Thursday, May 8, 2014

လယ်သမားများမှ ရဲကားပေါ်သို့ တက်လိုက်ခဲ့ပြီး ပေါင်းတည်ထောင်ထဲထိ ၀င်ရောက်



 ၆ရက်နေ့ မေလ တွင် သဲကုန်းမြို့ အောင်ကုန်းရွာ သပိတ်စခန်းမှ သပိတ်ခေါင်းဆောင်များဖြစ်ကြသော ရဲဘော်ပေါက်စ၊ရဲဘော်ဒေါ်ညို၊ရဲဘော်ဒေါ်မုန်း နှင့်ရဲဘော်ကျော်သူအောင် ၊ရဲဘော်သန့်ဇင်ထက်(လယ်သမားအရေးဆောင်ရွက်သူ) တို့အား ကျိန်စာတိုက်မှုအား ဦးဆောင်သူများဟု မတရားစွပ်စွဲကာ ပုဒ်မ၅၀၅(ခ) ဖြင့် တရားစွဲဆိုပြီး ရဲဘော်ပေါက်စတဦးတည်းအား အာမခံ မပေးသောကြောင့် အခြားလယ်သမားများမှ ရဲကားပေါ်သို့ တက်လိုက်ခဲ့ပြီး ပေါင်းတည်ထောင်ထဲထိ ၀င်ရောက်ပြီး ရဲဘော်ပေါက်စအားပြန်လည် ခေါ်ထုတ်ခဲ့ပြီး ထောင်ရှေ့တွင် ရဲအင်အား ၁၀၀ ကျော် မှ အကြမ်းဖက်ခြင်းကို ခံခဲ့ရသောကြောင့် ရဲဘော်ဒေါ်ညို၊ရဲဘော်ဒေါ်ဝင်း နှင့် သတင်းထောက် မာနော်တို့မှာ ပေါင်းတည်ဆေးရုံသို့ရောက်ရှိခဲ့သည်။

သဲကုန်းမြို့နယ်သိမ်းဆည်းခံလယ်သမားများ၏ အမြဲတမ်းသပိတ်စခန်း
လယ်ယာမြေပြန်လည်ရရှိရေး သပိတ်ကော်မတီ

ဆက်သွယ်ရန်-၀၉၄၂၈၁၁၀၄၉၃
-၀၉၄၂၃၇၀၁၄၀၉

မူရင်း Kaung Htet Kyaw

0 အကြံပြုခြင်း: