Thursday, June 19, 2014

တောင်ပြာတန်းလိုင်းက လျော်ကြေး ၁၅သိန်းပေးမည်ဟု သိရ



(၁၂.၄.၂၀၁၄) ရက်နေ့က တောင်ပြာတန်းကားပေါ်တွင် မီးလောင်သေဆုံးခဲ့သော
သေဆုံးသူ မိသားစုတို့သည် သမ္မတ ကြီးထံသို့ အရေးယူပေးရန်
တိုင်ကြားပြီးနောက်ပိုင်းတွင် ယာဉ်လိုင်းမှ တာဝန်ရှိသူတို့က
သေဆုံးသူများအား ယာဉ်လိုင်းမှ နစ်နာကြေး ၁၅သိန်းစီပေးမည်ဟု သိရသည်။
အစိုးရမှ နစ်နာကြေး ၅သိန်းနှင့် အာမခံကြေး ၁၀သိန်း စုစုပေါင်း
၁၅သိန်းပေးမည်ဖြစ်၍ သေဆုံးသူတစ်ဦးလျှင် ၃၀သိန်းပေးမည်ဖြစ်ကြောင်း
သိရှိရသည်။

(၁၂.၅.၂၀၁၄)ရက်နေ့တွင် တိမ်းမှောက်ခဲ့သော ရာဇာမင်းလိုင်းတွင်
သေဆုံးသူများကို အစိုးရနှင့် ယာဉ်လိုင်းမှ နစ်နာကြေး ၆၀ သိန်းပေးရန်
အစိုးရမှ ညှိနှိုင်းပေးခဲ့ပြီး အာမခံကြေးများ ဖြစ်ဖြစ်ချင်းထုတ်ပေးခဲ့သည်။
ဒဏ်ရာရသူများအားလည်း ထောက်ပံ့ကြေးများ ပေးအပ်ခဲ့သည်။

တောင်ပြာတန်းယာဉ်လိုင်းသည် ဖြစ်စဉ် ဖြစ်ပြီး ၂လကြာသည်အထိ မည်သည့်
ဆက်သွယ်မှုမှ ဆောင်ရွက်ပြီး လျော်ကြေးပေးအပ်ခြင်းမရှိဘဲ သမ္မတကြီးထံ
တိုင်ကြားပြီးနောက်ပိုင်းမှသာ ၁၅သိန်းပေးမည်ဟု သတင်းရရှိခဲ့ခြင်းဖြစ်သည်။
ရာဇာမင်းလိုင်းသည် ဘာသာခြားလိုင်းဖြစ်၍ အစိုးရကြားဝင်ခြင်းသာဖြစ်သည်ဟု
ယာဉ်လိုင်းမှ တာဝန်ရှိသူတစ်ဦးမှ ပြောကြားခဲ့ကြောင်း သိရသည်။

0 အကြံပြုခြင်း: