Monday, May 26, 2014

တရားဝင်ကားဖြင့် ဒုက္ခရောက်ခဲ့ရသူ (ကျော်စိုးစိုး)


Kyawsoe Soe
၂၅.၅.၁၄ ရန်ကုန်မန္တလေးအမြန်လမ်း၂၄၃မိုင်
ကျနော် ယနေ့ ရန်ကုန်မှမန္တလေးသို့ Kluger ၃စီး ဆိပ်ကမ်းမှ ထုတ်ပြီးပြန်ခဲ့သည်။ ၂၄၃မိုင် ရောက်တော့ Honda, CRV မှောက်နေပါတယ်။ ကားတွေရပ် ကူညီမယ့်စိတ်နဲ့ ဓါတ်ပုံရိုက်စဉ် ရဲအရာရှိရောက်လာပြီး ကျနော်တို့ မိတ္ထီလာ လိုက်ချင်လို့ဆိုလို့ ကားတစ်စီးပေါ်တင် ၁၂နာရီ ၃၀ကျော်နေပြီမို့ သီးကုန်း Zeal မှာ၎င်း အရာရှိနဲ့အတူထမင်းစားကြပါတယ်။ ကျနော် ပိုက်ဆံရှင်းပြီးတော့ ရဲအရာရှိက သူ့သူငယ်ချင်းတွေ့လို့ လိုက်သွားတော့မယ်ပြောပြီး ကျနော့် ကားပေါ်က အထုတ်တွေပြောင်းပါတယ် အဲ့ဒီနောက် ကျနော်တို့လည်း မန္တလေးခရီးဆက်ရန် ကျနော်၊သူငယ်ချင်း၊ညီလေး ၃ယောက် ထွက်ခဲ့ကြရာ သီးကုန်း Tool Gate က ညီလေးရဲ့ကားကို ဖမ်းထားလိုက်ကြပါတယ်။ ဖုန်းဆက်လာလို့ နောက်ပြန်လှည့်တော့ ကားကို သီးကုန်းရဲစခန်းခေါ်သွားပါတယ်။ အဲ့ဒီမှာ ကျနော့်အတွေး တစ်ခုဝင်လာပါတယ်။ ကားမှောက်တဲ့ နေရာကလိုက်လာတဲ့ နှစ်ယောက်ကြောင့်လား၊ အဲ့ဒီအချိန်မှာ စားသောက်ဆိုင်တန်းမှ သူတို့ပြောင်းစီးသွားတဲ့ကားထွက်လာလို့ ရဲတွေကို အဲ့ဒီကားတားပြီး ဖမ်းလို့ အော်လိုက်ပါတယ်။ သီးကုန်းရဲတွေ ၀ိုင်းဖမ်းလို့ အဲ့ဒီကားမိလိုက်ပါတယ်။ စစ်ဆေးတော့ ကားပေါ်မှာ ဗိုလ်ကြီး ၂ဦိး၊ ရဲအရာရှိ (၁ပွင့်) ၁ယောက်၊ အရပ်သား ၁ယောက် စုစုပေါင်း ၄ယောက်မှ ရဲအရာရှိမှ မှောက်သည့်ကားမှာ သူ့ကားမှန်ကြောင်း Without ဖြစ်ကြောင်း ပြောဆိုပါတယ်။ အဲ့ဒါဆိုရင် ကျနော့်ကားကို လွှတ်လိုက်ရင်ပြီးပြီပေါ့ မလွှတ်ပဲ ကျနော့်ကို ထိုင်ခိုင်း ဘာ့ကြောင့်လဲလို့ မေးတော့ Without ကားတွေ အုပ်စုလိုက် သွားပါတယ်လို့ တိုင်တန်းချက်ရှိတယ်။ ၂၄၃မိုင် အပိုင်ရဲစခန်းက ဖုန်းဆက်ထားလို့နေပါဦးဆိုပြီး ကျနော့် ကားတွေကို စာရွက်စာတမ်းကအစ စစ်ပါတော့တယ်။ ကျနော်က အမှန်အကန်ပဲ ဘာပြသနာမှမရှိ အကုန်ပြလိုက်တယ်။ ဒါကို တဘက် စခန်းကိုမှန်ကြောင်း သီးကုန်းစခန်းက ဖုန်းဖြင့်ဆက်ပြောပေမဲ့ လက်မခံခဲ့ပါဘူး။ တိုင်တန်းချက်ရှိလို့ ကျနော်တို့ လိုက်လာပါပြီ စောင့်ပါဦးဆိုလို့ ကျနော်မှာ ၂နာရီခန့် ထပ်စောင့်လိုက်ရပါတယ်။ ရောက်လာတော့ ကျနော့်ညီကို "မင်းတို့ တားတိုင်းတင်ရင် တစ်နေ့ ဒုက္ခရောက်မှာပဲလို့ " ကျနော့်ညိကို တဘက်ရဲစခန်း စခန်းမှူးက ငေါက်ငမ်း ပြောဆိုပါတယ်။ Without ကားမှောက်တဲ့ရဲကိုကျတော့ အချင်းချင်းတွေပဲ လျှော့ပေါ့လုပ်ကြတာပေါ့လို့ ပြောပါတယ်။ ရဲဝတ်စုံနဲ့တားလို့ ကျနော့်ညီက ကားရပ်ပြီးကူညီခဲ့တာပါ။ အဲ့ဒါကြောင့်လည်း ဒုက္ခရောက်ခဲ့ကြရပါတယ်။ တရားခံမိသွားလို့ ကျနော်တို့ညီအစ်ကိုတွေ သက်သာရာရခဲ့ကြရတာပါ။ မမိခဲ့လျှင် ညအိပ်ရပြီ ထင်ပါရဲ့ အကောင်းဆုံးက ဒီလမ်းပေါ်မှာဘယ်သူတားတား ရပ်မပေးတာအကောင်းဆုံးပါပဲ။

အမှန်တရားဆိုတာ ဘယ်မှာပါလဲ၊ ကူညီပါရစေ ဆိုတာကကော ဘယ်မှာပါလဲ

0 အကြံပြုခြင်း: