Friday, April 4, 2014

နောက်ဆုံးတော့ သမီးကလေးလွတ်မြောက်နယ်မြေရောက်ပြီ



********************************************
ဘုရားဖူးထွက်သွားတယ်ဆိုပြီး အသွင်သဏ္ဍာန်ပြောင်းခဲ့တဲ့သမီးလေးကျေးရွာသား
တွေကော့ကရိတ်မြိ.နယ်ရှိ DKBA ဗိုလ်မှူးချုပ်စောကျော်သက် ဌာနချုပ်တည်ရှိရာ
ကောင်းမှုကျေးရွာကိုအားလုံးရောက်ရှိကြပါပြီ။

ရေချိုး၊ထမင်းစား၊ အနားယူပြီးယခုညနေ ၄း၁၅ နာရီမှာ မြ၀တီသို့ ဆက်လက်
ထွက်ခွာလာပါပြီ၊မြ၀တီ ၈၈ငြိမ်းပွင့်၊မြ၀တီ NLD၊မြ၀တီပြည်သူတွေက၀မ်းသာ
အားရကြိုဆိုကြပါမယ်၊

သမီးလေးကျေးရွာသူ/သား ၁၀၀ ကျော် မြဝတီမြို့ သို့ ရောက်ရှိလာပြီး
ဖားခြောက်ကောင်ကျောင်းရှေ့တွင် ခေတ္တနားနေပြီး မြဝတီမြို့နယ်
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ခေါက်ဆွဲကြော်၊ ရေသန့်၊ အချိုရည်နှင့်
မုန့်ခြောက်များ လှူဒါန်းပေးနေပါသည်။
Kyaw Swar Myint



သမီးကလေးလွတ်မြောက်နယ်မြေရောက်ပြီတဲ့...
သမီးလေးကမြန်မာလိုပဲပြောတတ်တာဆိုတော့
ကရင်တောမှာပျော်ပါ့မလား...မြန်မာတောကို
စိတ်နာသွားတာလားသမီးလေးရယ်...
နာမယ်ဆိုလဲနာလောက်တာပေါ့ကွယ်...
သမီးလေးလူဖြစ်ခါစကဒီမြေကြီးတွေကတန်ဖိုးမှ
မရှိတာ...အခုတန်ဖိုးတွေကတက်လာတော့
သမီးလေးကိုစာနာမှုမပေးကြတော့တာကိုး....
သမီးလေးရယ်...
သူတို့ကအုပ်ထိန်းသူလုပ်ချင်ကြတယ်...
မလုပ်တတ်ပဲနဲ့ကိုလုပ်ချင်တာ...
စီမံကိန်းပဲဖြစ်ဖြစ်၊ဒီမြေပေါ်မှာတခုခုလုပ်ရင်အကျိုး
အမြတ်ထွက်မှာပဲ။မြေပေါ်ကဖယ်ပေးလိုက်ရတဲ့
သမီးလေးကိုအကျိုးအမြတ်ထဲကနဲနဲဖြစ်ဖြစ်မျှဝေ
သင့်တာပေါ့၊သမီးလေးကတိုင်းရင်းသားစစ်စစ်
မြေပိုင်ခွင့်ရှိတယ်လေမဟုတ်လား....
လုပ်စားမရတဲ့ဖုန်းဆိုးမြေပြန်ပေးတော့သမီးလေး
ကဘယ်နေချင်ပါ့မလဲ.....
အခုတော့သမီးလေးရဲ့အနာဂတ်ဘယ်လိုရှိမှာပ...
မလုပ်တတ်ပဲအုပ်ထိန်းသူလုပ်ချင်ကြတဲ့သူတွေ
ရှက်တတ်ရင်( <_>)တွင်းထဲခေါင်းထိုးသေလို့
ရကြပါပြီ၊.....။ ရှက်ကြောပါခဲ့ရင်ပေါ့...။

0 အကြံပြုခြင်း: