Friday, April 11, 2014

နိုင်ငံခြားသူ Ms. Yvonne Dunton သည် သဘောရိုးဖြင့် အလံအား ဖြုတ်သိမ်းခဲ့ကြောင်း စစ်ဆေးတွေ့ရှိရ



 အလံလွှင့်ထူခြင်းသည် နိုင်ငံတော် အစိုးရအပေါ် ဆန့်ကျင်ဆောင်ရွက် သည့်သဘော သက်ရောက်သဖြင့် ယင်းသို့ဆန့်ကျင်ဆောင်ရွက်၍ မရသော ၎င်းတို့ အဖွဲ့အစည်း မူအရ နိုင်ငံခြားသူ Ms. Yvonne Dunton သည် သဘောရိုးဖြင့် အလံအား ဖြုတ်သိမ်းခဲ့ကြောင်း စစ်ဆေးတွေ့ရှိရသည်။

အဆိုပါ နိုင်ငံခြားသူသည် မြန်မာနိုင်ငံသို့ ၁၉၉၃ ခုနှစ်ကတည်းက ရောက်ရှိ ခဲ့ပြီး မြန်မာနိုင်ငံ၏ ပြည်သူများ၏ အကျိုးကို အကူအညီ ပေးလိုသောကြောင့် ဆန္ဒပြု တာဝန်ထမ်းဆောင်နေသူ ဖြစ်ကြောင်းနှင့် ၎င်းကိုယ်တိုင် လွန်ခဲ့သည့် နှစ် ၂၀ ခန့်မှစ၍ ဗုဒ္ဓဘာသာ တရားတော်ကို ယုံကြည်စွာ လေ့လာဆည်းပူးနေသူ ဖြစ် သဖြင့် ဗုဒ္ဓဘာသာဝင်တို့အထွတ် အမြတ်ထားသည့် သာသနာ့အလံကို မဖွယ် မရာ ပြုလုပ်လိုသော စိတ်ဆန္ဒအလျှင်း မရှိကြောင်း ပေါ်ပေါက်သည်။

ယင်းသို့သဘောရိုးဖြင့် ဆောင်ရွက်မှုသည် ဥပဒေချိုးဖောက်မှု မပေါ်ပေါက်သော် လည်း နိုင်ငံရေးလှုပ်ရှားမှု ရှုပ်ထွေးချိန်တွင် မမှန်မကန် စည်းရုံးလှုံ့ဆော်သူအချို့၏ ပယောဂကြောင့် ဒေသခံ တိုင်းရင်းသားအချို့မှ
 နိုင်ငံတကာ အဖွဲ့အစည်းများ အပေါ် အထင်လွဲမှားမှု ပိုမိုမြင့်တက်လာခြင်းဖြစ်ကြောင်း ။

ဗိုလ်ချုပ်မောင်မောင်အုန်း
စစ်တွေ ပဋိပက္ခစုံစမ်းစစ်ဆေးရေးအဖွဲ့

0 အကြံပြုခြင်း: