Tuesday, June 24, 2014

ဘာသာရေးကိုအကြောင်းပြု၍ နိုင်ငံရေးဟောပြောပါက အရေးယူမည်ဆိုသော်လည်း တိုင်ကြားမှုများ မရှိသေးဟုဆို


..နေမျိုးဝေကိုဖမ်းပါ

(7daydaily)
လူမျိုးရေး၊ ဘာသာရေး ကို အကြောင်းပြုပြီး ပဋိပက္ခများ ဖြစ်စေရန် နိုင်ငံရေးပါတီအချို့၏ ခေါင်းဆောင်များက ဟောပြော နေကြောင်း သက်သေအထောက် အထားဖြင့် တိုင်ကြားလာမှု မရှိ သေးသဖြင့် အရေးယူမှုပြုလုပ်နိုင် ခြင်း မရှိသေးကြောင်း ပြည် ထောင်စုရွေးကောက်ပွဲကော်မ ရှင်မှ သတင်းရရှိသည်။

‘‘အကြားနဲ့တော့ ကျွန်တော် တို့က ဘာမှလုပ်လို့မရဘူး။ တကယ်လို့ ဘာသာရေးကို နိုင်ငံ ရေးအရ အလွဲသုံးနေတယ်လို့ အထောက်အထားအပြည့်အစုံနဲ့ တိုင်လာရင် ဥပဒေအတိုင်းလုပ် မှာပါ’’ ဟု ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်၊ ရွေးကောက်ပွဲဌာန ညွှန်ကြားရေးမှူး ဦးသောင်းလှိုင်ကပြောသည်။

ပြည်ထောင်စုရွေးကောက် ပွဲကော်မရှင်ထံ ဘာသာရေး၊ လူ မျိုးရေးကို အကြောင်းပြုပြီး အဓိကရုဏ်းဖြစ်စေရန် ရည်ရွယ်ချက်ဖြင့် ဟောပြောနေကြောင်း အထောက်အထား အခိုင်အလုံဖြင့် တိုင်ကြားလာမှုများ မရှိသေး ကြောင်းလည်း ၎င်းကဆိုသည်။

လူမျိုးရေး(သို့) ဘာသာရေး (သို့) လူတစ်ဦးချင်း(သို့)လူအများ စုနှင့်ပတ်သက်၍ ပဋိပက္ခဖြစ်ပေါ် စေနိုင်သည့် သိက္ခာနှင့်ကိုယ်ကျင့် တရားကို ထိခိုက်စေနိုင်သည့် ရေးသားမှု၊ ဟောပြောမှု (သို့)စည်း ရုံးမှုပြုလုပ်ခြင်း၊ ဘာသာရေးကို နိုင်ငံရေးတွင် အလွဲသုံးစားလုပ် ခြင်းတို့ကို ပြုလုပ်ပါက နိုင်ငံရေး ပါတီမှတ်ပုံတင်ခြင်းမှ ပယ်ဖျက် မည်ဟု နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း နည်းဥပဒေတွင်ပါရှိ သည်။

ထို့အပြင် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်မှ ထုတ် ပြန်ထားသော လွှတ်တော်ကိုယ် စားလှယ်လောင်းများ စုဝေးဟော ပြောခွင့်နှင့် မဲဆွယ်စည်းရုံးခွင့် ဆိုင်ရာ ပြဋ္ဌာန်းချက်တွင်လည်း ဘာသာရေးကို နိုင်ငံရေးတွင် အလွဲသုံးစားပြုလုပ်ခြင်း မလုပ် ဆောင်ရန် ဖော်ပြထားသည်။

လက်ရှိအချိန်တွင် နိုင်ငံရေး ပါတီအချို့မှ ခေါင်းဆောင်ပိုင်းအ ချို့သည် ဘာသာရေး၊ လူမျိုးရေး ဦးတည်သောဟောပြောမှုများကို မြန်မာနိုင်ငံအတွင်းရှိ မြို့နယ်များတွင် တွေ့ရှိလာရသည်။

ဘာသာရေးနှင့် လူမျိုးရေး ကို အကြောင်းပြုပြီး ဦးတည်ဟော ပြောနေမှုများသည် လူမျိုးရေးအဓိကရုဏ်းများ ဖြစ်စေနိုင်သည့် အပြင် ယင်းအကြောင်းအရာများ အပေါ် အခွင့်ကောင်းယူပြီး နိုင်ငံရေးအမြတ်မထုတ်သင့်ကြောင်း ရခိုင်အမျိုးသားပါတီ ဥက္ကဋ္ဌ ဦးအေးသာအောင်က ပြောသည်။

0 အကြံပြုခြင်း: