Sunday, June 29, 2014

သံလွင်မြစ်ရေကို ထိုင်းနိုင်ငံသို့ ပို့လွှတ်မည်


သံလွင်မြစ်ရေကို ထိုင်းနိုင်ငံသို့ တူးမြောင်းဖြင့် ပို့လွှတ်ရောင်းချမည်ဖြစ်ပြီး ရေအား လျှပ်စစ်ထုတ်လုပ်နိုင်မည့် ရေစီးနှုန်းဖြစ်သည့် တစ်စက္ကန့်လျှင် ကုဗမီတာ ၃၀၀၀ အရှိန်နှုန်းဖြင့် ပို့လွှတ်မည်

သံလွင်မြစ်ရေကို ထိုင်းနိုင်ငံသို့ တူးမြောင်းဖြင့် ပို့လွှတ်ရောင်းချရန် ပြင်ဆင်နေပြီး ရေအားလျှပ်စစ်ထုတ်လုပ်နိုင်မည့် ရေစီးနှုန်းဖြစ်သည့် တစ်စက္ကန့်လျှင် ကုဗမီတာ ၃၀၀၀ အရှိန်နှုန်းဖြင့် ပို့လွှတ်မည်ဖြစ်ကြောင်း သတင်းရရှိသည်။

အဆိုပါစီမံကိန်းအား အကောင်အထည်ဖော်ရာတွင် ကရင်ပြည်နယ်၊ မြိုင်ကြီးငူ အနီးတွင် အကောင်အထည်ဖော်ဆောင်မည့် ဟတ်ကြီးရေအား လျှပ်စစ်စီမံကိန်း မှတစ်ဆင့် တင်ပို့မည်ဖြစ်ကြောင်း Karen River Watch မှ စောသာဘိုးကဆိုသည်။

ဟတ်ကြီး ရေအားလျှပ်စစ်စီမံကိန်းသည် တရုတ်နိုင်ငံကုမ္ပဏီဖြစ်သည့် Sino Hydrocerrporati ၊ ထိုင်းကုမ္ပဏီဖြစ်သည့် EGAT International နှင့် မြန်မာ ကုမ္ပဏီဖြစ်သည့် IGE တို့က ပူးပေါင်းလုပ်ဆောင်မည်ဖြစ်ပြီး ထိုသို့လုပ်ဆောင်ရန် နားလည်မှုစာချွှန်လွှာအား ၂၀၀၅ ခုနှစ် မေ ၃၀ ရက်နှင့် ၂၀၁၀ ပြည့်နှစ် ဧပြီ ၂၄ ရက်တွင် လက်မှတ်ရေးထိုးခဲ့သည်။

ယင်းစီမံကိန်းအတွက် ရွာခြောက်ရွာ ပြောင်းရွှေ့ရမည်ဖြစ်ပြီး ရေလွှမ်းဧရိယာမှာ ၇၀၀ စကွဲယားကီလိုမီတာအထိ ရှိနေသည်။ ဆည်အမြင့်မှာ ၃၃ မီတာမှ ၁၁၅ မီတာအထိရှိမည်ဖြစ်ပြီး ဆည်၏ပထမအဆင့်တွင် လျှပ်စစ်ဓာတ်အား မဂ္ဂါဝပ် ၅၈၅၀၊ ဒုတိယအဆင့်တွင် လျှပ်စစ်ဓာတ်အား မဂ္ဂါဝပ် ၆၀၀၀၊ တတိယအဆင့်တွင် လျှပ်စစ်ဓာတ်အား မဂ္ဂါဝပ် ၁၀၀၀၀ နှင့် ကရင်ပြည်နယ် မြိုင်ကြီးငူတွင် တည်ဆောက်မည့် ပထမဆည်စီမံကိန်းအတွက် မဂ္ဂါဝပ် ၁၂၀၀ မှ မဂ္ဂါဝပ် ၁၃၆၀ အထိ လျှပ်စစ်ဓာတ်အား ထုတ်လုပ်မည်ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ ထုတ်ဝေသည့် သဘာဝပတ် ၀န်းကျင်ထိန်းသိမ်းရေး စာစဉ် (၂) တွင် ပါမောက္ခဦးညိုမောင်က ရေးသားဖော်ပြခဲ့သည်။

(( Daily ELEVEN ))

0 အကြံပြုခြင်း: