Saturday, June 21, 2014

တာဝန် ရှိ သူဟာ ဦးဆန်းဆင့် လား ၊ သမ္မတ လား



Thiha Thwe

အဓမ္မ လူဝတ် လဲ ခိုင်း ခဲ့ တဲ့ လုပ်ရပ် အတွက် လန်ဒန် ဆရာတော် ဦဥတ္တရ ကို သမ္မတ ကိုယ်တိုင် ရှင်းပြ ပြီး တောင်းပန်ဖို့ လို တယ် ။ အဲဒီ လို မဟုတ်ရင် တော့ သမ္မတပြောခွင့်ရ ဦးရဲထွဍ် ပြော တဲ့ သမ္မတ နဲ့ သံဃာ တွေကြား မှာ နားလည်မှု လွဲစေ တယ် ဆို တဲ့ ကိစ္စ္စ မှာ သံဃာတွေ အပေါ် အခု လို မတရား သဖြင့် အဓမ္မ လူဝတ် လဲစေပြီး ထောင်ထဲ သွင်း ခဲ့ တဲ့ ဆုံးဖြတ်ချက် နဲ့ ပတ်သပ် လို့ တာဝန် ရှိ သူဟာ ဦးဆန်းဆင့် လား ၊ သမ္မတ လား ဆို တဲ့ အဖြေ က ရှင်းမှာ မဟုတ်ပါ ။

အခု မဟာသန္တိသုခ အရေး အခင်း က ၁၉၆၂ ရန်ကုန်တက္ကသိုလ် ကျောင်းသား သမဂ္ဂ အဆောက်အဦး ကို ဗုံးခွဲ ဖျက်စီး ခဲ့ တဲ့ ကိစ္စ္စ နဲ့ တဖြည်းဖြည်း ဆင်တူလာပါတယ် ။ ဒီကိစ္စ္စ မှာ တော့ ဗိုလ်ချုပ်ကြီးနေဝင်း က သူ့ တပည့် ဗိုလ်ချုပ်အောင်ကြီး ကို ထိုးချ ခဲ့ ပါတယ် ။ တိုက်တိုက် ဆိုင်ဆိုင် ဗိုလ်ချုပ်ကြီး နေဝင်း ကလည်း ဗိုလ်ချုပ် အောင်ကြီး ဟာ သူ့ ရဲ့ ညွှန်ကြားချက် ကို ကျော်လွန် ပြီး လုပ် ခဲ့ တယ် လို့ ဆို ပါတယ် ။ ပိုပြီးတိုက်ဆိုင် တာ က ဒီအကြောင်း ကို ပြောဖို့ စကားချီ တဲ့ အခါ သူ က .. ကျွန်တော် နဲ့ ကျောင်းသား တွေကြား မှာ ကျောင်းသား သမဂ္ဂ အဆောက်အဦး နဲ့ ပတ်သပ်ပြီး အထင်လွဲနေတဲ့ ကိစ္စ္စ လေးရှိပါတယ် .. လို့ ဆိုပါတယ် ။

အခု မဟာသန္တိသုခ ကိစ္စ္စ မှာလည်း အခုလို မရှင်းမရှင်း ဖြစ်နေတဲ့ အခြေအနေ မှာ အဓိက ဇာတ်ကောင် ဖြစ်တဲ့ ဦးဆန်းဆင့် ကို ဝန်ကြီး ဌာန တစ်ခု အနေ နဲ့ ကွမ်းဖိုးဆေးဖိုး လောက် ပိုက်ဆံ ကိစ္စ္စ နဲ့ ချက်ချင်းဖမ်း ၊ ချက်ချင်း နယ်ဖက် ထောင်တခု ကို ပို့ပြီး ချုပ် ထားလိုက် တာ ဟာ နှုတ်ပိတ် တဲ့ သဘော ဆောင်နေပါတယ်။ အဲဒီ အဖြေ ကို မရှင်း နိုင် ရင် သံဃာတော် များ နဲ့ ပြည်သူ များ အနေ နဲ့ သမ္မတ အပေါ် မှာ အခု ရှိ နေ တဲ့ အကျိတ်အခဲ ဟာ ပြေ နိုင် မှာ မဟုတ်ပါ။ ဒါပေမယ့် ၊ တခုရှိ တာ က သမဂ္ဂ ကိစ္စ္စ မှာ တော့ ဗိုလ်ချုပ်ကြီး နေဝင်း က အထဲ မှာ လူတွေ ရှိ နေ တဲ့ အဆောက်အဦး ကို အုတ်နံရံ ပေါက်ထွက် အောင်စွမ်း တဲ့ ရီကွိုင်းလက်စ် Gun နဲ ပြစ် ခိုင်း ခဲ့ တာ ၊ အဲဒါ ကို ဗိုလ်ချုပ် အောင်ကြီး က (အချိန် တိုအတွင်း အလျှင်အမြန် ပြီးစီး အောင် မှန်မှန်ကန်ကန် မြန်မြန် ဆန်ဆန် ဆောင်ရွက် လိုက်တယ် ထင်ပ) အဆောက်အဦး တခု လုံး ကို ဗုံးနဲ့ ခွဲ ပြီး ဖြို လိုက်ပါတယ် ။ အထဲ က လူ တွေ ကို တော့ တစ္ဆေ ဝတ် လဲပေး လိုက်တယ် ။ အခု မဟာသန္တိသုခ ကိစ္စ္စ မှာ သမ္မတ က ဘာ တွေ ဘယ် လို ညွှန်ကြား လိုက် ပြီး ဦးဆန်းဆင့် က ဘယ်အထိ တောင်ကျော်လွန် သွား ခဲ့ လည်း ဆိုတာ ကတော့ အင်း .... ရှုပ် ပါတယ် ၊ ဦးဆန်းဆင့် နဲ့ တွေ့ မှ ပြီး မှာ ပါ ။ ဪ ဒါနဲ့ ဦးဆန်းဆင့် နဲ့ တွေ့ ဖို့ က ...... ။

0 အကြံပြုခြင်း: