Thursday, May 15, 2014

ရဲအင်အားအများအပြားဖြင့် ဆရာတော်ဦးဝါယမကျောင်းတိုက်ကိုဝိုင်းထား


 သဲကုန်းမြို့နယ်၊ အောင်ကုန်းကျေးရွာတွင် မတရားသိမ်းဆည်းခံလယ်ယာမြေပြန်လည်ရရှိရေးအတွက် သပိတ်စခန်းဖွင့်တောင်းဆိုနေသော လယ်သမားများနှင့် လယ်သမားများကို ဝန်ရံ၍ အကူအညီပေးနေသော ကျောင်းသားများသည်ယနေ့ နေ့လယ်တွင် မိုးကောင်းဘုရား၌ သပိတ်စခန်းကိုဖြိုးခွဲခဲ့ရခြင်းနှင့်ပတ်သတ်၍ ကိုပေါက်စပြန်လည်လွတ်မြောက်ရေး၊ မတရားဖြိုခွဲခံရမှုကို အမှုမှန်ပေါ်ပေါက်ရေးအတွက် ဝတ်ပြုဆုတောင်းပွဲပြုလုပ်ခဲ့သည်။

ယင်းသို့ဆုတောင်းနေစဉ် ခရိုနီလက်ကိုင်တုတ်ရဲများ သည် ယနေ့ နေ့လယ်၁၁နာရီ၌ အင်အားသုံး
အကြမ်းဖက်ဖြိုခွဲ ဖမ်းဆီးခဲ့ကြောင်း။ လယ်သမားခေါင်းဆောင်တစ်ဦးနှင့် လာရောက်အကူအညီပေးနေသည့် တောင်ငူတက္ကသိုလ်မှ ကျောင်းသားဖြစ်သူ ဗကသ ကျောင်းသားကိုကောင်းထက်ကျော် မှာဦးခေါင်းရိုက်ခွဲခံရကာ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း။ ထို့နောက် ရွာသားများမှ ပြန်လည်လုယူရာ တွင်ကိုကောင်းထက်ကျော်ကို ပြန်လည်ရရှိကြောင်းသိရပါသည်။

ယခုအခါတွင်ဘုန်းကြီးကျောင်းတွင် ခေါ်ဆောင်ထားပြီး ဆရာတော်ဦးဝါယမ သည် ရဲဆီမှသော့တောင်းကာ လက်ထိပ်ကို ဖွင့်ပေးခဲ့ပြီး ဆရာတော်၏ကျောင်း၌ခေတ္တနေထိုင်ခွင့်ပေးခဲ့သည်။ ယခုလက်ရှိတွင် ယင်းဘုန်းကြီးကျောင်း ထဲသို ဝင်ရောက်မပြုသော်လည်း ရဲအင်အားအများအပြားဖြင့် ဆရာတော်ဦးဝါယမကျောင်းတိုက်ကိုဝိုင်းထားကြောင်းသိရှိရသည်။

ကိုကောင်းထက်ကျော်မှာ ခေါင်းတွင်နံပါတ်တုတ်ရိုက်ချက်ကြောင့်ပေါက်ပြဲဒါဏ်ရာရရှိထားကြောင်းသိရသည်။

ပုံ- လယ်သမားအရေးအကူအညီပေးနေသူ ဗ.က.သ ကျောင်သားခေါင်းဆောင်(တောင်ငူခရိုင်) ကိုကောင်းထက်ကျော်

ဖြိုးဓနချစ်လင်းသိုက်
တောင်ငူတက္ကသိုလ် ဗ.က သ

0 အကြံပြုခြင်း: