Wednesday, June 11, 2014

ပီနန်ဆရာတော်ကြီးကဂျပန်ရောက်ခိုက်မှာ.. ဥပဒေနှင့် မညီသည့် ကိစ္စရပ်တစ်ခု အလစ်ကြံခံရ

Moe Zay Nyein

သာသနာရေးဆိုပေမဲ့ ၀န်ကြီးက ဒုဗိုလ်ချုပ်ကြီး၊ ဒုဝန်ကြီးတစ်ယောက်က ဗိုလ်မှူးကြီး၊ လက်အောက်ခံဦးစီးဌာန(၂)ခုက ညွှန်ချုပ်၊ ဒုညွှန်ချုပ်နဲ့ ညွှန်မှူး တွေကလည်း ဒုဗိုလ်မှူးကြီးနဲ့ ဗိုလ်မှူးတွေ၊ တိုင်းနဲ့ပြည်နယ်သာသနာရေးဦးစီးမှူး ဆိုတာမှာလည်း ဒုဗိုလ်မှူးကြီးနဲ့ ဗိုလ်မှူးတွေ ခပ်များများ (တလောကတောင် ဧရာဝတီတိုင်း သာသာရေးဦးစီးမှူး၊ OTS(72) က ဗိုလ်မှူးတစ်ယောက် ဆုံးသွားသေးတယ်၊ သတိထားမိကြသလားတော့ မသိဘူး)၊ ဦးစီးအရာရှိတို့ ဘာတို့မှာတောင် တပ်ပြောင်းဗိုလ်ကြီးတွေလည်း ပါသေးရဲ့။ ဒီလို စစ်ရေးအမြင်ရှိတဲ့အုပ်ချုပ်သူတွေ ဆိုတော့လည်း ဘုန်းကြီးကျောင်းကိုတောင် အကြမ်းဖက်စခန်းလို သဘောထားပြီး စစ်ဆင်ရေးအသွင်နဲ့ အင်အားသုံး ၀င်စီးနင်းတာ သဘာဝတော့ ကျပါတယ်။



၁။ မဟာသန္တိသုခကျောင်းတော်ကြီးသည် ပီနန်ဆရာတော် ဂရံအမည်ပေါက်၊ ပတ္တစာချုပ်ဖြင့်ပေးအပ်ထားသည့်မြေဖြစ်ပါသည်။အဆိုပါ မြေကို သံဃာ့မဟာနာယကမှပိုင်ပါသည်ဟုပြောကာ အင်အားသုံးဖယ်ရှားပိုင်ခွင့်မရှိပါ။

၂။ ၁၉၈၃ ခုနှစ် ဝိနည်းဓမ္မကံ အဓိကရုဏ်း မှုခင်းများ ဖြေရှင်းဆုံးဖြတ်ချက်များကို ကာကွယ်စောင့်ရှောက်သည့် ဥပဒေ ပုဒ်မ ၇ နှင့် လည်းညီညွတ်မှုမရှိသောကြောင့် သံဃာ့မဟာနာယကအဖွဲ့၏ အမိန့်ဖြင့် ဖယ်ရှားသည့် လုံခြုံရေးအဖွဲ့များ၊ နှင့် အဆိုပါကိစ္စကို ဆောင်ရွက်သူများသည်လည်း ဥပဒေနှင့်အညီဆောင်ရွက်သည်ဟု မမှတ်ယူနိုင်ပါ။ ဥပဒေနှင့် မညီသည့် ကိစ္စရပ်တစ်ခု ညွှန်ကြားခြင်းကို ဆောင်ရွက်ခြင်းသည် ဥပဒေနှင့်အညီဆောင်ရွက်သည်မဟုတ်ပါ။

၃။ မဟာသန္တိသုခကျောင်းတော်ကြီးပိုင်ဆိုင်မှုနှင့် စပ်လျဉ်း၍ မည်သည့် ဝိနစ္ဆယခုံရုံး၏ အမိန့်ဆုံးဖြတ်ချက်ချထားခြင်း၊ အရပ်ဘက်တရားရုံး တစ်ခုခုတွင် ဆုံးဖြတ်ချက်ချထားခြင်း မရှိသည်ကိုတွေ့ရှိရပါသည်။ ထို့ကြောင့်
မဟာသန္တိသုခကျောင်းတော်ကြီး ရှိဆရာတော်သံဃာတော်များ နှင့် လူပုဂ္ဂိုလ်များကို ညအချိန်တွင် အင်အားသုံးဝင်ရောက်၍ ခေါ်ဆောင်သွားခြင်းသည် ဥပဒေ နှင့် ညီညွတ်မှုမရှိပါ၊

၎။ မဟာသန္တိသုခတွင်နေထိုင်သတင်းသုံးနေသည့် ဆရာတော်သံဃာတော်များ နှင့် လူပုဂ္ဂိုလ်များကို တရားရုံး၏ ခွင့်ပြုချက်မရဘဲ၂၄ နာရီထက်ကျော်လွန်၍ ထိန်းသိမ်းထားပါက ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း (၁) ပုဒ်မ ၂၁ နှင့် အခန်း (၈) ပုဒ်မ ၃၇၆ ကို ချိုးဖောက်သည် ဟုမှတ်ယူရပါမည်။ ထို့ကြောင့် အဆိုပါပုဂ္ဂိုလ်များကို ၂၄ နာရီအတွင်း ပြန်လွတ်ပေးသင့်ပါသည်။ အကယ်၍ ပြန်မလွှတ်ပါက မတရားဖမ်းဆီးချုပ်နှောင်ခြင်းဖြစ်ပါသည်။

၅။ ထိုကဲ့သို့ ဥပဒေ နှင့် ညီညွတ်စွာဆောင်ရွက်ခြင်းမရှိသည့် ကိစ္စရပ်များကို ဥပဒေနှင့် ညီညွတ်စွာပြန်လည်ဖြေရှင်းပေးနိုင်ပါရန်တင်ပြအပ်ပါသည်။

ဥပဒေကိုလေးစားလိုက်နာလိုသူတစ်ဦး


မဟာသန္တိသုခကျောင်း ဖယ်ရှားခြင်းနှင့်ပတ်သက်ပြီး သာသနာရေးဝန်ကြီးဌာနမှ သတင်းစာရှင်းလင်းနေသည်ကို ဇွန်၁၁ရက်နေ့က ရန်ကုန်မြို့ ကမ္ဘာအေးဘုရားလမ်းရှိ သာသနာရေးဝန်ကြီးရုံးတွင်တွေ့ရစဉ်
ဓာတ်ပုံ - ဂျေပိုင် / ဧရာဝတီ

0 အကြံပြုခြင်း: