Monday, May 19, 2014

ဝမ်ဘောင် ကုမ္ပဏီရဲ့ ၀န်ထမ်း၊ တရုတ် နိုင်ငံသား ၂ ဦးကို စီမံကိန်းအနီးက ရွာသူရွာသားတွေက ဖမ်းဆီး



လက်ပံတောင်းကြေးနီစီမံကိန်းကို တာဝန်ယူဆောင်ရွက်နေတဲ့ မြန်မာ-၀မ်ဘောင် ကုမ္ပဏီရဲ့ ၀န်ထမ်း၊ တရုတ် နိုင်ငံသား ၂ ဦးကို စီမံကိန်းအနီးက ရွာသူရွာသားတွေက ဖမ်းဆီးထိန်းထိမ်းထားပါတယ်၊

အရင်တပတ်က ကြေးနီစီမံကိန်း ဆန့်ကျင်လှုပ်ရှားခဲ့တဲ့ တက်ကြွလှုပ်ရှားသူ ကိုအောင်စိုးကို ရဲက ဖမ်းသွားတဲ့နောက်မှာ ကုမ္မဏီဝန်ထမ်း နှစ်ယောက်ကို ရွာသားတွေကဖမ်းဆီးထိန်းသိမ်းထားတာ ဖြစ်ပါတယ်၊ စီမံကိန်းအတွက် လျော်ကြေးမယူထားတဲ့သူတွေရဲ့ မြေယာတွေနဲ့ပတ်သက်ပြီး ဖြေရှင်းပေးဖို့ အကြိမ်ကြိမ် တောင်းဆိုတာ မရလို့ အခုလို ဖမ်းဆီးခေါ်ဆောင်လာတာဖြစ်တယ်လို့ ဆည်တည်းရွာသူ မ၀င်းဝင်းဌေးက ပြောပါတယ်။

မြန်မာ-၀မ်ပေါင်ကုမ္ပဏီကလည်း ဖမ်းထားတဲ့ ၀န်ထမ်းနှစ်ယောက်ကို ပြန်လွှတ်ပေးဖို့ တောင်းဆိုတဲ့ ကြေညာချက်ထုတ်ပြန်ထားပါတယ်။ ဆားလင်းကြီး အုပ်ချုပ်ရေးမှူး ဦးမျိုးညွန့်ဆွေ ကတော့ ဒီိကိစ္စကို အရေးယူဆောင်ရွက်သွားဖို့ စီစဉ်နေတယ်လို့ ဒီဗွီဘီကို ပြောပါတယ်။ ဖမ်းဆီးထားတဲ့နေရာကို သွားရောက်သတင်းရယူခဲ့တဲ့ ဒီဗွီဘီ သတင်းထောက် ဒေါ်တင်မာဆွေက ရွာသူရွာသားတွေက ၀မ်ပေါင် ၀န်ထမ်းတွေကို လက်ပြန်ကြိုးတုပ်ခေါ်ဆောင်လာခဲ့ပြီး ဆည်တည်းရွာမှာ ကောင်းကောင်းမွန်မွန်ထားထားတယ်လို့ ပြောပါတယ်။

ကျောက်ဖြူတိုင်ရွာမှာ စခန်းချထားတဲ့ ရဲတပ်ဖွဲ့ဝင်တွေရဲ့ ရဲကားငါးစီးနဲ့ မော်တော်ဆိုင်ကယ် ၁၂ စီးကိုလည်း ကျောက်ဖြူတိုင်ရွာသားတွေက ဖျက်ဆီးခဲ့တယ်လို့ ဆိုပါတယ်။ လက်ရှိအခြေအနေမှာတော့ သက်ဆိုင်ရာက ဆည်တည်းနဲ့ ဇီးတောရွာတွေကို ၀င်ရောက် စီးနင်းမှာ စိုးရိမ်ရတယ်လို့လည်း ဒီဗွီဘီသတင်းထောက်က ပြောပါတယ်။

ဆည်တည်းရွာမှာ ဒီကနေ့ မေလ ၁၉ ရက် ညနေ ၄နာရီ ကျရင်သတ္ထုတွင်းဝန်ကြီး ဦးသန်းထိုက်ကိုယ်တိုင် ရောက်ရှိလာမယ်လို့ ပြောထားလို့
အခုအချိန်မှာ စောင့်ဆိုင်းနေကြကြောင်း သိရှိရပါတယ်။

 DVB

0 အကြံပြုခြင်း: