Monday, May 19, 2014

လူထုဟောပြောပွဲ(မန္တလေး) ပြည်သူသုံးသိန်းကျော်တက်ရောက်ခဲ့




မေလ ၁၈ ရက်နေ့  နံနက် ၈ နာရီခွဲ အချိန်တွင် မန္တလေးတိုင်း အောင်ပင်လယ်ကွင်း ၌ ဖွဲ့စည်းပုံအခြေခံဥပဒေ ဆိုင်ရာပြင်ဆင်ရေး လူထုဟောပြောပွဲကို ပြုလုပ်ကျင်းပရာ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် ဥက္ကဌဒေါ်အောင်ဆန်းစုကြည်မှ ဖွဲ့ စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးနှင့်ပက်သက်၍ ရှင်းလင်းဟောပြောခဲ့ပါသည်။ လူထုဟောပြောပွဲ တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဥပဒေ ပညာရှင် ဦးဝင်း မြင့်၊ ပွင့်လင်းလူ့ အဖွဲ့ အစည်း ခေါင်းဆောင် ကိုမင်းကိုနိုင် နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် ဗဟိုအလုပ်အမှုဆောင် ဒေါက်တာဇော်မြင့်မောင် တို့ မှလည်း အသည်းသည်း ဖွဲ့ စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ ပြင်ဆင်ရေး ဟောပြော ရှင်းလင်းခဲ့ကြပါသည်။ ဟောပြောပွဲ အခမ်းအနားကို နံနက် ၁၀ နာရီတိတိတွင် အောင်မြင်စွာ ရုပ်သိမ်းနိုင်ခဲ့ပါသည်။ ၄င်း ဟောပြောပွဲသို့ အထက်မြန်မာပြည်ရှိ ပြည်နယ်နှင့်တိုင်း အသီးသီး မှ ပြည်သူလူထုများ၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အဖွဲ့ဝင်များ၊ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်များ၊ သုံးသိန်းကျော်တက်ရောက်ခဲ့ကြပါသည်။

NLD Chairperson

0 အကြံပြုခြင်း: