Saturday, May 17, 2014

အဖွဲ့ချုပ်ကပုဒ်မ ၄၃၆ ပြင်ဆင်ရေး လက်မှတ်ရေးထိုး လှုပ်ရှားမှု၂ လကြာမည်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ ၂၀၀၈ ဖွဲ့စည်းပုံ ပုဒ်မ ၄၃၆ ပြင်ဆင်ရေးမှာ ပြည်သူလူထုက လက်မှတ်ရေးထိုး ပါဝင်လာရေး လှုပ်ရှားမှုတရပ်ကို လာမယ့် မေလ ၂၇ ရက်ကစပြီး ၂ လကြာ ပြုလုပ်တော့မှာဖြစ်ပါတယ်။
ပုဒ်မ ၄၃၆ ကို ဘာ့ကြောင့် ပြင်ဖို့ လိုသလဲဆိုတာကို ပြည်သူတွေ သိအောင် ပြောဆိုရှင်းပြရင်း လက်မှတ်ကောက်ယူသွားမှာဖြစ်တယ်လို့ အဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် ဦးဥာဏ်ဝင်းက ပြောပါတယ်။
ရရှိတဲ့ လက်မှတ်စာရင်းတွေကို ပြည်သူ့လွှတ်တော်ထံ ပေးပို့ဖို့ အစီအစဉ်လည်း ရှိတယ်လို့ ဆိုပါတယ်။
ပြည်သူတွေအနေနဲ့ ဒီ လက်မှတ်ထိုး လှုပ်ရှားမှုမှာ ဘယ်ပုံဘယ်နည်း ပါဝင်နိုင်ကြမလဲ စတဲ့ အကြောင်းတွေ သိရအောင် ဦးဥာဏ်ဝင်းကို ဒီဗွီဘီ ၀ိုင်းတော်သား ကိုရွှေအောင်က ဆက်သွယ် မေးမြန်းထားပါတယ်။

2 အကြံပြုခြင်း:

Anonymous said...

ဒေါ်အောင်ဆန်စုကြည်တို. NLD ကတော. တကယ်ပါ ၊ သူအိမ်ရှေ. ဆန္ဒလာပြတော. ၊ မလုပ်ပါနဲ. ရုံးကိုစာလာတင်ပါတဲ. ၊ နောက်ကွယ်မှာကြတော. လမ်းထွက်ပြကြဖို. မြှောက်ပင်.ပေးနေတယ် ၊ ဒီတခါ မြေယာသိမ်းခံထားရတဲ.ပြည်သူတွေကို ( ၈၈ ) ရုံးရှေ. ဆန္ဒပြခိုင်းကြည်.ရမယ် ၊ သူတို.ကောဘာပြောမလည်းသိချင်လို.ပါ ၊ ကိုယ်ဆီကြတော.အလာမခံဘူး ၊ လမ်ဘေးမှာကြတော. တနေကုန်ပြကြပါ ၊မရမခြင်းပြကြပါဆိုပြီးမြှောက်ပေးတယ် ၊ တော်တော် ပြည်သူတွေကိုချစ်ကြတာဘဲနော် ၊ နိင်ငံရေးသမားစစ်စစ်တွေပါ ။

Anonymous said...

ကြောင်လှချည်လား
ဒီပြသ၁နာက သူတို့လုပ်တာမှမဟုတ်တာ
တကယ်က လွှတ်တော် ဒါမှမဟုတ် ကာချုပ်ရုံးရှေ့မှာ
ပြရမှာ။