Tuesday, May 6, 2014

အခန်းက လေသလပ် သွားတော့ သင်္ကန်းဝတ်နှစ်ပါးနဲ့



 ဟိန်း ထိုက် ဈာန်

ပြောချင်တာက ကျွန်တော် ဘီယာဆိုင်အရောက် ရှူးရှူးသွားပန်းရင်း လိုက်ကာလေးချထားတဲ့ အခန်းက လေသလပ် သွားတော့ သင်္ကန်းဝတ်နှစ်ပါးနဲ့ လူဝတ်နှစ်ယောက် ဘီယာသောက်နေတာကို မြင်ဖြစ်အောင် လှမ်းမြင်မိပါတယ်။
သင်္ကန်းဝတ်တွေနဲ့ ဘီယာ အရက်သောက်တဲ့ ဘုန်းကြီးတွေတွေ့ရင် ဘယ်လိုလုပ်ရမလဲဆိုတာ ကျွန်တော်ခုထိ မဝေခွဲတတ်သေးပါဘူး။
ကျွန်တော့် အချစ်ကလေးနဲ့ ကျွန်တော့်မေမေက ဘီယာသောက်တာ မကြိုက်ပေမဲ့ တစ်ခါတရံတော့ ကျွန်တော်လည်း အာရုံဖြေလျော့ရအောင် ဗျစ်ရည်လေးစုပ်တတ်ပါတယ်။
ဒါတောင် ကျွန်တော်ဗျစ်ရည်စုပ်တာ သူတို့သိသွားရင် ဗျစ်တောက် ဗျစ်တောက်နဲ့ လုပ်တတ်လွန်းတော့ ဗျစ်ရည်စုပ်ရတာ မတန်ပါဘူး။ သူတို့ ဗျစ်တောက် ဗျစ်တောက်က ဗျစ်ရည်စုပ်ရတာထက် ပိုမူးစေပါတယ်။
ထားတော့။ ပြောချင်တာက ကျွန်တော် ဘီယာဆိုင်အရောက် ရှူးရှူးသွားပန်းရင်း လိုက်ကာလေးချထားတဲ့ အခန်းက လေသလပ်သွားတော့ သင်္ကန်းဝတ်နှစ်ပါးနဲ့ လူဝတ်နှစ်ယောက် ဘီယာသောက်နေတာကို မြင်ဖြစ်အောင် လှမ်းမြင်မိပါတယ်။
ကိုယ်တော်က ဘီယာခွက်ကို ပါးစပ်ဆီတေ့ခါနားပေါ့။
သင်္ကန်းဝတ်တွေ ယမကာသောက်တာကို ကျွန်တော် ယဉ်ပါးတွေ့ဖူးပါတယ်။ ကဗျာဆရာ ကြည်ဇော်အေးနဲ့ လွန်ခဲ့တဲ့ ၈ နှစ်လောက်က ၄၂ လမ်းကနေ အရက်သောက်ပြန်လာပြီး သူ ခေတ္တစတည်းချရာ ကမ္ဘာအေးဘုရားဘက်က ဘုန်းကြီးကျောင်းကို လိုက်အိပ်တော့ သူ့ကိုယ်တော်တွေအတွက် ဘီအီးဝယ်သွားပေးရတာပါ။
ကိုယ်တော်တွေကလည်း ကြည်ဇော်အေး ပြန်အလာကို မျှော်နေတာဗျ။
ကျွန်တော်တို့ ရောက်သွားတော့ ကိုယ်တော်တွေက ဇေဘီအီးကို ဆွဲကြတာပေါ့။
ကျွန်တော်တို့က သူတို့ကို ဘာပြောနိုင်မလဲ။
သူတို့က ဆွမ်းဟင်းကျန်တွေတောင် ကျွန်တော်တို့စားဖို့ ချန်ထားပေးတာကိုးဗျ။
ကျွန်တော့် စိတ်တွင်းမှာ သင်္ကန်းဝတ်နဲ့ ဘီယာ အရက်သောက်တဲ့ ဘုန်းကြီးတွေကို တွေ့ရတာ အလွန်ပဲ စိတ်မချမ်းမြေ့ဖြစ်ရပါတယ်။
သိပ်ကြိုက်တတ်ရင်လည်း သင်္ကန်းမဝတ်ပါနဲ့လားဗျာ။
နောက်တစ်ဆင့် ပြောရရင် ခွက်ပုန်းချတာက လူမမြင် မသိပါဘူး။ လူအများထိုင်တဲ့ ဘီယာဆိုင် အရက်ဆိုင်တွေမှာ သင်္ကန်းဝတ်ကြီးနဲ့ သောက်နေတာကတော့ အတော့်ကို ဆိုးလွန်းပါတယ်။

0 အကြံပြုခြင်း: