Wednesday, April 2, 2014

DKBA ကရင်တပ်မတော်ဖြင့်လိုက်ပါသွားကြသောသမီးလေးရွာသားများကိုဒုံကပိတံတားထိပ်တွင်ပိတ်ဆို့ထား

video
 Kyaw Lwin

DKBA ကရင်တပ်မတော်ဖြင့်လိုက်ပါသွားကြသောသမီးလေးအပါအဝင်ဒေါ်ကာလီ၊အင်းမတီး
ရွာသားများကို၊ကရင်ပြည်နယ်အဝင်ဒုန်ကပိတံတားထိပ်တွင်ကရင်ပြည်နယ်မှ
ဗိုလ်မှုးကြီးအောင်လွင်ဆိုသူကတားဆီးပိတ်ပင်ထားသဖြင့်လိုက်ပါလာကြသောဒုက္ခသည်များကိုထပ်ပြီးတော့
ဒုက္ခတွေပေးနေသဖြင့်ဒုက္ခသည်များထမင်းငတ်၊ရေငတ်နှင့်ကြုံတွေနေရသည်။
ယင်းဒုံကပိတံတားထိပ်တွင်၁၂နာရီ၁၀မိနစ်ခန့်ကဗိုလ်မူးကြီးအောင်လွင်ပြည်နယ်ဝန်ကြီး
အမိန့်ဖြင့်တားဆီးထားသဖြင့်DKBAကြီးအကဲများနှင့်ညှ်ိနိုင်းနေသည်မှာ၃နာရီကျော်
ကြာသော်လည်းညှိနိုင်းလို့မရသေးပေ၊ကလေးငယ်များဆာလောင်မွတ်သိတ်နေကြသည်။
DKBA နဲ့ကရင်ပြည်နယ်ကိုလိုက်ပါလိုက်ပါသွားမည့်စာရင်းကတော့
သမီးလေးကျေးရွာမှအိမ်ထောင်စုပေါင်း၅၂ စု..လူဦးရေ..၁၄၇ယောက်
ဒေါ်ကာလီရွာမှအိမ်ထောင်စုပေါင်း၃၀စု...လူဦးရေ၁၁၀ ယောက်
အင်းမတီးရွာကအိမ်ထောင်စုပေါင်း၉ ..လူဦးရေ၂၈ယောက်တို့ဖြစ်ကြပါတယ်
ဆယ်ဘီးကား၎စီဖြင့်ဒုက္ခသည်များကိုသယ်ဆောင်ပြီး၊စုစုပေါင်ကားဆယ်စီးဖြင့်
နိုင်ငံရေးတတ်ကြွသူများ၊စာနာသနားသောပြည်သူများဝန်းရံပြီးလိုက်ပါပို့ဆောင်ကြသည်။
ဒီသတင်းကိုလိုက်ပါပို့ဆောင်ပေးသောနိုငငံရေးတက်ကြွလှုပ်ရှားသူဦးဇော်ဝင်းမှသတင်းပေးပို့ထားပါသည်။

ကျော်လွင်3း13PM

1 အကြံပြုခြင်း:

Anonymous said...

ဒီကိစ္စနဲ့ဆိုင်မဆိုင်တော့မသိပါ၊ ဒါပေမဲ့ ဒီကေဘီအေ DKBA (Democratic Karen Buddhists Army) နဲ့ဆိုင်နေတဲ့သတင်းပါ။
DKBA ပြောက်ကျားဝတ်စုံဝတ် မွတ်စလင် လူတစ်စု ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတားကြီးဂိတ်ဝတွင် ပြည်သူအပေါ် လက်နက်များဖြင့် ရမ်းကား
Facebook "Like"-Dummy

Thursday, April 03, 2014


ဧပြီလ(၁)ရက်နေ့ မွန်းလွဲ(၃းဝ၀)နာရီအချိန်က မွတ်စလင် ဘာသာခြား(၆)ဦးသည် မဲဆောက်သို့ သွားရန် မြဝတီမြို့ ချစ်ကြည်ရေးတံတားကြီးဂိတ်ဝတွင် နိုင်ငံကူးလက်မှတ်များ ပြုလုပ်နေစဉ် တဖက်နိုင်ငံ သို့ ခရီးသည်များ ပို့ဆောင်ပေးနေသော
ရွှေမြန်မာမော်တော်ယာဉ်လိုင်းမှ စာရေးဝန်ထမ်းတစ်ဦးသည် ဆိုင်ကယ်ရပ်ရန် ဘေးသို့ အနည်းငယ် ဖယ်ခိုင်းစဉ် မွတ်စလင်တစ်ဦးနှင့် အခြေအတင် စကားများခဲ့ကြသည်။

ထိုသို့ စကားများခဲ့ကြပြီး မွတ်စလင်တစ်ဦးသည် မြဝတီမြို့တွင်း ပြန်သွားကာ DKBA တပ်ဖွဲ့ဝင်တစ်ချို့အား ကား(၁)စီးဖြင့် ခေါ်ဆောင်လာခဲ့ပြီး ၎င်းကိုယ်တိုင်လည်း DKBA ပြောက်ကျားဝတ်စုံကိုဝတ်ဆင်လာခဲ့ကာ အထက်ပါစကားများခဲ့သည့်ကိစ္စကို မကျေနပ်၍ ရွှေမြန်မာယာဉ်လိုင်း စာရေးဝန်ထမ်းအား လက်သီးနှင့်ထိုးရာ စာရေးဝန်ထမ်းက ပြန်လည်ထိုးကြိတ်သဖြင့်

ရုန်းရင်းဆန်ခက်မှုများ ဖြစ်ပွားခဲ့ပြီး DKBA ဝတ်စုံဝတ်ထားသူ ဘာသာခြားတစ်ဦးက ၎င်း၏ ခါးမှ သေနတ်အတိုအား ဆွဲထုတ်၍ ချိန်ရွယ်စဉ် ရွှေမြန်မာယာဉ်လိုင်းမှ အောင်မိုးဆိုသူက သေနတ် ကိုင်ထားသော လက်အား ပုတ်ချခဲ့မှုကြောင့်
သေနတ်လွင့်ကျသွားခဲ့သွားခဲ့သည်။

ထိုသို့ သေနတ်လွင့် ကျသွားခဲ့သဖြင့် ၎င်းဘာသာခြားက ရင်ဘတ်တွင် ချိတ်ထားသော လက်ပစ်ဗုံးအား ဖြုတ်ယူလိုက်စဉ် ချစ်ကြည်ရေးတံတားတွင် တာဝန်ကျနေသော တပ်မတော်တပ်ထိန်းက ဝင်ရောက်တားဆီးနိုင်
ခဲ့သဖြင့် ပေါက်ကွဲမှုများ ဖြစ်ပေါ်ခြင်းမရှိခဲ့ကြောင်း သိရသည်။

ယင်းကိစ္စနှင့်ပတ်သက်၍ ချစ်ကြည်ရေးတံတားကြီး မှ တာဝန်ရှိသူများက ဖြေရှင်းထိန်းသိမ်းနိုင်ခဲ့ကြသည်။

DKBA ဝတ်စုံဝတ် မွတ်စလင်များသည် ဒေါသများထွက်နေကြပြီး ချစ်ကြည်ရေးတံတားကြီး ဂိတ်ဝရှိ သံစကာများအား စိတ်ရှိ လက်ရှိ ကန်ကြောက်ခဲ့ကြသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ထိုင်း- မြန်မာ ချစ်ကြည်ရေးတံတားကြီးဂိတ်ဝ မြို့မျက်နှာစာဖြစ်သော နိုင်ငံတကာဝင်ပေါက်တွင် DKBA ယူနီဖောင်းဝတ် မွတ်စလင်များ၏ လုပ်ဆောင်မှုများသည် ပြည်သူများ အထိတ်တလန့်ဖြစ်ရခြင်း၊

ဒီမိုကရေစီ အကျိုးပြု ကရင့်တပ်မတော် (DKBA) ၏ ဂုဏ်သိက္ခာကျဆင်းရခြင်းတို့ကို ဖြစ်ပေါ် စေ၍ DKBA အဖွဲ့အား အမြန်ဆုံးဖောတ်ထုတ်အရေးယူပေးပါရန် မြဝတီမြို့၊ DKBA ဆက်ဆံရေးရုံးနှင့်သက်ဆိုင်ရာဌာနအသီးသီးသို့ ရွှေမြန်မာမော်တော်ယာဉ်လိုင်း ဥက္ကဌ ဦးချစ်ဝိုင်းမှ တိုင်ကြားထားကြောင်းသိရသည်။

DKBA ဆိုသည်မှာ ဒီမိုကရေစီ အကျိုးပြု ကရင်တပ်မတော်ဟု သိရှိရပြီး ယခုကဲ့သို့ ကရင်တပ်မတော် ထဲတွင် မွတ်စလင်များကို ဒီကေဘီအေ ဝတ်စုံများနှင့် တွေ့မြင်နေရသည်မှာ အံ့ဩစရာကောင်း ပါကြောင်း ရွှေမြန်မာအသင်းဥက္ကဌက News Watch သို့ ပြောကြားသည်။

ကိုကိုမောင် (မြဝတီ)
News Watch(စောင့်ကြည့်သတင်းဂျာနယ်)