Thursday, May 29, 2014

ပုဒ်မ ၄၃၆ ဆိုတာ ဘာလဲ၊ ဘာလို့ ပြင်ဆင်ရတာလဲ ”


ပုဒ်မ ၄၃၆ ဆိုတာ ဘာလဲ၊ ဘာလို့ ပြင်ဆင်ရတာလဲ ”

အဓိကအားဖြင့် ၂ ချက် ရှိပါတယ်။

၁။ စစ်တပ် ထိပ်သီးပိုင်း (သို့) ကာကွယ်ရေး ၀န်ကြီးချုပ်က
တိုင်းပြည်ရဲ့ ကံကြမ္မာကို စီမံနိုင်ခွင့် (သို့) ချယ်လှယ်နိုင်ခွင့် အပြည့်အ၀ ရရှိနေခြင်း

အထွေအထူး ပြောစရာလိုမယ် မထင်ပါ။
ကာကွယ်ရေး ဦးစီးချုပ်က လုပ်ပိုင်ခွင့် မှန်သမျှကို ထိန်းချု့ပ်ထားကာ စစ်ကျွန်ပြုဖို့
 ရေးဆွဲထားတာကို ပြင်မရအောင် လုပ်ထားတဲ့ ပုဒ်မ ဖြစ်နေလို့ပါ။

၂။ ကမ္ဘာပေါ်တွင် ခေတ်အရ လိုအပ်ပါက ပြင်ဆင်ရန်
အခက်ခဲဆုံး အခြေခံ ဥပဒေ ဖြစ်နေခြင်း

ဖွဲ့စည်းပုံ အခြေခံ ဥပဒေမှာ ၎င်းတို့ ကိုယ်ကျိုးအတွက်၊
သားစဉ်မြေးဆက် စစ်ကျွန်ပြုနိုင်ဖို့ သေချာ ရေးဆွဲထားတဲ့ …

အခန်း (၁) နိုင်ငံတော် အခြေခံမှုများ ………………... ပုဒ်မ ၁ မှ ၄၈ ထိ
အခန်း (၂) နိုင်ငံတော် ဖွဲ့စည်းတည်ဆောက်ပုံ ……… ပုဒ်မ ၄၉ မှ ၅၆ ထိ
အခန်း (၃) နိုင်ငံတော် အကြီးအကဲ …………………. ပုဒ်မ ၅၉ မှ ၆၀ ထိ
အခန်း (၄) ဥပဒေပြုရေး ……………………………. ပုဒ်မ ၇၄၊ ၁၀၉၊ ၁၄၁၊ ၁၆၁
အခန်း (၅) အုပ်ချုပ်ရေး …………………………….. ပုဒ်မ ၂၀၀၊ ၂၀၁၊ ၂၄၈၊ ၂၇၆
အခန်း (၆) တရားစီရင်ရေး ………………………..... ပုဒ်မ ၂၉၃၊ ၂၉၄၊ ၃၀၅၊ ၃၁၄၊ ၃၂၀
အခန်း (၁၁) အရေးပေါ်ကာလဆိုင်ရာ ပြဋ္ဌာန်းချက်များ . ပုဒ်မ ၄၁၀ မှ ၄၃၂ ထိ
အခန်း (၁၂) ဖွဲ့စည်ဒပုံ အခြေခံဥပဒေ ပြင်ဆင်ခြင်း ….. ပုဒ်မ ၄၃၆

မှာ ပါရှိတဲ့ ပြဋ္ဌာန်းချက်များကို ပြင်ဆင်လိုလျှင် …

ဘယ်နိုင်ငံရဲ့ အခြေခံ ဥပဒေမှာမှ မရေးဆွဲထားတဲ့ …

၁။ ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ် အားလုံးရဲ့ “ ၇၅% ကျော် ” က ပြင်ဆင်ရန် သဘောတူရမယ်။

*** ပုံမှန်အားဖြင့် နိုင်ငံတကာတွင် ပြည်သူလူထု ရွေးချယ်ထားသော ၁၀၀% ကိုယ်စားလှယ် မှ ၃ပုံ ၂ပုံ
သဘောတူညီမှုရက ပြင်ဆင်နိုင်။
*** မြန်မာနိုင်ငံတွင် ပြည်သူလူထု ရွေးချယ်နိုင်သော ကိုယ်စားလှယ် ၇၅% သာရှိ။
စစ်တပ်မှ ၂၅% အလိုအလျောက် နေရာယူထား။

၂။ ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ် ၇၅% ကျော်မှ သဘောတူညီမှ ဒုတိယအဆင့် …
ပြည်လုံးကျွတ် ပြည်သူ့ဆန္ဒ ခံယူပွဲ ကျင်းပကာ ဆန္ဒမဲ ပေးပိုင်ခွင့်ရှိသူ အားလုံးရဲ့ ၅၀ % ကျော်က သဘောတူညီမှ ပြင်ဆင်နိုင်တယ်။
*** ဒီနေရာမှာ ဆန္ဒမဲ ပေးပိုင်ခွင့်ရှိသူ အားလုံး နဲ့ ဆန္ဒမဲ ပေးသူအားလုံး လုံးဝ (လုံးဝ)
အဓိပ္ပါယ် မတူညီဘူးဆိုတာကို နားလည် သဘောပေါက်ဖို့ လိုပါတယ်။

ဥပမာ … ။ ဆန္ဒမဲ လာပေးသူရဲ့ ၈၀% က သဘောတူဦး။
မဲပေးပိုင်ခွင့်ရှိသူ ၅၀% ကျော် အရေအတွက် မဟုတ်ရင် မပြင်နိုင်ပါဘူး။

ဒါကြောင့် ဒီ ပုဒ်မ ၄၃၆ ကို မပြင်မဖြစ် ပြင်ဆင်ရပါမယ်။
ဒါမှ တိုင်းပြည်ကို စစ်ကျွန်ပြုဖို့ လူမဆန်စွာ ရေးဆွဲထားတဲ့ အခြေခံ ဥပဒေပါ
ကျန်သော ပုဒ်မများကို ပြင်ဆင်နိုင်မှာ ဖြစ်ပါတယ်။

စစ်ကျွန် အာဏာရှင်ကျွန် လူ့ကျွန်
ဘယ်သူ့ကျွန်မှ တို့မခံ
လူထုအားနဲ့ တို့တွန်းလှန်

“ ၂၀၁၅ တွင် စစ်အာဏာရှင် မှန်သမျှ ကျဆုံးစေရမည် ”

လေးစားခင်မင်စွာဖြင့်

စိုးထွန်း

0 အကြံပြုခြင်း: