Monday, May 26, 2014

ပြည်သူချစ်သော အနုပညာရှင်များ အား တင်ပြခြင်း (၃)



ဒါရိုက်တာ ၀ိုင်း

ပြည်သူကိုတန်ဘိုးထားသော အနုပညာရှင်ရုပ်ရှင်ဒါရိုက်တာ ၀ိုင်း

ဘာလို့ဒီ 436 ကိုပြင်ချင် တာလဲ?

ဘာလို့ဒီ 436 ကိုပြင်ချင်လဲဆိုတော့ မတ္တရားညှင်းပန်းထားတဲ့ ဒီဖွဲ့စည်းပုံအခြေခံဥပဒေကြီးရဲ့ အစိတ်အပိုင်း တော်တော်များများကို ကျွန်တော်ပြင်ချင်တယ်။ မပြင်ဘူးဆိုရင် ကျွန်တော်တို့ရနိုင်တဲ့အခွင့်အရေး၊ ရပိုင်ခွင့် ရှိတဲ့အခွင့်အရေးတွေ၊ ပြီးတဲ့အခါကျတော့ ကျွန်တော်တို့နိုင်ငံရဲ့ အနာဂတ်တွေမကောင်းဘူးလို့ ကျွန်တော် ထင်လို့ ဒါကိုပြင်ချင်တာ အဓိကကတော့ ပြည်သူတွေပေါ့နော်၊ အဓိကကတော့ ပြည်သူတွေကထင်နေတာရှိတယ်။ ပြည်သူ တွေကဘယ်လိုထင်လဲဆိုတော့ နှစ်ပေါင်းအစိတ် သုံးဆယ် ညှင်းပန်းနှိပ်ဆက်ခံရတဲ့အတွက် နိုင်ငံရေးဆို ရင် တော်ရုံတန်ရုံကကြောက်ကြတယ်။ သူတို့စိတ်ကိုက ကြောက်စိတ်ဖြစ်သွားတယ်။ အမှန်တော့ အဲဒီ့ကြောက် စိတ်ကမကောင်းဘူး။ အဲဒီ့တော့ သူတို့လက်မှတ်ထိုးချင်ရင်တောင် နည်းနည်းလေးကြောက်နေမှာစိုးလို့ ငါတို့က အနုပညာရှင်၊ ငါတို့က လူသိတယ်ကွာ၊ ငါတို့ဒုက္ခရောက်ချင်ရောက်ပါစေဆိုပြီးတော့ ပူးပေါင်းပါဝင်ကြတာပေါ့။ ပြည်သူတွေအတွက် ဒီပုဒ်မတွေမပြင်ရင် ကိုယ့်မှာ သားတွေသမီးတွေ၊ ကိုယ့်ရဲ့ မြေးတွေ မြစ်တွေ အထိကြည့်မယ်ဆိုရင် ဒီဟာကိုမပြင်ဘူးဆိုရင်တော့ တိုင်းပြည်က ကျိန်းသေတယ်၊ ဗမာစစ်စစ်ဆိုတာ ရှိတော့ မှာမဟုတ်ဘူး။ ပြီးတဲ့အခါကျတော့ အဲဒီ့ကလေးတွေက ကျွန်တွေပဲဖြစ်သွားလိမ့်မယ်။ ဥပမာတစ်ချက် ထောက်ပြမယ်ဗျာ သမ္မတဖြစ်ခွင့်ပေါ့နော်၊ အဲဒီ့နေရာမှာ စစ်ရေးအမြင်ရှိရမယ်တဲ့၊ အဲဒီ့စစ်ရေးအမြင်ရှိတဲ့ လူတွေ နှစ်ပေါင်း 50 ကျော် အုပ်ချုပ်ခဲ့လို့ ကျွန်တော်တို့တတွေ ချောက်ထဲကျနေတာမဟုတ်လား။ ကျွန်တော်တို့အာရှ မှာ ကျွန်တင်ပို့နိုင်ငံတွေထဲမှာ နံပါတ်နှစ်ဖြစ်နေပြီ။ ဒါတောင်တရားဝင်စာရင်းအရ တရားဝင်စာရင်းမှ မဟုတ်ရင် နံပါတ်တစ်ဖြစ်သွားမယ်။ အဲဒီ့စစ်ရေးအမြင်ရှိမဲ့သူတွေသာ ဆက်ပြီးအုပ်ချုပ်မယ်ဆိုရင် မြေဖို့ပြီးသတ်လိုက်တာ နဲ့အတူတူဖြစ်သွားလိမ့်မယ်။ အာရှမှာတင်မဟုတ်ဘူး ကမ္ဘာပေါ်မှာ ဗမာပြည်ဟာ ကျေးကျွန်အဆင့်အတန်း ဖြစ်သွားလိမ့်မယ်။

photo@bobo (d.wave)

0 အကြံပြုခြင်း: