Saturday, May 17, 2014

သွေးခွဲတဲ့ စကားတွေပြောနေတာ ကျွန်မတို့ အများကြီး သတိထားရမယ်

collect from ဒီမို ဖက်တီး

"ဟိုဟာလေးကွက်ပြင်ပေးမယ်။ ဒီဟာလေးကွက် ပြင်ပေးမယ် လုပ်တာ ကျမ မကြိုက်ဘူး။ ဒါဟာ ကျမတို့ကို သွေးခွဲနေတာ။ ကျမတို့နဲ့ တိုင်းရင်းသားတွေ အကြား သွေးခွဲနေတာ။"


"ကျွန်မတို့ တစ်ယောက်နဲ့ တစ်ယောက် အထင်မြင်လွဲအောင်လို့ အခု ၅၉ (စ) ၊ ၄၃၆ ပြင်ချင်တယ်တာတို့ ဆိုတာဟာ ဗမာတွေက ဗမာတွေအတွက်ပဲ လုပ်နေတာ။ ဒါထက် ပိုပြီးပြောလိုက်လို့ ရှိရင် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်က၂၀၁၅ ရွေးကောက်ပွဲ နိုင်ချင်လို့ လုပ်နေတာပဲလို့ ပြောတာတွေရှိတယ်။ ဒါ တိုင်းရင်းသားတွေရဲ့ အရေး မပါဘူး လို့ တိုင်းရင်းသားတွေဘက် လှည့်မကြည့်ဘူးလို့  ဒီလိုသွေးခွဲတဲ့ စကားတွေပြောနေတာ ကျွန်မတို့ အများကြီး သတိထားရမယ်။"
တကယ်ပြန်ကြည့်မယ်ဆိုရင် ဖယ်ဒရယ်မူ ဆိုတဲ့ စကားလုံး ကို ပြောရင် အာဏာပိုင် က ရာဇဝတ်မှု လိုကြည့်နေတဲ့ အချိန်ထဲက ကျွန်မတို့ တိုင်းရင်းသားတွေ အတွက် ရဲရဲဝံ့ဝံ့ တစိုက်မတ်မတ် ပြောခဲ့တာပါ ။" နိုင်ငံရေး လုပ်ချင်လို့ရှိရင် တပ်ထဲက ထွက်။ ဒါဟာ ပညာကိုလည်း ပြတယ်။ သတ္တိ ကို လည်း ပြတယ်။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုနဲ့ ပြည်သူတွေ အပေါ်မှာထားတဲ့ စေတနာ ကိုလည်း ပြတယ်။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ရှိလို့ရှိရင် ဘယ်အဖွဲ့အစည်း၊ ဘယ် အာဏာကိုမှ အားကိုးစရာမလိုဘူး”"တပ်မတော်သားတွေ..ပြည်သူတွေထက် အခွင့်ရေးပိုယူတာ ဝမ်းသာစရာ ဂုဏ်ယူစရာ ကောင်းနေလို့လား"၂၀၁၅ ရွေးကောက်ပွဲမှာနိုင်ချင်လို့လား။ နိုင်ချင်ရင် ပြည်သူ့ရဲ့အသည်းနှလုံးပဲရအောင်လုပ်ရမှာပဲ။ အခြားနည်းတွေတော့ မရဘူးထင်ပါတယ်။ မမျှတတဲ့ရွေးကောက်ပွဲ ဥပဒေတွေနဲ့ပဲဖြစ်ဖြစ်၊ မမျှတတဲ့ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ပဲဖြစ်ဖြစ်၊ မမျှတတဲ့ နည်းတွေနဲ့ပဲဖြစ်ဖြစ်၊ ၂၀၁၅ ရွေးကောက်ပွဲကို နိုင်မယ့်အစား မနိုင်တာကမှ ပိုသိက္ခာရှိတယ်လို့ ကျွန်မပြောချင်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်
ဗိုလ်စိန်မှန်ကွင်း၊ ၁၇-၅-၂၀၁၄။

ကိုမင်းကိုနိုင် ဒီနေ့ပြောသွားတာလေး...
({( မသာအိမ်ကို မီးကွင်းပစ်ပြီး အတည်ပြုခဲ့တဲ့ အခြေခံဥပဒေ )}) 

နာဂစ်ဒဏ်ခံနေရလို့ ဝမ်းနည်းဒုက္ခရောက်နေတဲ့ လူထုကို ၂၀၀၈ အခြေခံဥပဒေ အတည်ပြုခိုင်းခဲ့တာဟာ အသုဘအိမ်ကို မီးကွင်းပစ်တဲ့ လုပ်ရပ်ပါပဲ။“ခေတ်အဆက်ဆက်က လူကို လူခြင်း လက်နက်နဲ့ အနိုင်ကျင့်ပြီးတော့ ဓားထက်တဲ့သူ ဘုရင်ဖြစ်စတမ်း ဆိုတဲ့ တောရိုင်း ဥပဒေကြီးကို ပြင်ပေးကြပါ။ ကျနော်တို့ ပြည်သူတွေ က ဥာဏ်အမျှော်အမြင် ရှိတယ်။ ရွေးချယ် ဆုံးဖြတ်နိုင်တယ်။ သတ္တိလည်း ရှိတယ် ဆိုတာကို ပြတဲ့အနေနဲ့ အခြေခံ ဥပဒေကို ပြင်ပေးကြပါ" ''ဖွဲ့စည်းပုံ အခြေခံဥပဒေကို ရေးဆွဲစဉ်ခါတုံးက တိုင်းပြည်ရဲ့ထိပ်တန်း ပုဂ္ဂိုလ်တွေ ပါတယ် လို့ ပြောကြပါတယ်။ ဘယ်လိုလူ တွေပါသလဲ။ ပြည်သူလူထုကို ကိုယ့် အသွေးအသားလို့ သဘောထား ရမယ့်အစား ပြည်သူလူထုက တစုံတရာ လိုချင်လို့ ငြိမ်းချမ်းစွာပြောတော့မယ် ဆိုတာနဲ့ အကြမ်းဖက်နှိမ်နင်းတဲ့ နေရာမှာ ထိပ်တန်းကျတဲ့ ပုဂ္ဂိုလ်တွေလား။ ပြည်သူတွေ ပိုင်တဲ့ ၊ နောက်မမွေးသေးတဲ့ ကလေးတွေပါ ပိုင်တဲ့ ပြည်ထောင်စုကြီးရဲ့ သယံဇာတတွေကို ကြောက်လို့ပဲဖြစ်ဖြစ်၊ အခွင့်အရေး အတွက်ပဲဖြစ်ဖြစ် လက်ညှိုး ထိုးပြီး ဈေးပေါပေါနဲ့ ရောင်းစားခဲ့တဲ့ ထိပ်တန်း ပုဂ္ဂိုလ်တွေလား။''" ပြည်သူလူထုဟာ သခင်ဖြစ်တယ်ဆိုတာကို ပြဖို့လိုပါပြီ။ သခင်စိတ် သခင်အကြံနဲ့ သခင်တို့ရဲ့ ဒေါင်းအလံကို လွှင့်ထူဖို့အတွက် ငါတို့ တိုင်းတစ်ပါးကျွန်၊ စစ်တပ်ကျွန် ဘယ်ကျွန်မှ မခံဘူးဆိုတာ ပြဖို့ ဒီနေ့ စုဝေးတာဖြစ်ပါတယ် ""ဒီကနေ့ဟာ လူထုရဲ့အရေအတွက် အင်အားနဲ့ပြရတဲ့ပွဲမျိုး မဟုတ်ဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ တကယ်တမ်းသာ အရေအတွက်အင်အားပြရမယ်ဆိုရင် ဟောဒီ ရန်ကုန်မြို့ တစ်မြို့လုံး၊ စည်ပင်သာယာနယ်နမိတ်တစ်ခုလုံး လူပင်လယ်ကြီး ပြည့် သွားအောင်၊ လမ်းတွေပေါ်ပြည့်လာအောင် ကျနော်တို့အားလုံး ဖန်တီးနိုင်ပါတယ်။ လိုအပ်ခဲ့ရင် အားလုံး လမ်းတွေပေါ်မှာ ပြည့်သွားအောင်အထိ စွမ်းဆောင်လည်း စွမ်းဆောင်နိုင် မယ်။ စွမ်းဆောင်လည်း ပြခဲ့ပြီးပါပြီ။ လိုအပ်တယ်ဆိုရင် အင်အားကိုပြတာမျိုး အရေအတွက်ကို ပြတာမျိုး ကျနော်တို့ လုပ်နိုင်ပါတယ်။ ဒါပေမယ့် ဒီကနေ့ကျနော်တို့က အရေအတွက်အင်အားကိုပြပြီး ခြိမ်းခြောက်တာမျိုး မဟုတ်သေးပါဘူး။ ဘာကိုပြတာလည်း ဆိုတော့ ကျနော်တို့ပြည်သူလူထုရဲ့ အရည်အချင်းကို ပြတာပါ။ အရည်အချင်း ဆိုတာ ဘာလဲဆိုတော့ ပြည်သူလူထုဟာ ဘာမှ မသိနားမလည်တဲ့ကောင်တွေကွာလို့ အဲဒီအဓိပ္ပာယ်နဲ့ တင်းကြပ်ပြီး စည်းကမ်းပြည့်ဝတဲ့ ဒီမိုကရေစီဆိုပြီး သူတို့ပြထားတယ်။ ကျနော်တို့ပြည်သူလူထုဟာ အခုကြည့်ပါ။ ငြိမ်သက်စွာ စည်းကမ်းရှိစွာနဲ့ နားထောင်တယ်။ ဒီမှာ လူထုခေါင်းဆောင် ရှိတယ်။ သူကသာ ပြည်သူလူထုကြီး မတ်တပ်ရပ်ပြလိုက်ပါဆိုရင် အားလုံး မတ်တပ်ရပ်ပြမယ် မဟုတ်လား။ ပြည်သူလူထုကြီး လက်တွေ အားလုံးမြှောက် လိုက်ပါဆိုရင် မြှောက်မယ် မဟုတ်လား။ "
ဦးမင်းကိုနိုင်
ဗိုလ်စိန်မှန်ကွင်း၊ ရန်ကုန်
မေလ ၁၇ရက်၊ ၂ဝ၁၄

0 အကြံပြုခြင်း: