Thursday, May 22, 2014

ငြိမ်းပွင့်(၄၃၆) ပြင်ဆင်ရေး မိုးညှင်းခရီးစဉ်


၈၈မျိုးဆက် (ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်း) ပုဒ်မ
(၄၃၆) ပြင်ဆင်ရေး မိုးညှင်းခရီးစဉ်
=====================================
မေလ ၁၉ ရက် ၂ဝ၁၄ ခုနှစ်၊ နေ့လည် ၁၁းဝဝ နာရီတွင် ၈၈မျိုးဆက်
(ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်း)မှ ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊
ကိုပဏ္ဍိတ်ထွန်း၊ကိုအောင်လတ်၊ကိုထွန်းသူရစိုး၊ကိုစည်သူအောင်၊
မမီးမီး၊ မတဉ္ဇာဦး၊ မမာယာ၊ မနန်းစော၊ မသဉ္ဇာခိုင်တို့သည် မိုးညှင်းမြို့
သို့ရောက်ရှိခဲ့ကြပြီး မိုးညှင်းမြို့ရှိ ဆရာတော် သံဃာတော်များအား
သွားရောက်ဖူးမြော်၍ ဆွမ်း၊ သင်္ကန်းများကပ်လှူခဲ့ကြသည်။

ည (၇းဝဝ) နာရီတွင် မိုးညှင်းမြို့၌ကျင်းပပြုလုပ်သော အခြေခံဥပဒေ
ပုဒ်မ (၄၃၆) ပြင်ဆင်းရေး လူထုဟောပြောပွဲတွင် ၈၈ မျိုးဆက်
(ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း)မှ ကိုမင်းကိုနိုင်၊ ကိုကိုကြီး
မမီးမီးတို့မှ လူထုဟော ပြောပွဲအခမ်းအနားသို့ တက်ရောက်လာသော
လူထုပရိတ်သတ် ၂ဝဝဝကျော်အား အခြေခံဥပဒေ ပုဒ်မ (၄၃၆) နှင့်
ပတ်သက်ပြီး ရှင်းလင်းခဲ့ပြီး ပုဒ်မ (၄၃၆) ပြင်ဆင်ရေးအတွက်
ဆွေးနွေးဟောပြာခဲ့သည်။

ထိုနောက် မေလ ၂၀ ရက်နေ့တွင် ၈၈မျိုးဆက် (ငြိမ်း/ပွင့်) အဖွဲ့ဝင်များ
သည်မိုးညှင်းမှ ရန်ကုန်သို့ ပြည်လည် ထွက်ခွာလာခဲ့ပြီး လမ်းခရီး၌
အင်းတော်မြို့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးနှင့် ဇီးကုန်းကျေးရွာရှိ
 တောင်သူလယ်သမား၊ ပြည်သူများအား နှုတ်ဆက်တွေ့ဆုံကာ
၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ(၄၃၆)ပြင်ဆင်ရေး
လက်မှတ်ရေးထိုး လူထုလှုပ်ရှားမှု နှင့်ပတ်သက်ပြီး
ဆွေးနွေးဟောပြောခဲ့သည်။

0 အကြံပြုခြင်း: