Wednesday, May 14, 2014

အကျွတ်အလွတ်ပွဲ



အမြန်လမ်းပေါ်တွင် မော်တော်ယာဉ် တိမ်းမှောက်မှုများ မကြာခဏ ဖြစ်ပွားမှုကြောင့် အကျွတ်အလွတ်ပွဲ ကျင်းပအပြီး တစ်ရက်ခန့် အကြာတွင် မေလ ၁၂ ရက်နေ့ ည ၆ နာရီက နေပြည်တော်မှ ရန်ကုန်သို့ ထွက်ခွာသွားသော ရာဇာမင်း ယာဉ်လိုင်းမှ ခရီးသည်တင် အဝေးပြေး မော်တော်ယာဉ် တစ်စီးသည် အမြန်လမ်း မိုင်တိုင် ၁၉၇ မိုင်တွင် တိမ်းမှောက်ခဲ့ပြီး ခရီးသည် ၁၄ ဦး သေဆုံးကာ ၃၀ ကျော် ဒဏ်ရာရရှိခဲ့ကြောင်း အမြန်လမ်းပေါ်ရှိ ပန်းတင်ရဲစခန်းနှင့် အမြန်လမ်း ထိန်းသိမ်းရေး အင်ဂျင်နီယာရုံးတို့ထံမှ စုံစမ်းသိရှိရသည်။
ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင်အမှတ် ၁၉၇ တွင် ရာဇာမင်းခရီးသည်တင် တိမ်းမှောက်ခဲ့ရာမှ သေဆုံးခဲ့သူ ၁၄ ဦးကို အသက်အာမခံကြေး တစ်ဦးလျှင် ငွေကျပ် ၄၅ သိန်းဖြင့် ရက်ပိုင်းအတွင်း ထုတ်ပေးသွားရန် စီစဉ်လျက် ရှိကြောင်း အဝေးပြေး မော်တော်ယာဉ် ထိန်းသိမ်းရေး၊ နေပြည်တော်ရုံးထံမှ သိရှိရသည်။
The Voice Weekly

အကျွတ်အလွတ်ပွဲ လုပ်မှာလား၊လမ်းကိုပြင်မလား၊စည်းကမ်းတကျမောင်းတတ်အောင်သင်မလား။
ကနေဒါကလမ်းတွေကောင်းချက်က၁၅၀လောက်မောင်းကြည့်တာတောင်ကားတုန်မသွားဖူး၊
ရဲမရှိလောက်တဲ့နေရာသိချင်လို့တသက်မှာတခါစမ်းကြည့်တာ၊ဒါပေမယ့်ဟိုင်းဝေးပေါ်မောင်းတဲ့
ဘတ်စ်ကားမောင်းသမားတွေကကီလိုတရာအတိရအောင်မောင်းတယ်၊နာရီနဲ့ပေးတယ်၊ဘယ်
လောက်မောင်းပြီးရင်ဘယ်လောက်နားရတယ်ဆိုတာအတိအကျရှိတယ်၊နားချိန်အတွက်ပါ
ပိုက်ပိုက်ရတာပေါ့၊ထူးခြားတာကအသက်ကြီးကြီးမိန်းမကြီးတွေပါမောင်းတာတွေ့ရတာပဲ၊
ကိုယ်ကတော့စိုးရိမ်တာပါ၊သူမကတော့မောင်းတာဖြောင့်နေရောပဲ၊

အမြန်လမ်းက၁၀၀သတ်မှတ်ရင် တစီးထဲမောင်းချိန်မှာ၁၀၀အောက်မလျော့သင့်ဖူး
နောက်ကားအတွက်မကောင်းဖုး၊၁၁၀ထက်လဲမပိုသင့်ဖူး၊ပိုရင်နောက်ကရဲကားပါ
လာရော၊ဒေါ်လာ၄၀၀+ပြစ်ဒါဏ်၃မှတ်+လစဉ်အာမခံကြေးခုန်တက်........

အသက်အာမခံကြေး တစ်ဦးလျှင် ငွေကျပ် ၄၅ သိန်းဆိုတော့ဒေါ်လာ၅၀၀၀လောက်ပဲရှိတယ်
ယာဉ်လိုင်းတွေဒီထက်ပိုပြီးအာမခံကြေးသွင်းသင့်တယ်၊
ကနေဒါမှာရိုးရိုးအိမ်သုံးယာဉ်မောင်းအသစ်အာမခံကြေးကားပေါ်မူတည်ပြီးတလကို
၂၅၀ကနေ၅၀၀အထိအာမခံကြေးပေးရတယ်၊၁၅နှစ်လောက်အပြစ်မရှိပဲမောင်းသူတွေကျတော့
၁၀၀လောက်ပဲပေးရတယ်၊နယ်မြို့လေးတွေကတော့၅၀လောက်ပဲပေးရပါတယ်၊
ကိုယ်တိုက်လို့တဖက်လူသေရင်အာမခံကုမ္မဏီကဒေါ်လာသိန်းနဲ့သန်းနဲ့ချီလျော်ရတယ်၊
ကိုယ်လဲအမှုဆိုင်ရ၊အာမခံကြေးကမပေးနိုင်လောက်အောင်တက်လို့ မောင်းခွင့်ပါဆုံးရောပဲ
မျဉ်းကျားကကူးတဲ့မြန်မာကလေးကိုအငှားကားကတိုက်လို့ခြေသလုံးရိုးကျိုးတာဒေါ်လာ
၂သိန်းကျော်အလျော်ရတယ်၊
လူအသက်တချောင်းမြန်မာပြည်မှာဒေါ်လာ၅၀၀၀သတ်မှတ်တာတော့နည်းလွန်းတယ်ထင်ပါတယ်

0 အကြံပြုခြင်း: