Thursday, May 1, 2014

တစညပါတီ ဥက္ကဌသစ်ကို ရွေးချယ်ပြီ၊ ရွေးကောက်ပွဲအတွက် ဗျူဟာတွေချမည်


 Kamayut Media on May 1, 2014 at 3:29 pm

မြန်မာနိုင်ငံကို ၁၄နှစ်လောက် အုပ်ချုပ်ခဲ့တဲ့ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီကို နာမည်ပြောင်းပြီး ဖွဲ့စည်းထားတဲ့ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီဟာ ပါတီဥက္ကဌ ဦးထွန်းရီ ကွယ်လွန်ခဲ့ပြီး နှစ်ပတ်ကျော်မှာတင် ပါတီကို ဦးဆောင်မယ့် ပါတီဥက္ကဌသစ်ကို ရွေးချယ်တင်မြှောက်လိုက်ပါပြီ။ ဥက္ကဌသစ်ဟာ စစ်ဗိုလ်ချုပ်ဟောင်း တစ်ယောက်ပဲလား။

ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်းပေါ်က ပါတီဌာနချုပ်မှာ ဧပြီ ၃ဝရက်နေ့က ဗဟိုကော်မတီ အထူးအစည်းအဝေးတစ်ရပ်ကို ခေါ်ယူကျင်းပခဲ့ပြီး မဆလအစိုးရလက်ထက်က သတ္တုတွင်းဝန်ကြီးဖြစ်ခဲ့သူ အငြိမ်းစားဗိုလ်ချုပ်ဟောင်း ဦးသန်းတင်ကို ပါတီဥက္ကဌသစ်အဖြစ် ရွေးချယ်လိုက်ပါတယ်။

တစညပါတီလို့ လူသိများတဲ့ ဒီပါတီရဲ့ အရေးပေါ်အစည်းအဝေးကို ဗဟိုကော်မတီဝင် ၂၃ယောက် တက်ရောက်ခဲ့ပြီး လာမယ့် ၂ဝ၁၄ ကြားဖြတ်ရွေးကောက်ပွဲမှာ အနိုင်ရရှိရေး မဟာဗျူဟာတွေကိုလည်း ညှိနှိုင်းဆွေးနွေးခဲ့ကြတယ်လို့ ပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးဟန်ရွှေက ဆိုပါတယ်။

တစညပါတီအနေနဲ့ ကြားဖြတ်ရွေးကောက်ပွဲရဲ့ လစ်လပ် မဲဆန္ဒနယ်မြေ ၃ဝထဲက ၁၈နေရာမှာ ဝင်ရောက်ယှဉ်ပြိုင်သွားမယ်လို့ တရားဝင်ထုတ်ပြောလိုက်ပြီး ၂ဝ၁၅ အထွေထွေရွေးကောက်ပွဲအတွက်လည်း သူတို့ပါတီက ပြင်ဆင်နေပြီလို့ ဆိုပါတယ်။

မြန်မာစစ်တပ်ရဲ့ နှစ်ပေါင်းများစွာ ကျောထောက်နောက်ခံပေးတာခံခဲ့ရဖူးတဲ့ တစညပါတီက ၂ဝဝ၈ ဖွဲ့စည်းပုံ ပြင်ဆင်ရေးကို ထောက်ခံပြီး အသစ်ရေးဆွဲတာကို လက်မခံဘူးလို့ ဆိုပါတယ်။ ဒီ ၂ဝဝ၈ ဖွဲ့စည်း ပေါ်ပေါက်လာခဲ့ရတာကလည်း NLD က ညီလာခံကိုယ်စားလှယ် တစ်ရာကျော် သပိတ်မှောက်ခဲ့လို့ နိုင်ငံရေးပါတီတွေရဲ့အသံ အားနည်းခဲ့တာကြောင့်လို့ ဝေဖန်ခဲ့ပါတယ်။

0 အကြံပြုခြင်း: