Tuesday, June 24, 2014

“မဟာသန္တိသုခကျောင်းနှင့် ပတ်သက်၍ ဆရာတော်အရှင်ဆန္ဒာဓိက မိန့်ကြားချက်”


==============================================
“ကျောင်းကိုသိမ်းယူတယ်ဆိုတာ ခိုးယူတာနဲ့အတူတူပါပဲ။ ခိုးယူပြီးတော့မှ အပ်နှံတယ်
ဆိုတော့ အပ်နှံခံရတဲ့ ဒုတိယမြောက်လက်ခံသူက ခိုးရာပါပစ္စည်း လက်ခံတာနဲ့
အတူတူပါပဲ။ ပီနန်ဆရာတော်ဘုရားကြီးကို လှူစေချင်ပါတယ်ဆိုပြီး လက်မှတ်ထိုးမယ့် သံဃာတော်တွေက ၉၉.၉၉ ရာခိုင်နှုန်းရှိတယ် ”

တကယ်လို့သာ ဆရာတော်ကြီး တွေက သူတို့ကိုခွင့်လွှတ်ပေးလိုက်ပါကွာဆိုရင်
အလွယ်တကူ လွှတ်ပေးလို့ ရတယ်။ ဒကာမကြီး ဒေါ်အောင်ဆန်းစု ကြည်တောင်မှ
ဒီပဲယင်း အရေးအခင်း မှာ ကိုယ့်ကို အသေသတ်မှာကိုတောင် ခွင့်လွှတ်နိုင်ခဲ့တယ်ပေါ့။
အဲဒီတော့ လူဝတ်ကြောင် ဒကာမကြီးဒေါ်အောင် ဆန်းစုကြည်တောင်မှ ခွင့်လွှတ်
နိုင်တယ်ဆိုရင် ဗုဒ္ဓဘာသာပြန့်ပွားရေး အတွက် လုပ်ဆောင်နေတဲ့ သံဃာတော်တွေကို ဘာမှခွင့်မလွှတ်နိုင်စ ရာအကြောင်း မရှိဘူးလို့ မြင်ပါတယ်။ အဲဒီတော့ ဆရာတော်
သံဃာတော် တွေအနေနဲ့ ခွင့်လွှတ်နိုင်မယ်လို့ ယုံ ကြည်ပါတယ်။ ခွင့်လွှတ်နိုင်တဲ့
တစ်နေ့ အမြန်ဆုံးရောက်ပါစေလို့လည်း ဆုတောင်းပါတယ်။

သန္တိသုခကျောင်းတိုက်ပိုင်ဆိုင်မှု နဲ့ပတ်သက်ပြီး သတင်းစာတွေထဲမှာ လည်းပါ
နေပြီးသားပဲလေ။ ပီနန်ဆရာတော်ဘုရားကြီးဆိုတာ ဦးဇင်းတို့ စာသင်သား
ဘ၀ကတည်းက ဆရာတော်ဘုရားအတ္ထုပ္ပတ္တိတို့၊ စာရေးဆရာတွေကရေးထားတာ
အင်မတန်မှ ကြည်ညိုလေးစားခဲ့တဲ့ ဆရာတော် ဘုရားကြီးပါ။ ပြည်ပသာသနာပြု
လုပ်ငန်းတွေ စွမ်းစွမ်းတမံဆောင်ရွက်ခဲ့ တာပေါ့နော်။

အဲဒီတော့ မြန်မာပြည် ပြန်ရောက်လာတော့လည်းပဲ မြန်မာ နိုင်ငံကနေ ကမ္ဘာအနှံ့ သာသနာပြု နိုင်တဲ့ သာသနာ့အာဇာနည် ပုဂ္ဂိုလ် တွေအများကြီး ပေါ်ပေါက်
လာအောင် ဖော်ထုတ်ခဲ့တယ်။ အဲဒီတော့ သူ့ကို ကူညီခဲ့တာ ပြည်တွင်းပြည်ပက လူ တွေအများကြီးပါတယ်။ နိုင်ငံတော် လူကြီးပိုင်းဆိုင်ရာက တချို့လည်းပါ တယ်ပဲပြောရမှာပေါ့နော်။ အဲဒီတော့ ဘယ်လိုပဲဖြစ်ဖြစ် တစ်ဦးတစ်ယောက် တည်း ကုသိုလ်ကတော့မဟုတ်ဘူး ပေါ့နော်။ နိုင်ငံတော်အစိုးရပိုင်ငွေနဲ့ နိုင်ငံတော်တစ်ခု
တည်းရဲ့ကောင်းမှုနဲ့ ဆောင်ရွက်ထားတာ မဟုတ်ဘူး။ ဆရာတော်ကို ကြည်ညိုကြတဲ့
အလှူရှင်အားလုံးရဲ့ ကောင်းမှုနဲ့တည် ဆောက်ထားတာ ရေစက်ချကတည်း က သံဃာကိုလှူဒါန်းတာ။ သံဃာ ကို လှူတယ်ဆိုပေမဲ့လို့ ဒီကျောင်းကို ထိန်းသိမ်း
စောင့်ရှောက်မယ့် ပုဂ္ဂိုလ် ကတော့ အများဒကာ၊ဒကာမတွေ သတ်မှတ်ထားတဲ့
ဆရာတော်ကိုပဲ လှူဒါန်းတာ။ ဆရာတော်ဘုရားကြီး ကိုပဲ ဒီကျောင်းကို အုပ်ချုပ်စီမံဖို့
အတွက် လှူဒါန်းထားပြီးသား။ နောက် ပိုင်းကျတော့မှ အခြားအဖွဲ့တစ်ခုကို လွှဲပြောင်းလိုက်တယ်ပေါ့နော်။ မဟန က ပိုင်တယ်လို့ပြောလို့မရဘူး။
ဆိုင် တာပေါ့လေ။ ပီနန်ဆရာတော်ဘုရား ကြီးကတော့ သူ့ကိုလှူဒါန်းထားတဲ့
အတွက်ကြောင့်မိုလို့ ပိုင်တာပေါ့နော်။

၂ နှစ်သင်တန်းပေးတဲ့အချိန်တုန်း က ၂၀၀၀ ပြည့်နှစ်တုန်းက ဦးဇင်း တို့ရောက်ဖူး
ပါတယ်။ အဲဒီကျောင်း မှာ အင်မတန်မှအေးချမ်းပြီးတော့ စာရေးလို့လည်း ကောင်း၊
တရားအား ထုတ်လို့လည်း ကောင်းတဲ့နေရာ။ အဲ ဒီကတည်းက ဒီကျောင်းကို
ထိန်းသိမ်း စောင့်ရှောက်ကြတဲ့ ဂေါပကခေါင်း ဆောင်တချို့ရဲ့ ငွေကြေးအလွဲသုံးစားမှုတွေ သတင်းတော့ ကြားနေရတာ ပေါ့လေ။ အဲဒီတော့လည်း ဘာတွေ ဖြစ်မလဲဆိုတာမျိုး သံသယဖြစ်နေ ကြတာပေါ့လေ။ နောက်ဆုံးကျတော့ သူတို့ရဲ့အပြစ်တွေကို ဖုံးကွယ်
ချင်တဲ့ အတွက်ကြောင့် ဆရာတော်ဘုရား ကြီးက နိုင်ငံရေးလုပ်နေပါတယ်၊ အစိုးရကို
ဆန့်ကျင်နေပါတယ်နဲ့ အဲဒီ တုန်းက ဒကာကြီးဦးခင်ညွန့်က ဒီ ကျောင်းကို ပြန်လည်
သိမ်းယူလိုက်တာပေါ့။ အဲဒီတော့ ဆရာတော်ဘုရားကြီးကို လှူဒါန်းထားတဲ့
အတွက် ကြောင့် သိမ်းယူပိုင်ခွင့်မရှိဘူး။ တစ် နည်းပြောရင်တော့ သံဃာကို
လှူထားတာမိုလို့ ပီနန်မပိုင်ဘူး၊ မဟနပဲပိုင်တယ်ဆိုတော့ သံဃာကိုလှူထားတယ်
ဆိုမှတော့ အစိုးရလည်း ပြန် လည်သိမ်းယူပိုင်ခွင့်မရှိဘူး။

ဆရာတော်ဘုရားကြီးကိုယ်တိုင်က ကြည် ကြည်ဖြူဖြူ ကျေကျေနပ်နပ်နဲ့ စွန့်လွှတ်
လိုက်တာမဟုတ်တဲ့အတွက် ကြောင့် ဒီကျောင်းကို သိမ်းယူတယ်ဆိုတာ ခိုးယူတာနဲ့အတူတူပဲပေါ့နော်။ ခိုးယူပြီးတော့မှ အပ်နှံတယ်ဆိုတော့ အပ်နှံခံရတဲ့ ဒုတိယမြောက်လက်ခံ သူက ခိုးရာပါပစ္စည်းလက်ခံတာနဲ့ အတူတူပါပဲ။
အခုချိန်မှာ ခိုးရာပါ ပစ္စည်းဆိုတာလည်း လူတွေကလည်း သိထားပြီးသားပဲပေါ့။
ဒါပေမဲ့လည်း အကြောင်းမညီညွတ်လို့ ပြန်ပေးပိုင် ခွင့်မရှိဘူး၊ အခုချိန်မှာ မူလပိုင်ရှင်
ကပဲ ဒီကျောင်းကို အုပ်ချုပ်စီမံပြီး တော့ ကမ္ဘာ့သာသနာပြုအာဇာနည် ပုဂ္ဂိုလ်တွေ အများကြီး ပေါ်ပေါက် လာအောင် ပြုစုပေးတော့မယ်၊ မွေး ထုတ်ပေးတော့မယ်ဆိုပြီး
သတင်း စာထဲမှာ ကြေညာတာပဲလေ။ အဲဒီ သင်တန်းတွေသာ ဆရာတော်ဘုရားကြီး ဖွင့်ခွင့်ရမယ်ဆိုရင်တော့ ကမ္ဘာ့ သာသနာပြုပုဂ္ဂိုလ်တွေ အများကြီး ပေါ်ထွက်လာမှာပေါ့။

တခြားတခြားလည်းပဲ ကမ္ဘာ့သာ သနာပြု ပုဂ္ဂိုလ်တွေပြုစုပျိုးထောင် နေတာရှိပါတယ်။
ဒါပေမဲ့ ဆရာတော် ဘုရားကြီးက ပြည်ပနိုင်ငံတွေမှာ နှစ် ပေါင်း ၂၀ ကျော်သာသနာ
ပြုခဲ့တာ ဆိုတော့ ပြန်လည်မျှဝေတဲ့အခါမှာ စာသင်သားတွေ နိုင်ငံခြားသွားတဲ့ အခါ ပညာအရည်အချင်းတွေနဲ့ပြည့် စုံသွားကြတယ်။ ပြီးတော့ ဆရာတော် ဘုရားကြီး
မှာ ကျောင်းတွေ ကမ္ဘာအ နှံ့မှာ ရှိတဲ့အတွက်ကြောင့်လည်း ဒီ သင်တန်းမှာအောင်မြင်
သွားတဲ့ ပညာ အရည်အချင်းပြည့်ဝသွားတဲ့ သံဃာ တော်တွေဟာ ပြည်ပသာသနာပြု လုပ်ငန်းလုပ်ကိုင်ခွင့်လည်း ချက်ချင်း လက်ငင်းရကြရမယ်ပေါ့လေ။

အခု ခေတ်စကားနဲ့ပြောမယ်ဆိုရင် အရပ် ဘက်ဆေးတက္ကသိုလ်က ဆရာဝန် ဖြစ်သွားတဲ့ လူတွေက ဆရာဝန်ဖြစ် သော်ငြားလည်း အလုပ်အကိုင် အ ခွင့်အလမ်းမသေချာဘူး။
ဒါပေမဲ့တပ် မတော် ဆေးတက္ကသိုလ်ကနေ ဘွဲ့ ရသွားတဲ့ လူတွေကတော့ ချက်ချင်း ရာထူးလည်းရတယ်။ နေရာဌာနက လည်း ရတယ်။ အဲဒီတော့ ဆရာ တော်
ဘုရားကြီးရဲ့ကျောင်းတိုက်က တော့ အဲဒီလိုအခွင့်အလမ်းပေးနိုင် တာပေါ့လေ။
ဒါကြောင့်မို့ ဒီကျောင်း တော်ကြီးကို ဆရာတော်ကြီးကိုယ် တိုင်အုပ်ချုပ်စီမံပြီးတော့ သာသနာ ပြုခွင့်မရတာဟာ အင်မတန်ဝမ်းနည်း စရာကောင်းတယ်။

မြတ်စွာဘုရားရှင်လက်ထက်က တည်းက ရှိခဲ့တဲ့ ရှင်သာရိပုတ္တရာ၊ အရှင်မဟာ
မောကလန် အစရှိတဲ့ အ ရိယာသံဃာတော်တွေ အရှင်သူမြတ် ကြီးတွေ အပါအ၀င်ပေါ့နော်။ ခေတ် တစ်လျှောက်လုံးရှိခဲ့တဲ့ သံဃာတော် တွေအားလုံးရော၊ အခုလောလော ဆယ်ပုစ္စုပ္ပန်မှာ ရှိနေကြတဲ့ သံဃာ တော်တွေအားလုံးရော
ထိုင်း၊ လာအို၊ ကမ္ဘောဒီးယား အစရှိတဲ့ သံဃာ တော်တွေ တစ်ကမ္ဘာလုံး အရှေ့၊ နောက်၊တောင်၊မြောက် သံဃာတော် တွေအားလုံးရော နောင်တစ်ချိန်မှာ
ပေါ်ပေါက်လာတဲ့ သံဃာတော်တွေ အားလုံးရော အတိတ်၊ ပစ္စုပ္ပန်၊ အ နာဂတ်
ကာလသုံးပါးလုံးမှာ ရှိရှိသမျှ သော သံဃာအားလုံးကို လှူဒါန်းတာပါ။

ကျောင်းတိုက်တစ်ခုချင်းစီမံတာ ကျတော့ ပဋိကတ်တော်မှာလည်း ရှိ ပြီးသား။ သံဃာတော်တွေလည်းသိ ပြီးသား။ဂေါပက ဆိုတာ လုံခြုံစေသူတို့ အဓိပ္ပာယ်ရတယ်။ မြန်မာလိုဆိုရင် တော့ ဒီကျောင်းတိုက်ကို ထိန်းသိမ်းစောင့်ရှောက်
တဲ့သူပေါ့။သံဃာတော်အားလုံး လက်ခံ ထားတာက ဒီမဟာသန္တိသုခကျောင်းတိုက်ကို ထိန်းသိမ်းစောင့်ရှောက်သူ ဟာ ပီနန်ဆရာတော်ဘုရားကြီးပေါ့။ ငါးသိန်းသော သံဃာတော်တွေကို လက်မှတ်ထိုးခိုင်းမယ်ဆိုရင် ပီနန်ဆရာတော်ဘုရားကြီးကို
လှူစေချင်ပါတယ်ဆိုပြီး လက်မှတ်ထိုးမယ့်သံဃာတော်တွေက ၉၉.၉၉ ရာခိုင်နှုန်း
ရှိတယ်။

ဇော်မင်းထွန်း
အတွဲ (၂) အမှတ်စဉ် ၁၈၊ သည်လေဒီးစ် နယူးစ်ဂျာနယ်။

0 အကြံပြုခြင်း: