Tuesday, June 3, 2014

ဧရာဝတီဂျာနယ်သတင်းထောက် ကိုကျော်ထွန်းကို၅၃၂ ခြေလျင်တပ်ရင်းကထိုးကြိတ်ရိုက်နှက်



 Soe Yazar Tun

ဒီနေ့ ညနေ ၈ နာရီကျော်လောက်က ဧရာဝတီဂျာနယ် (ဧရာဝတီတိုင်းဒေသကြီး ကိုယ်စားပြုဂျာနယ်ပါ) က သတင်းထောက် ကိုကျော်ထွန်းကို လှိုင်သာယာ ၅၃၂ ခြေလျင်တပ်ရင်းက တပ်ရင်းဗိုလ်ကြီးအပါအ၀င် အကြပ်စစ်သည်အချို့နှင့် ထိုးကြိတ်ရိုက်နှက်ခြင်းများ ပြုလုပ်ကာ တပ်ရင်းထဲတွင် ဖမ်းစီးထိန်းသိမ်းထားလိုက်ကြောင်း လှိုင်သာယာမြို့နယ်ရှိ NDF ပါတီ၏ ဗဟိုအလုပ်သမားရေးရာကော်မတီ ကိုရဲကိုနိုင်(၈၈၈၈) ထံမှ သိရသည်။ ကိုကျော်ထွန်းမှာ ဒီနေ့ နေလည်ပိုင်းလောက်တည်းက ယင်းတပ်နယ်မြေ ၀န်းကျင်ရှိ လယ်သမားများပိုင်မြေနှင့် တပ်ပိုင်မြေအဖြစ် အငြင်းပွားလျက်ရှိသည့် သတင်းနှင့်ပတ်သက်ပြီး လယ်သမားများထံ သတင်းလာရောက်ယူခဲ့စဉ် ညနေအချိန်ပိုင်းတွင် ယခုကဲ့သို့ ဖြစ်ပေါ်ခဲ့ရခြင်းဟု ကိုရဲကိုနိုင်က ပြောသည်။ ဖမ်းစီးခဲ့ခြင်းကို လက်တွေ့မြင်ခဲ့ရသည် လယ်သမားများက သတင်းသမားနှင့် မီဒီယာအပေါ် ဆဲဆိုကြိမ်းမောင်း သွားကြောင်း ကိုရဲကိုနိုင်ထံမှတဆင့် သိရသည်။ လက်ရှိ ကိုကျော်ထွန်းအား ရဲဖက်သို့ အပ်နှံရန် လှိုင်သာယာမြို့နယ် ရဲဖက်ဆိုင်ရာဝန်ထမ်းများနှင့် ဆွေးနွေးလျက်ရှိသည်ဟု သိရသည်။

>>> မီဒီယာမှ တာဝန်ရှိသည့် အဖွဲ့အစည်းများ အမြန်ဆုံးကူညီဆောင်ရွက်ပေးဖို့ တိုက်တွန်းလိုက်ပါတယ်။
ဆက်သွယ်ရန် - ကိုရဲကိုနိုင် - ၀၉၄၂၀၇၆၉၉၆၉

Photo by Nay Minn

0 အကြံပြုခြင်း: