Monday, May 19, 2014

တရားရုံးက ဂုဏ်သိက္ခာရှိမယ် လို့မျှော်လင့်ပါတယ်။


By Ma Lwin
ဒီနေ့တရားခွင်ကို လာတဲ့မြင်ကွင်းဥပဒေအရာရှိကတော့ စွဲချက်တင်သင့်တယ် တဲ့။ ကျမတို့ရှေ့နေတွေနဲ့ ကျမတို့အားလုံးက စွဲချက်မတင်သင့်ဘူး လို့လျှောက်လဲတယ်။ သမ္မတ ထုတ်ပြန်ထားတာမရှိပဲ တားမြစ်နယ်မြေလို့ဇွတ်အတင်းငြင်းနေတာဟာ လုပ်ထုံးလုပ်နည်းတွေလွဲမှားနေတာ သက်သေထွက်ဆိုချက်တွေအရ ကလဲ တားမြစ်နယ်မြေ မဟုတ်ပါဘူးလို့ ထွက်ဆိုတာဟာ တရားရုံးမှာပါ။ ကျမ တို့ ရှေ့နေပြောသွားတဲ့ စကားလိုပေါ့။ တရားရုံးက ဂုဏ်သိက္ခာရှိမယ် လို့မျှော်လင့်ပါတယ်။ ၃ နာရီမှာ စွဲချက်တင်သင့်တယ် မတင်သင့်ဘူးဆိုတာကို အမိန့်ချပါလိမ့်မယ်။

1 အကြံပြုခြင်း:

Zau Shan said...

ခင်ဗျားတို့ကမျှော်လင့်နေတုံးဘဲလား။