကျမတို့ရဲ့တိုင်းရင်းသားအားလုံး အတွက် လုံခြုံရာ လွတ်လပ်ရာ စိတ်ချမ်းမြေ့ ရာ နေရာ တစ်ခုဖြစ်ဖို့အတွက်ဝိုင်းဝန်း ပြီးတော့လုပ်ဖို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ ၀င်တိုင်းမှာ တာဝန် ရှိသလို အထူးသဖြင့် ဗဟိုကော်မတီ ၀င်တိုင်းမှာတစ်ယောက်ချင်းတစ်ယောက်ချင်းတာဝန်ရှိပါ တယ် လို့ကျမအနေနဲ့ပြော ချင်ပါတယ်။”
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရဲ့ ၂၀၁၄ ခုနှစ်ပထမအကြိမ် ဗဟိုကော်မတီအစည်းအဝေးကို ပြည်နယ် နဲ့တိုင်းအသီးသီးက တတ်ရောက်ခွင့်ရှိသူ ၁၁၅ ဦးမှ ၁၁၀ ဦးတတ်ရောက်ခဲ့ပြီး ၉၆ ရာခိုင်နူန်း တတ်ရောက်ခဲ့တာကြောင့် အစည်းအဝေးအထမြောက်ကြောင်း သိရပါတယ်။ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်မိနစ် ၂၀ခန့် အမှာစကားပြောကြား ခဲ့ရာ အမျိုးသားဒီမိုကရေစီ အဖွဲ့ ချုပ် ၀င်များ လိုက်နာရမယ့် စည်းမျဉ်းများနဲ့ပတ်သတ်လို့ လုပ်ဆောင်ရမယ့်ကိစ္စတွေကို ပြောကြားခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်က “အရေးကြီးဆုံးကိစ္စကျမပြောချင်ပါတယ်။အရေးကြီးဆုံးကိစ္စက ဘာလဲဆိုတော့ကျမတို့ထပ်တလဲလဲ ပြောနေရတဲ့ ကိစ္စပါ။ ကျမတို့ ရဲ့နိုင်ငံဟာ ပြည်ထောင်စုပါ။ တိုင်းရင်းသား မျိုးစုံနဲ့ဖွဲ့စည်းထားတဲ့ပြည်ထောင်စုဖြစ်ပါတယ်။ ပြီးတော့ ဒီနိုင်ငံမှာရေရှည်မှာငြိမ်းချမ်း ဖို့အတွက် တိုးတတ်ဖို့အတွက် အောင်မြင်ဖို့အတွက် သာယာဖို့ အတွက်ဆိုရင် ကျမတို့တိုင်းရင်းသား ညီအကိုမောင်နှမများကြားမှာ စစ်မှန်တဲ့ နားလည်မှုရှိရမယ်။ စစ်မှန်တဲ့တစ်ဦးအပေါ်တစ်ဦး လေးစားမှု တန်ဖိုးထားမှုရှိရမယ်။ ဒီအမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ၀င်တွေ အားလုံးဟာ တစ်ယောက်ချင်း တစ်ယောက်ချင်း မှာ စစ်မှန် တဲ့ဒီမိုကရေစီပြည်ထောင်စု ဖြစ်ပေါ်ရေးအတွက် တာဝန် ရှိတယ်ဆိုတဲ့စိတ်ဓာတ်ကိုထားကြပါ။ကိုယ်တစ်ဦးချင်းအနေနဲ့ တိုင်းရင်းသားများနဲ့ပတ်သတ်လို့ ဆက်ဆံပုံဆက်ပုံနည်း ကိုယ့်ရဲ့အစုအဖွဲ့ အနေနဲ့တိုင်းရင်းသား များ ကျမတို့ရဲ့ ကျမတို့ နိုင်ငံရဲ့ပြည်ထောင်စု စနစ်နဲ့ပတ်သတ်လို့ သဘောထားများကို ချည်းကပ် နည်း ကျမတို့ အဖွဲ့ချုပ် အနေနဲ့ တိုင်းရင်းသားများ ကျမတို့ရဲ့ ပြည်ထောင်စု စိတ်ဓာတ်ပိုခိုင်လာဖို့အတွက် ဘယ်လိုစည်းလုံးပြီးတော့ လုပ်နိုင်မလဲဆိုတဲ့ စဉ်းစားဆင်ခြင် တဲ့ ဥာဏ်များကိုတိုးပွားအောင် လုပ်ကြပါ။ကျမတို့ အမျိုးသားဒီမို ကရေစီ အဖွဲ့ချုပ်ဟာ တနိုင်ငံလုံးအတွက် ဖွဲ့ စည်း ထားတာဖြစ်ပါတယ်။ ဒီနိုင်ငံဟာ တိုင်းရင်းသားများအားလုံးပိုင် ဆိုင်တဲ့နိုင်ငံဖြစ်တယ်။ဗမာ တွေက အများစုဆိုပေမယ့် ဒီနိုင်ငံကိုဗမာတွေပိုင်တာမဟုတ်ပါဘူး ။အားလုံးတန်းတူ ညီတူ တိုင်းရင်းသားများအားလုံးပိုင်တဲ့ နိုင်ငံဖြစ်ပါတယ်။ဒီနိုင်ငံဟာ ကျမတို့ရဲ့တိုင်းရင်းသားအားလုံး အတွက် လုံခြုံရာ လွတ်လပ်ရာ စိတ်ချမ်းမြေ့ ရာ နေရာ တစ်ခုဖြစ်ဖို့အတွက်ဝိုင်းဝန်း ပြီးတော့လုပ်ဖို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ ၀င်တိုင်းမှာ တာဝန် ရှိသလို အထူးသဖြင့် ဗဟိုကော်မတီ ၀င်တိုင်းမှာတစ်ယောက်ချင်းတစ်ယောက်ချင်းတာဝန်ရှိပါ တယ် လို့ကျမအနေနဲ့ပြော ချင်ပါတယ်။” လို့ပြောဆိုခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်၏ ယနေ့ NLD ဗဟိုကော်မတီ အစည်းအဝေး အဖွင့် အမှာစကား
Kumudra ဂျာနယ်၊ နန်းလွင်။

0 အကြံပြုခြင်း: