Friday, May 9, 2014

အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့(ဗဟို) ဆရာတော်များက နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ထံမှ သြဝါဒခံယူ


အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့(ဗဟို) ဆရာတော်များက နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ထံမှ သြဝါဒခံယူ

DSC01637ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့(ဗဟို) ဆရာတော်များက နိုင်ငံတော် သံဃမဟာနာယက အဖွဲ့ထံမှ သြဝါဒခံယူပွဲကို ယမန်နေ့ ည ၇ နာရီက မရမ်းကုန်းမြို့နယ်၊ ကမ္ဘာအေးကုန်းမြေ၊ မဟာဝိဇယ ဓမ္မသဘင်၌ ကျင်းပသည်။

သြဝါဒခံယူပွဲသို့ နိုင်ငံတော် သံဃမဟာ နာယကအဖွဲ့၊ ဥက္ကဋ္ဌဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက ဒေါက်တာဘဒ္ဒန္တကုမာရာဘိဝံသ အမှူးပြုသော နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ဝင်ဆရာတော်ကြီး ၄၇ ပါး၊ အင်းစိန်မြို့နယ်၊ ရွာမပရိယတ္တိစာသင်တိုက်၊ ပဓာနနာယက၊ အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့(ဗဟို) ဥက္ကဋ္ဌ၊ အဂ္ဂမဟာပဏ္ဍိတ၊ နိုင်ငံတော်သြဝါဒါစရိယဆရာတော် ဘဒ္ဒန္တတိလောကာဘိဝံသအမှူးပြုသော အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့(ဗဟို) ဆရာတော် ၂၂ ပါး၊ သာသနာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဆန်းဆင့်၊ ဒုတိယဝန်ကြီး ဦးစိုးဝင်း၊ နိုင်ငံတော်သမ္မတရုံး အကြံပေးပုဂ္ဂိုလ် ဦးအံ့မောင်၊ ညွှန်ကြားရေးမှူးချုပ် ဦးခိုင်အောင်၊ ဒုတိယညွှန်ကြား ရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများနှင့် သာသနာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့(ဗဟို)မှ ဥပါသကာများ တက်ရောက်ခဲ့ကြသည်။

သြဝါဒခံယူပွဲကို နမောတဿ သုံးကြိမ်ရွတ်ဆို ဖွင့်လှစ်၍ အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေး အဖွဲ့(ဗဟို) ဥက္ကဋ္ဌဆရာတော်က ဦးစွာလျှောက်ထားရာတွင် ယခုလတ်တလော အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့နှင့်ပတ်သက်၍ မလိုလားအပ်သည့် သတင်းထုတ်ပြန်ချက်များကို အင်တာနက်များ၊ မီဒီယာများ၊ စာနယ်ဇင်းများ၌ တွေ့နေရပါကြောင်း၊ ထိုသတင်းများထဲတွင် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ကို အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့က ဦးဆောင်၍ ကန့်ကွက်မည်၊ ဆန္ဒပြမည်၊ ဖြတ်ချမည်စသော သတင်းများလည်း တွေ့နေရ၊ ကြားသိနေရပါ ကြောင်း၊ ထိုကိစ္စမျိုးကို အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့က လုပ်ဆောင်ရန် လုံးဝ အစီ အစဉ်မရှိပါကြောင်း၊ နောင်လည်း ပြုလုပ်လိမ့်မည်မဟုတ်ကြောင်း၊ လုပ်ဆောင်နေသူများကိုလည်း အားပေးအားမြှောက်ပြုမည်မဟုတ်ကြောင်း၊ အဆိုပါသတင်းမျိုးကို ဖန်တီးမှုများသည် တိုင်းပြည်၏ စည်းလုံးညီညွတ်ရေးကို ပျက်ပြားအောင်၊ အမျိုးဘာသာသာသနာပျက်စီးအောင် ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်နေမှုများသာ ဖြစ်ပါကြောင်း၊ အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့၏ သဘောထားမှာ ၁၃၇၆ ခု၊ ကဆုန်လဆန်း ၁၃၊ ၁၄၊ ၁၅ ရက်များတွင် ကျင်းပမည့် ဂိုဏ်းပေါင်းစုံ သံဃအစည်းအဝေးပွဲကြီးကို ကြိုဆိုထောက်ခံပါကြောင်း၊ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၏ သာသနာတော် တည်တံ့ရေး၊ ပြန့်ပွားရေးလုပ်ငန်းကို စွမ်းနိုင်သလောက် နိုင်ငံတော်သံဃမဟာ နာယကအဖွဲ့ကြီးနှင့် ပူးပေါင်းဆောင်ရွက်မည်သာဖြစ်ပါကြောင်း၊ နိုင်ငံတော်အစိုးရနှင့် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့တို့အတွက် အမျိုးဘာသာသာ သနာစောင့်ရှောက်ရေးကိစ္စများကို တစ်တပ် တစ်အား ကူညီဆောင်ရွက်ပေးသွားမည်သာဖြစ်ပါကြောင်း၊ ထိုသို့ဆောင်ရွက်ရာ၌ အခြားလူမျိုး၊ အခြားဘာသာများကို နှောင့်ယှက်ဟန့်တားဖျက်စီးရန် လုံးဝအစီအစဉ် မရှိပါကြောင်း၊ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်အတွင်း လူမျိုးရေး၊ ဘာသာရေးပဋိပက္ခများ မဖြစ်ပေါ်စေရန်သာ ဖြစ်ပါ ကြောင်း၊ အမျိုးဘာသာသာသနာအတွက် အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့၏ အဖွဲ့ အစည်းအဆင့်ဆင့်များသည် မိမိတို့ရည်ရွယ်ချက်နှင့် လုပ်ငန်းစဉ်များကို ဆက်လက်ဆောင်ရွက် ကြရန် တိုက်တွန်းကြောင်း၊ အမျိုးစောင့် ဥပဒေ ပေါ်ပေါက်ရေးအတွက် အကောင်အထည်ပေါ်အောင် ဆက်လက်ဆောင်ရွက်မည်ဖြစ်ပါကြောင်းနှင့် ၂၀၁၄ ခုနှစ်၊ ဇွန်လ ၂၁ – ၂၂ ရက်နေ့ကို အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့၏ နှစ်ပတ်လည်ညီလာခံကျင့်ပမည့် နေ့ရက်အဖြစ် သတ်မှတ်အတည် ပြုပါကြောင်း လျှောက်ထားသည်။

မဟနနှင့် မဘသ အမျိုးဘာသာကိစ္စများ ပူးပေါင်းဆောင်ရွက်ရန် သဘောတူ
Friday, May 9, 2014
မင်းဟိန်းကျော်
ရန်ကုန်

မျိုးစောင့်ဥပဒေ ပြဋ္ဌာန်းနိုင်ရေးအတွက် ဦးစီး ဆောင်ရွက်နေသော အင်းစိန်ရွာ မဆရာတော်ကြီးဦးဆောင်သည့် အမျိုးဘာသာ သာသနာစောင့် ရှောက်ရေးအဖွဲ့(မဘသ)အား နိုင်ငံတော် သံဃမဟာနာယက အဖွဲ့(မဟန)မှအသိအမှတ်ပြု လက်ခံ၍ အမျိုးဘာသာကိစ္စရပ်များကို လက်တွဲဆောင်ရွက်ရန် သဘောတူညီမှုရခဲ့ကြောင်း သတင်းရရှိသည်။ အမျိုးဘာသာ၊ သာသနာ စောင့်ရှောက်ရေးအဖွဲ့ (ဗဟို) အနေဖြင့် နိုင်ငံတော်သံဃမဟာ နာယက ဆရာတော်ကြီးများထံမှ အသိအမှတ်ပြုသြဝါခံယူခြင်း အခမ်းအနားကို ယခုလ ၈ ရက် ည ၇ နာရီတွင် ကမ္ဘာအေးကုန်း မြေမဟာဝိဇယ ဓမ္မသဘင်တွင် ကျင်းပခဲ့ပြီး မဟနအနေဖြင့် မဘသအား ပထမဆုံးအကြိမ် လက်ခံတွေ့ဆုံသြဝါဒပေးခဲ့ခြင်း ဖြစ်သည်။

ထုတ်ပြန် အတည်ပြုထား သော သံဃာစည်းမျဉ်းများအရ သံဃာ့အဖွဲ့အစည်းများမှာတစ်ခု တည်းရှိရမည်ဆိုသည့်မူသဘော ရှိသဖြင့် သံဃာ့နာယကအဖွဲ့အ နေဖြင့် သံဃာ့အဖွဲ့အစည်းများ၊ ဘာသာရေး အဖွဲ့အစည်းများ အား ယခင်က လုံးဝအသိအမှတ် ပြုခဲ့ခြင်းမရှိသော်လည်း အမျိုး၊ ဘာသာ၊ သာသနာစောင့်ရှောက် ရေးအဖွဲ့ကိုမူ သံဃာများဆောင် ရွက်သည့်သီးခြားလွတ်လပ်သော ဘာသာရေး အဖွဲ့အစည်းအဖြစ် အသိအမှတ်ပြုကာ လက်တွဲ ဆောင်ရွက်ရန် သဘောတူညီခဲ့ ခြင်းခြင်းသည်။

‘‘အမျိုးဘာသာ၊ သာသနာ စောင့်ရှောက်ရေးအဖွဲ့ အနေနဲ့ နိုင်ငံတော် သံဃမဟာနာယက အဖွဲ့ကို ကူညီဆောင်ရွက်ဖို့သာ ရည်ရွယ်ဖွဲ့စည်းထားတာဖြစ်ပါ တယ်။ မဟာနာယက အဖွဲ့ကို အတိုက်အခံလုပ်ဖို့၊ ဖျက်ဆီးဖို့ မဟုတ်ပါဘူး။ သံဃမဟာနာယ ကအဖွဲ့အနေနဲ့ ဆောင်ရွက်လို့ မသင့်တဲ့ကိစ္စတွေမှာ ဝင်ရောက် ဆောင်ရွက်ပေးဖို့သာ ဖြစ်ပါ တယ်’’ ဟု မဘသ(ဗဟို)ဥက္ကဋ္ဌ အင်းစိန်ရွာမ ဆရာတော် ဦးတိ လောကဘိဝံသက မဟနဆရာ တော်များသို့လျှောက်ထားသည်။

မိမိတို့အနေဖြင့် အမျိုးဘာ သာ၊ သာသနာကာကွယ်ရေး အတွက် လိုအပ်ချက်ကြောင့် ယခုအသင်းကြီးကို ဖွဲ့စည်းဆောင်ရွက်ခဲ့ရခြင်းဖြစ်ပြီး မည်သည့်ဘာသာ၊ ပုဂ္ဂိုလ်၊ ပါတီ၊ အဖွဲ့အစည်းကိုမျှ တိုက်ခိုက်လိုစိတ်မရှိကြောင်း၊ ဘာသာရေး၊ လူမျိုးရေးပဋိပက္ခများ မဖြစ်ပေါ်စေရန်အတွက် ဆောင်ရွက်နေခြင်းသာဖြစ်ကြောင်း အင်းစိန်ရွာမဆရာတော်ကြီးက မိန့်သည်။

‘‘အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့အနေနဲ့အ ခုလို သံဃမဟာနာယကအဖွဲ့နဲ့ လက်တွဲဆောင်ရွက်မယ်ဆိုတာ ကို ၀မ်းမြောက်ဝမ်းသာကြိုဆိုပါ တယ်။ နှစ်ဖက်က အတိုက်အခံ တွေမှမဟုတ်ဘဲ။ ဒါကြောင့် သံဃ မဟာနာယကအနေနဲ့အမျိုးဘာ သာသာနာစောင့်ရှောက်အဖွဲ့နဲ့ တွဲပြီးလုပ်ဖို့ အဆင်သင့်ပါပဲ’’ ဟု သံဃမဟာနာယက ဥက္ကဋ္ဌ ဗန်း မော်ဆရာတော်ကြီးက သြ၀ါဒပေးရာတွင် ထည့်သွင်းမိန့်ကြား သည်။

ဥက္ကဋ္ဌဆရာတော်ကြီးက မိမိ အနေဖြင့်အချက်သုံးချက်ကိုသာ သြ၀ါဒပေးလိုကြောင်း၊ ညီညီညွတ်ညွတ်လုပ်ကြရန်၊ တိုင်တိုင်ပင်ပင်လုပ်ရန်၊ နိုင်ငံနှင့် ချီသော ကိစ္စရပ်များကို လုပ်ဆောင်မည်ဆိုပါက မဟနနှင့်တိုင်ပင်ဆောင်ရွက်ကြရန် စသည့် အချက်သုံးချက်ကိုမိန့်ကြားခဲ့ပြီး အင်းစိန်ဆရာတော်ကြီးက လိုက်နာဆောင်ရွက်မည်ဖြစ်ကြောင်း ပြန်လည်လျှောက်ထားခဲ့သည်။

သာသနာတော်ကြီး အရှည် တည်တံ့ပြန့်ပွားရေးကို ရည်သန် ၍ ယခုကဲ့သို့ ပူးပေါင်းဆောင်ရွက် ခြင်းဖြစ်ပြီး မိမိတို့ညီညွတ်မှသာ အမျိုးဘာသာ၊ သာသနာအကျိုး အတွက် ရေရှည်ရပ်တည်ဆောင် ရွက်နိုင်မည်ဖြစ်ကြောင်းဗန်းမော် ဆရာတော်ကြီးကမိန့်ကြားသည်။

ပြင်ပတွင် ကောလာဟလ ထွက်ပေါ်နေသော မဟနအဖွဲ့ကို ဆန့်ကျင်ဆန္ဒပြမည့်ကိစ္စရပ်များ ပြုလုပ်မည် ဆိုခြင်းနှင့် မကြာမီ ကျင်းပမည့်ဂိုဏ်းပေါင်းစုံအစည်း အဝေးအား ဖျက်ဆီးမည်ဆိုသည့် ကိစ္စရပ်များကို လုံးဝခွင့်ပြုမည်မဟုတ်ကြောင်း မဘသ (ဗဟို)မှ ယခုလ ၈ရက်တွင် သဘောထား ကြေညာချက်ထုတ်ပြန်သည်။
http://7daydaily.com/story/10424#.U2y6lFfDXrc

0 အကြံပြုခြင်း: