Monday, May 12, 2014

သန်း ၆၀ တောင်းဆိုရင် ပြင်ပေးမယ်။( ဦးအောင်မင်း )



၂၀၀၈ ဖွဲ့စည်းပုံက ကျွန်တော်တို့ ပိုင်တာမဟုတ်ဘူး။
 ဖွဲ့စည်းပုံကို ပိုင် တာ ပြည်သူ သန်း ၆၀ ကျော်က ပိုင်တာ။
 သန်း ၆၀ တောင်းဆိုရင် ပြင်ပေးမယ်။
တည်မြဲနေတဲ့ ဥပဒေ ဆိုတာ မရှိဘူး။

ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း
By Mizzima Daily 12- 05- 2014
=========================================
နာဂစ် ဖွဲ့စည်းပုံက ပြည်သူနဲ့ဆိုင်လဲမဆိုင်ဖူး၊ပိုင်လဲမပိုင်ဖူး၊
သူတို့ဖါသာတသိန်းကျော်သေကြေပျက်ဆီးတာတောင်ရက်
မရွှေ့နိုင်ပဲအတင်းလုပ်ယူခဲ့တာ။
တရားမ၀င်တဲ့၂၀၀၈ ဖွဲ့စည်းပုံကိုအခုမှသန်း ၆၀ တောင်းဆိုရင်
 ပြင်ပေးမယ် တို့ဘာတို့ နဲ့ရောမချနဲ့၊
နာဂစ်သွေးတွေနဲ့တခါထဲမျောလိုက်ရမှာ.....

2 အကြံပြုခြင်း:

Anonymous said...

"ပြောရပြန်ရင်လဲ အောင်မင်းရယ် နင်ကလွန်ပါတယ်။ လိမ်တယ်ညာတယ်လူညာကြီးရယ်၊ ယုံအောင်ဖြီးတော့တယ်။"

Htun Aung Kyaw said...

ကြံ့အ ပေါင်းအပါ လူ တစ်ဆယ့်သုံးသန်း က မျိုးစောင့် ဥပဒေ ပြဌာန်းဖို့ လက်မှတ်ထိုး တင်ပြတော့ ပြောင် ကြီးက ကြောင် တောင်တောင် နဲ့ လွတ်တော်ကို တင်ပြပေးတယ်။ မြန်မာနိုင် ငံမှာ နေ့စဉ်နဲ့ အမျှ ဖွဲ့စည်းပုံ ပြင်ပေးဖို့ တောင်းဆိုနေတာကိုတော့ ပြောင်ကြီး က အတိတ်မေ့သလိုလို ရွှေပျောက်သလို လုပ်နေတယ်။ ဟိုကောင် အောင် မင်း စကားပြောရင် လူလို စဉ်စားပြော။ မင်းတို့ ဖွဲ့စည်းပုံ မင်းတို့ရေး မင်းတို့ ထောက်ခံထားတာ။ ပြည်သူတွေ ထောက်ခံထားတဲ့ ဖွဲ့စည်းပုံ မဟုတ်ဘူး။