Sunday, May 25, 2014

ဇာဂနာ - သိသားပဲ


အစိုး၇ ကလဲ ကူလီကူမာ တော်တော် ပြောတတ်သလို တစ်ချို့  လူတွေကလဲ တော်တော် ကူလီကူမာ ပြောတတ် လုပ်တတ်တယ်ဗျာ။ ဖွဲ့ စည်းပုံ အခြေခံဥပဒေ ဆိုတာ ကြီးကို ပြင်ကိုပြင်ရမယ်၊ မပြင်ရင် တိုင်းပြည် ဒုက္ခရောက်မယ်ဆိုပြီး လေကြီး မိုးကျယ် ပြောလိုက်ကြတာ၊ ဇာ၈နာ ဖြင့်အံ့အားတွေ သင့်လို့ ။

စဉ်းစား ကြည့်လေ။ ညောင်နှစ်ပင် ညီလာခံ ပထမဆုံး စလုပ်ခဲ့ကတည်း က တစ်ရက်မှ မပျက်မကွက် တက်ခဲ့သူတွေက ဒိ စကားပြောနေတာ။ အိုး….. ပိုက်ဆံ များ ရှိလို့ ကတော့လေ..အဲဒီပါးစပ်တွေ ရွှေချ ထားလိုက်ချင်တယ် ။ လောလောဆယ်တော့ ရွှေဖိုးမတတ်နိုင်သေးလို့  စစ္စေးပဲ သုတ်ထားပါတော့မယ်။

ဒီ ညောင်နှစ်ပင် ဖွဲ့ စည်းပုံ ကြီးက တကယ့်ကို တိုင်းပြည်ကို အကျိုးမပေး ဒုက္ခပေး မယ်ဆိုရင် အဲဒီတုန်းကတည်း က မတက်ခဲ့ကြနဲ့ပေါ့။ အဲဒီတုန်းကတည်း ပြော ကြပေါ့ ။ ဒီလိုရေးတာ လုပ်တာဟာ နောင် တိုင်းပြည်ကို ချောက်ထဲ ကျစေနိုင်ပါ တယ် လို့  ပြောခဲ့ကြပေါ့ဗျာ။

ဒါမှ မဟုတ်လဲ NLD သပိတ်မှောက် ထွက်ကထဲက ထွက်လာခဲ့ ကြပေါ့။

ခုတော့ အစ အဆုံး ပြီးအောင်တက်၊ ပေးတာ ယူ ပြီး၊ ခုမှ ထ အော်
နေကြတော့ ဇာဂနာ တို့လေ သူတို့လို မျက်နှာရူးချင်လိုက်တာ အရမ်းပဲ။

ဇာဂနာ - သိသားပဲ
၁၇။၅။၂၀၁၄ ( ပဲ့တင်သံဂျာနယ်ပါ ဆောင်းပါး )

0 အကြံပြုခြင်း: