Wednesday, June 18, 2014

ခေါင်းရှောင် အယ်ဒီတာချုပ်များ အလိုမရှိ



Soe Yazar Tun

ဂျာနယ်တိုက်တစ်တိုက်မှာ ဘယ်သူတာဝန်အရှိဆုံး ပါလဲ။ အဲဒီတာဝန်အရှိဆုံး ပုဂ္ဂိုလ်ကြီးက သူ့ကြောင့် လက်အောက်ငယ်သားတွေ ဒုက္ခရောက်သွားတာကို ရှင်းရှင်း ပြောရရင် ထောင်ကျသွားတာကို ခေါင်းရှောင်နေတာ တွေ့ရပါတယ်။

မီဒီယာတစ်ခု တည်ထောင်ထားပြီး အယ်ဒီတာချုပ် တက်လုပ်ပါတယ်။ ထင်ပေါ်ချင်လို့ ဇာက်လမ်းတစ်ခု ဖန်ဆင်းတယ်။ ဇာက်လမ်း ရိုက်နည်းရိုက်ချက် ဥပဒေသတွေကို နားမလည်တော့ တစ်လွဲလုပ်မိရာကနေ သူ့ လက်အောက်ငယ်သား ဂျာနယ်လစ်တွေ ထောင်ကျတယ်။ အဲ့ဒါ ဘယ်သူ့မှာ တာဝန်အပြည့် ရှိလဲ။ အရှင်းကြီးပါ။ ထောင်ကျရတာ သူ့ကြောင့်ပါ။

ဂျာနယ်လစ်တွေ ထောင်မကျခင် သက်မှတ်လစာ ကိုယ်စီနဲ့ပါ။ ထောင်ကျပြီးတော့ လစာမဲ့ရတဲ့ အဖြစ်ကို ဘယ်ဂျာနယ်လစ်တွေက လက်ခံမလဲ။ အခြားမီဒီယာတစ်ခုမှာလည်း ထောင်ကျနေတဲ့ ဂျာနယ်လစ် ရှိနေတာပဲ သူဘာကြောင့် လစာမဲ့မဖြစ်သလဲ။ ခင်ဗျားတို့လည်း ဒီလိုဖြစ်ခဲ့ရင် လက်ခံမှာလား။ ဆုတော့ လိုချင်တယ်။ ခေါင်းတော့ ရှောင်မယ်ဆိုတာ အဲဒါ ခေါင်းဆောင်လား။

အဲဒီထောင်ကျသွားတဲ့ UNITY ဂျာနယ်က သတင်းသမား ၄ ယောက်လုံး လစာမရပါဘူး။ ဒါပေမယ့် ရာဇာဦးတစ်ယောက်ပဲ ၃ ပုံ ၂ ပုံ ရပါတယ်။ ဒါဟာ သူကိုယ်တိုင် အမေတစ်ယောက်တည်း ကျန်ခဲ့လို့ တောင်းပန်ထားလို့ ဒီလစာရတာပါ။ ကျန် ၃ ယောက်က လုံးဝ မရဘူးလို့ အဲဒီထောင်ကျ သတင်းထောက်တစ်ယောက်ဆီကနေ လက်ရှိအခြေအနေတွေကို ကျွန်တော်ကြားသိ ခဲ့ရပါတယ်။ ဒါ ဖြစ်သင့်ပါသလား။

သူ့ကြောင့် ထောင်ကျရပါတယ်။ သူ့ကြောင့် နစ်နာခဲ့ကျရတယ်။ သတင်းထောက်တွေ မသိတာ ထားလိုက်ပါ။ ဘယ်သူ့ကြောင့် သူတို့ မသိခဲ့ကြတဲ့အပေါ်မှာပဲ ကျွန်တော်တို့ ဝေဖန်ကြည့်ကျ ရအောင်။ သူ့မှာ ငွေမရှိလို့ လစာမပေးနိုင်ရင်တောင် အနည်းဆုံးတော့ ပြောပြသင့်တယ်။ အခုတော့ တိတ်ဆိတ်ပြီး သူ့ကိုယ်ပိုင်ရှေ့နေနဲ့ပဲ ကိုယ်လွတ်ရုန်းနေပါတယ် တဲ့။ အဲ့ဒါ ခေါင်းဆောင်လားဗျ။ ပေးစရာ လစာမရှိရင် အိမ်ပေါင်ပြီး ပေးရပါလိမ့်မယ်။ ထောင်ထဲက သတင်းသမားတွေက သဋ္ဌေးမင်းတွေ မဟုတ်ဘူး၊ သဋ္ဌေးမင်းသား/မင်းသမီးတွေ မဟုတ်ဘူး။ သူတို့မှာ မီသားစုတွေနဲ့ပါ။

အခု ထောင်ထဲက သတင်းသမားတွေကို သတင်းလွတ်လပ်ခွင့်ဆုအတွက် ပြည်ကအဖွဲ့အစည်းတစ်ခုက အချက်အလက်တွေ ကောက်နေပါတယ်တဲ့။ ဒီဆုကို တာဝန်အရှိဆုံး ပုဂ္ဂိုလ်ကြီးက အငန်းမရ အိမ်မက်တွေ မက်နေပြီး သရေတွေလည်း ကျနေပါတယ်တဲ့။ ဦးတင့်ဆန်းခင်ဗျား။ ခေါင်းဆောင် ပီသာစေချင်ပါတယ်။ ကိုယ့် တာဝန်ကိုကိုယ် ယူသင့်ပါတယ်။ လူကြီးလူကောင်း ဆန်စေချင်ပါတယ်။ ဒါကြောင့် ကျွန်တော် ပြောပြောနေရတာ။ သတင်းသမားစိတ်ဓာက်မရှိရင် ဒီအသိုင်းအ၀ိုင်းထဲက အစောကြီးထွက်သွားလိုက်ပါလို့။

0 အကြံပြုခြင်း: