Saturday, May 17, 2014

မဘသကရဲရင့်ငယ်၏နာမည်နှင့် နိုင်ငံ ခြားရေးဝန်ကြီးဌာနထံ စာပို့




The Right Time News
V0l -2, N0 - 16

ဥရောပနှင့် မြန်မာနိုင်ငံကို တိုက် ရိုက်ပြေးဆွဲပျံသန်းမည့် Condor လေကြောင်းလိုင်း၏ ဖွင့်ပွဲအခမ်းအနားတွင် ရွှေတိဂုံစေတီတော်ပုံတူ ကိတ်မုန့်ကို လှီးဖြတ်ကာ အခမ်း အနား ဖွင့်လှစ်ခဲ့ခြင်း နှင့်ပတ်သက် ၍ မြန်မာနိုင်ငံ သာသနာရေး ဝန်ကြီး ဌာနမှ ကန့်ကွက်ကြောင်း ကြေညာ ချက်ကို နိုင်ငံ ခြားရေးဝန်ကြီးဌာနထံ လိပ်မူ၍ ထုတ်ပြန်ခဲ့သည်။
အဆိုပါလေကြောင်းလိုင်း ဖွင့် ပွဲအခမ်းအနားတွင် ယင်းကဲ့သို့ ပြုမူ ခဲ့ကြောင်းကို ရဲရင့်ငယ် (ကနေဒါ)အမည်ဖြင့် ၂၅.၄.၂ဝ၁၄ ရက်နေ့ က အင်တာနက်တွင် လွှင့်တင်ခဲ့ သည်။ ရွှေတိဂုံစေတီတော်မှာ မြန်မာ နိုင်ငံ၏ အထွတ်အမြတ်ထားရာ ဘာသာရေးအဆောက်အဦဖြစ် ရုံသာမက ဗုဒ္ဓဘာသာဝင်များက လေးမြတ်ကြည်ညိုရာ စေတီတော် ဖြစ်သည့်အတွက် ယင်းကဲ့သို့ ပြုမူ ခဲ့ခြင်းမှာ ဗုဒ္ဓဘာသာနှင့် ဘာသာ ဝင်များအပေါ် မလေးမစားပြုရာ ရောက်ကြောင်း ဖော်ပြထားသလို ပြစ်မှားခြင်း အကုသိုလ်ကံကို ကျူးးလွန်ရာ ရောက်သည့်အတွက် ပဉ္စာ နန္တရိယကံ ကျူးးလွန်သူကဲ့သို့ ဝန် ထုပ်ဝန်ပိုးလေးလံလှကြောင်း ဆရာ တော်ကြီးများက အမိန့်ရှိကြကြောင်း လည်းဖော်ပြထားသည်။
ထို့ကြောင့် အဆိုပါ ရွှေတိဂုံ စေတီမြတ်ကြီး ပုံတူအားကိတ်မုန့် ပြုလုပ်ပြီး ဓားဖြင့်လှီးဖြတ်ခဲ့သည့် လုပ် ရပ်နှင့် ပတ်သက်၍သာသနာရေး ဝန်ကြီးဌာနအနေဖြင့် အလေးအနက် ကန့်ကွက်ပါကြောင်း ထုတ်ပြန်ချက် တွင် ပါရှိသည်။ အဆိုပါ Condor လေကြောင်းလိုင်း၏ဖွင့်ပွဲအခမ်းအနား ကို ဂျာမနီနိုင်ငံဆိုင်ရာ မြန်မာသံ အမတ်ကြီးဦးစိုးနွယ်လည်းတက်ရောက် ခဲ့ပြီး ကိုယ်တိုင်ပါဝင်ကာ ရွှေတိဂုံ စေတီတော်ပုံတူ ကိတ်မုန့်ကိုလှီးဖြတ် ၍အခမ်းအနားဖွင့်လှစ်ပေးခဲ့သည်။
အဆိုပါဖြစ်ရပ်နှင့်ပတ်သက် ၍အမျိုးဘာသာ သာသနာစောင့် ရှောက်ရေးအဖွဲ့ (ဗဟို)မှ လည်း သဘောထားကြေညာချက် တစ် ရပ်ကို ထုတ်ပြန်ခဲ့သည်။
ယင်းကြေညာချက်၌ ကမ္ဘာ ပေါ်တွင် ပထမဆုံးစေတီဖြစ်သော ဗုဒ္ဓဘာသာမြန်မာလူမျိုးတို့၏အလေး အမြတ်ထားရာစေတီတော်ကို လှီး ဖြတ်ခြင်း၊စေတီတော်ထိပ်တွင် လက် ဝါးကပ်တိုင်တင်ခြင်းများသည် အလွန် ဆိုးဝါးသော စော်ကားခြင်းများပင် ဖြစ်ကြောင်း၊အဆိုပါစော်ကားခြင်းလုပ် ရပ်ကိုလည်းကောင်း၊ ကာကွယ်ဟန့် တားခြင်းမပြုဘဲ ဝိုင်းဝန်အားပေးကူ ညီ သော မြန်မာသံအမတ်ကြီး ဦး စိုးနွယ်ကို လည်းကောင်း မြန်မာ ပြည်သူပြည်သားများ၏ ကိုယ်စား အမျိုးဘာသာသာသနာ စောင့် ရှောက်ရေး အဖွဲ့ကြီးမှ ပြင်းထန် စွာ ရှုတ်ချကြောင်းဖော်ပြခဲ့သည်။

0 အကြံပြုခြင်း: