Tuesday, May 13, 2014

ရာဇာမင်းကားလိုင်းတွေကို ဘယ်သူမှ အပြစ်တင်တာ မတွေ့မိဘူး



Thet Swe Win

အမြန်လမ်းမှာ ရာဇာမင်းကားမှောက်တာကို လမ်းကို အပြစ်တင်တဲ့သူကတင် ကားဆရာကို အပြစ်တင်တဲ့သူကတင်နဲ့ ကားလိုင်းတွေကို ဘယ်သူမှ အပြစ်တင်တာ မတွေ့မိဘူး။ ကျနော်မနှစ်တုန်းက နေပြည်တော်ကနေ ရန်ကုန်ကိုအပြန် အိမ်နဲ့လဲနီး ညနေ၅နာရီမှာ အစောဆုံးထွက်တဲ့ ရာဇာမင်းကားနဲ့ ပြန်ဖြစ်တယ်။ ကားက ထွက်လာကတည်းက တုန်ခါနေတာ။ နေပြည်တော် အထွက် မိုင်၃၀ လောက်လဲရောက်ရော ထိုးရပ်ပါလေရော။ ညနေ ၆နာရီလောက်ပဲရှိသေးတယ်။ ဒရိုင်ဘာက နေပြည်တော်ကို ကားလှမ်းမှာထားတယ်ဆိုပြီး ပြောလို့ စောင့်ကြတာ ည ၂နာရီကျော်မှ ကားတစ်စီးရောက်လာတယ်။ ဒီကြားထဲမှာတော့ အမှောင်ထဲမှာ ငုတ်တုတ်ပေါ့။ ခရီးသည်တွေလဲ ရန်ကုန်ဂိတ်ကို ဖုန်းဆက်ပြီး ပြဿနာရှာတဲ့သူကရှာ။ နေပြည်တော်ဂိတ်ကိုလှမ်းဆဲတဲ့သူကဆဲနဲ့။ မိုင် ၃၀ ကျော်လေးပဲရှိသေးတာကို။ ကားလွှတ်မယ်ဆိုပြီး မလွှတ်တာလေ။ ကျနော်က ဒီကြားထဲမှာ ဒရိုင်ဘာကို မိတ်ဖွဲ့ပြီး ကားသမားဘ၀ကိုမေးကြည့်ဖြစ်တယ်။ သူတို့တွေက ခေါက်ရေနဲ့ရတာဖြစ်တဲ့အကြောင်း။ ကျနော်တို့ စီးလာတဲ့ကားဆိုရင် မော်လမြိုင်ကနေ ရန်ကုန်ကို တက်လာတာဖြစ်ကြောင်း။ ရန်ကုန်ရောက်တာနဲ့ မနားရပဲ နေပြည်တော်ချက်ချင်းတက်လာရကြောင်း။ နေပြည်တော်ကနေ အခု ရန်ကုန်ကို ချက်ချင်းပြန်ထွက်လာရတဲ့အကြောင်း ပြောပြပါတယ်။ ရန်ကုန်ရောက်ရင် ခနအိပ်ပြီး မနက်ကျရင် တခြားတမြို့ကို ဆက်ထွက်ရဦးမှာ ဖြစ်လို့ နားချိန် အိပ်ချိန်ဆိုတာ မရှိသလောက် နည်းပါတယ်လို့ပြောပါတယ်။ သူတို့ ကားသမားဘ၀တွေက ကားပေါ်အိပ် ကားပေါ်စား ဘ၀တွေပါ။ ကားပိုင်ရှင်တွေက ပိုက်ဆံလိုချင်တိုင်း ကားသမားတွေကို မညှာမတာ မောင်းခိုင်း၊ ယဉ်တိုက်မှုဖြစ်ရင်တော့ ကားသမားကသာ ခံရတာ။ ကားပိုင်ရှင်တွေ ကအနေသာကြီး။ အစိုးရတွေအနေနဲ့ရော၊ မီဒီယာတွေအနေနဲ့ရော နောက်ကွယ်က ဇာစ်မြစ်ကို လိုက်ပြီးဖော်ထုတ်ဖို့လိုပါတယ်။ အဝေးပြေးကားတွေ မတော်တဆထိခိုက်မှုတော်တော်များများရဲ့ နောက်ကွယ်မှာ ကားပိုင်ရှင်တွေ၊ ကားလိုင်းတွေရဲ့ လောဘဇောတိုက်ပြီး အလုပ်ချိန်ကျော်လွန် မောင်းနှင်ခိုင်းခြင်းကြောင့် ဖြစ်တယ်။

0 အကြံပြုခြင်း: