Monday, April 7, 2014

ဆက်စပ်မရသော ရှုမျှော်ခင်းများ

r Aung Ko Ko

အတိတ်၊ ပစ္စုပ္ပန် နှင့် အနာဂတ်တို့သည် ရှု မျှော်ခင်းများဖြစ်ကြသည်။ တောက်ပသော မွဲခြောက်သော၊ စိမ်းလန်းသော စသည်ဖြင့် ထို ရှုမျှော်ခင်းတို့သည် ဆက်စပ်မရသော ပန်းချီကားတို့လည်း ဖြစ်ချင်ဖြစ်ပေလိမ့်မည်။
သူ့ အခန်းထဲတွင် သတင်းစာအဟောင်းတစ် ချို့ရှိသည်။ အဘိုးထို သတင်းစာတို့ကိုဘာ ကြောင့်သိမ်းဆည်းထားခဲ့မှန်း သူမသိပါ။ အဖေကတော့ ပုံမှန်ဂျာနယ်ဖတ်သူဖြစ်၏ ...
ဂျာနယ်၊ သတင်းစာတို့သည် ခေတ်၏ ပုံရိပ် များဖြစ်၏ ... ရှုမျှော်ခင်းများဖြစ်၏ ... ထို ရှုမျှော်ခင်းများထဲတွင် သူကြည့်ငေးရန် အသင့်ထိုင်နေလိုက်မိ၏ ...
Alfred Nobel ကွယ်လွန်ခဲ့သည်မှာ ကြာပြီ ဖြစ်သည်။ နိုဘယ်လ်ဆုကို ၂မျိုးပေးသည်ဟု သူလည်းမကြားဖူးပါ။ သို့သော် နောင်လာနောင်သားတို့ကို ပညာသင်လျှင် ၂မျိုး သင်သင့်ပါသည်။ ၁၉၈၈ မှ ၂၀၁၀ အထိ နိုဘယ်လ်ဆုသည် ၂ပြားမတန်သောဆု တစ်ဆု ဖြစ်၍ ၂၀၁၀ နောင်ပိုင်းတွင် ချက်ချင်း တန်ဖိုးမြင့်သွားသောဆု ဖြစ်၏။ ထို့အတူ ဒေါ်အောင်ဆန်းစုကြည် ရစဉ်က အနောက်အုပ်စု၏ ချည်ကြိုးအဖြစ် ၂ပြားမ တန်အောင်ဖော်ပြခဲ့သော သတင်းစာတို့သည် သမ္မတကြီး ဆန်ကာတင်ဝင်သောအခါ ဟိမဝန္တာချီးမွမ်းခန်း ဖွင့်ကြပြန်၏
ထို့ကြောင့် နိုဘယ်လ်ဆု ( ဒေါ်စု ) သည် ၂ပြားမတန် ၊ သမ္မတဦးသိန်စိန် နိုဘယ်လ်ဆု တန်ဖိုးကြီး ဟူ၍ အစိုးရသတင်းစာ များ အရ သိရပါသည်။ နိုဘယ်လ် ဆု၂မျိုးပေးခဲ့ ဟန်တူပါသည်။
ဦးသိန်းစိန် သမ္မတဖြစ်လာသောအခါ ဆင်းရဲ မွဲတေမှု ပပျောက်ရေးကို ဦးတည်ချက်ထား ခဲ့ပါသည်။ သူစီးနေကျဆိုက်ကားဆရာသည် ဇေ သောက်ရင်း ဘဝကူးသွားပြီဖြစ်သည်။ ပဲပြုတ်သည် သည်လည်း ငါးပိရည်စားရင်း လုံးပါးပါး ကာ ဘဝအသစ်ရသွားပြီဖြစ်သည် ယူရီးယား သည်လူစားရန်မဟုတ်လောက်ပါ။ သွေးလွန်တုတ်ကွေး ဖြင့်ဆင်းရဲသော ကလေးငယ်များ မြန်မြန်ဝဋ်ကျွတ်သွားကြ၏ ဆင်းရဲသားများ အကုန်သေသွားလျှင် ဆင်း ရဲမွဲတေမှု ပပျောက်သွားမည်ဟုတော့ သမ္မတကြီး တွေးခဲ့မည်လား ဟု သူမတွေးမိပါ။ မတွေးသင့်သောကြောင့်ဖြစ်ပါသည်။ ဝါသနာပါလျှင် လူတစ်ချို့ကဲ့သို့ သင်လည်း အော်နိုင်ပါသည်။ " သမ္မတကြီးကို ကျေးဇူးတင်ပါသည် " ဟူ ၍ ဖြစ်ပါသည်။ သည်းခြေကောင်းရန်တော့ လိုပါသည်။ မဟုတ်လျှင် ပျို့အန်တတ်ပါသည်။
တရုတ်စာဖြင့်ရေးထားသော နို့မှုန့်များ၌ မယ် လမင်းဓာတ်ပါသဖြင့် ကလေးငယ်များ အသက်အန္တရာယ်ရကြ၏ ... တရုတ်စာဖြင့်ရေးထားသော အရုပ်များ၌ အရည်အသွေးညံ့၍ ကလေးငယ်များ တီဘီ ရောဂါ ဖြစ်ကြ၏ ... တရုတ်စာဖြင့်ရေးထားသော မီးခိုးဗုံးကိုသုံးစွဲ လိုက်သဖြင့် လက်ပံတောင်းမှ သံဃာတော် များ သေရာပါဒဏ်ရာများရကုန်ကြ၏ ... ဝန်ကြီးတစ်ပါးမှ တရုတ်သည် ကျေးဇူးရှင်ဖြစ်ကြောင်း၊ ကြောက်ရကြောင်းပြော၏ ... သမ္မတကြီးအား ကျေးဇူးတင်ပါသည်။
သတင်းစာအဟောင်းတစ်ခုထဲတွင် လော်စစ်ဟန် သည်လူယုတ်မာ ဘိန်းဘုရင်ဖြစ်၏ ... သတင်းစာအသစ်တစ်ခုထဲတွင် ဦးလော်စစ်ဟန် နာရေးအတွက် ဝမ်းနည်းကြောင်း လယ်ယာစိုက်ပျိုးရေး ဝန်ကြီးမှဝမ်းနည်းကြောင်း နာရေးကြော်ငြာထည့်၏ ...
ဘိန်းရာဇာ နှင့် ဗိုလ်ချုပ် ဘိန်းစိုက်ပျိုးရေး နှင့် လယ်ဆည်ဝန်ကြီး သူ မတွေးတတ်ပါ။ ဆက်စပ်မရသော ရှုခင်း တစ်ခုဖြစ်ပါလိမ့်မည်။ တိုင်းပြည်အတွက် အသက်ပေးလှူခဲ့သော တပ်မတော်သားမိသားစုများသည် ထိုနာရေးကြော်ငြာအတွက် မျက်ရည်ကျရပါလိမ့် မည်။ သမ္မတကြီးကို ကျေးဇူးတင်ပါသည်။
၂၀၀၈ ခြေဥ ရေးဆွဲသော ဥက္ကဌမှာ ဗိုလ်ချုပ် ကြီးသိန်းစိန် ဖြစ်ပါသည်။ မြစ်ဆုံ ကို ရောင်းရန် လက်မှတ်ထိုးခဲ့သူမှာ ဝန်ကြီးချုပ် သိန်းစိန် ဖြစ်ပါသည်။ သံလွင်မြစ်၊ စစ်တောင်း၊ ချင်းတွင်းမြစ်များကို ရောင်းမစားခဲ့၍ ကျေးဇူးတင်မိကြောင်း Facebook သုံးစွဲသူ စစ်တပ်အရာရှိတစ်ဦး မှပြောပါသည်။ မျက်ရည်များပင် လည်လာ မိပါသည် ...
သမ္မတသည် သောကြာနံဖြစ်ပါသည် ...
ဦးသိန်းစိန် သည်လည်း သောကြာနံဖြစ်ပါ သည်။
အဖျက်ခံရသော သိမ် တော်သည်လည်း ကောင်း၊
ညှိုးမှိန်လာသော သာသနာသည် လည်းကောင်း၊
ကျူးကျော်ဟု နှိမ်နင်းခံရ သော သံဃာ သည်လည်းကောင်း ...
ဘူဒိုဇာဖြင့် အထိုးခံရသော သမီးကလေးရွာ သည် လည်းကောင်း ...
ဘုန်းကြီးကျောင်းကို ဖျက်ကာ စိုက်ပျိုးလိုက် သော သရက်စိုက်ခင်း သည်လည်းကောင်း
သောကြာနံများသာ ဖြစ်ပါသည်။
ဆင်းရဲမွဲတေမှုကို ဘူဒိုဇာဖြင့် တိုက်ဖျက်ရ ကြောင်း သင်ပေးလျှင် အာဖရိက နိုင်ငံများ လည်း သမ္မတကြီးအား ကျေးဇူးတင်ပါလိမ့် မည်။
၁၉၉၀ နောက်ပိုင်း သတင်းစာတစ်စောင်ကိုသူယူလိုက်မိ၏။ ၉၀နှစ်လွန်ပိုင်း သတင်းစာ များတွင် ဒီမိုကရေစီသည် မြန်မာ့ယဉ်ကျေး မှုနှင့် မအပ်စပ်ရာမစားကောင်းသောအသီး အဖြစ် နေ့စဉ်ရေးသားကြ၏။ ယခုအခါ ထိုသူတို့သည် ဘောင်းဘီဝတ်ရာမှခေါင်းပေါင်း တပ်ကာဒီမိုကရေစီကို ဥုံ ခံရွတ်ဆို စီးပွားတိုးနေကြပြန်၏ ...
၁ ဒဿမ ၅ ဒေါ်လာ တန် sim card ကို ဒေါ်လာ ၁၅၀၀ ဖြင့်ရောင်းချခဲ့ရာမှ ကျပ်ငွေ ၁၅၀၀ အထိလျော့ချပေးခဲ့၍ ကျေးဇူးတင် ကြောင်း ပြောနေကြ၏ ...
သည်းခြေမကောင်း၍ ခဏခဏ ပျို့အန်တတ်ပါသည်။ ဧပြီ ၁၂မှစ၍ ငွေတစ်သောင်း ဖြည့်လျှင် ငွေ ၁၂၀၀၀ ကျပ် ရနိုင်ကြောင်း MPT မှ message ပို့ပါသည်။ ငွေ ၂၀၀၀ မက်၍ များများဖြည့်မိသူများသည် ... တစ်မိနစ် ၁၀ကျပ်နှင့် ၂၅ ကျပ်တန် sim card များ ထွက်လာသောအခါ MPT၏ တစ်မိနစ်ကို ၅၀ ပေးပြောရင်း မျက်ရည်များဖြင့် သမ္မတ ကြီးကို ကျေးဇူးတင်ကြောင်းဆက်ပြောသင့် ပါသည်။
ဒေါသထွက်နေသောလူတစ်စု၊နောက်ကွယ်မှ လက်မည်းကြီး တို့သည် သမ္မတကြီး၏ ဖွားဘက်တော်ဖြစ်၏ ... Sea Game တွင် သမ္မတကြီးတို့ မီးပန်းများဖောက်မည်ကိုအား ကျသဖြင့် ရခိုင်ပြည်နယ်၊ မိတ္ထီလာ၊ လားရှိုး၊ ဥက္ကံ၊ လှည်းကူး မြို့သည် အားကျမခံ မီးဆော့ ကြပါ၏ ... တစ်ပြည်လုံး မကုန်သေးသည်မှာ ကံကောင်းလွန်းပါသည်။
ဘွဲ့ရများပင် အိမ်အကူထွက်လုပ်ကြရ၏။ သခင်မျိုးဟေ့ တို့ဗမာဟု ကြွေးကျော်သံများ ကြားရသောအခါ မကြာမှီတွင် အိမ်ဖော် အထွက်ဆုံး ဖိလစ်ပိုင်၊ အင်ဒို တို့ကို မြန်မာ ကျော်ဖြတ်တော့မလားဟု အားရမိပါသည်။ သမ္မတကြီးအား ကျေးဇူးတင်ပါသည်။
ဘုရင့်နောင်လမ်းပေါ်တွင် သစ်လုံးကားကြီး များ ဖြတ်သန်းသွားကြ၏ ... ၁၉၉၀ ခန့်က ရဟတ်ယာဉ်ဖြင့် ရိုက်ထားသော သီချင်းတွင် မြန်မာပြည်ကြီး စိမ်းလန်း နေဆဲဖြစ်ပါသည်။ မယုံရင် မြဝတီမှန်မှန် ကြည့်ပါ။ ကျေးဇူးတင်ပါသည်အစား သမ္မတကြီးအား ဝ ရှဲရှဲနိ ဝမ်စွေ့ဝမ်စွေ့ဟုလည်းပြောနိုင်ပါ သည်။
ငိုချင်စိတ်ကို ထိန်းမရသောကြောင့် သတင်း စာ၊ ဂျာနယ်အဟောင်းများကို အမှိုက်သိမ်း သူအား ရောင်းစားရန် ပေးလိုက်ပါသည်။ ထိုသူသည်လည်း ရောင်းစားရန်အပြင် သိမ်း ထားရန်မလိုသောသတင်း များအတွက် ကျေးဇူးတင်ပေလိမ့်မည် ...
Update အဖြစ်ဆုံး ၂၀၁၄ မိုးရာသီရန်ကုန် မြို့ ရေမလျံရန် သမ္မတအထူးခွင့်ပြုချက်ဖြင့် ၁၂ဘီလီယံ သုံးစွဲမည့် ဂျာ နယ်အဖုံးအား နံရံတွင်ကပ်ထားပါသည်။ မိုးတွင်း ရေကူးနေကြသော မျက်နှာဖုံးများ ပါလာသော အခါ ယှဉ်ကပ်ထားလျှင်အလွန် ရယ်ရပါလိမ့်မည် ........

သမ္မတကြီးအားကျေးဇူးအကြီးကြီး တင်ပါသည်။


0 အကြံပြုခြင်း: