Tuesday, April 29, 2014

တချိန်က ကိုနေမျိုးဝေကိုလေးစားအားကျခဲ့သူ



(မဘသ)ခေါင်းစဉ်အောက်မှာ နေမျိုးဝေရှိသင့်သလား?

ကိုနေမျိုးဝေကိုပုဂ္ဂိုလ်ရေးအရခင်ပါတယ်။ပထမတော့မသိချင်ယောင်ဆောင်နေမို့ပဲ။ဒါမယ့်စိုးရိမ်စိတ်ဝင်လာတာနဲ့အခုလိုရေးလိုက်ရတာပါ။

ကိုနေမျိုးဝေက မ.ဘ.သ မပေါ်ခင် ဇေကမ္ဘာနဲ့
လယ်သမားတွေကြားက မတရားမှုတွေဖော်ထုတ်ပေးပြီး
လယ်သမားတွေဘက်ကရပ်တည်ပေးခဲ့တဲ့
အချိန်မှာကျနော်လေးစားအားကျမိခဲ့တာဝင်ခံပါတယ်။

ခုနောက်ပိုင်းဇေကမ္ဘာနဲ့ကိစ္စမှာ ဘယ်လိုတွေညှိနှိုင်းလိုက်လို့လည်းဆိုတာကို တော့ကျနော်
မသိလိုက်ပါဘူး။ဇေကမ္ဘာနဲ့ဇာတ်လမ်းကတစ်ခန်းရပ်သွားတယ်ပေါ့။

ရပ်သွားလို့သူနိုင်သွားပြီလားဆိုတော့ မဟုတ်ပါဘူး
မကြာသေးခင်ကပဲ ဇေခင်ရွှေက မီဒီယာကို " သူအနေနဲ့လယ်မြေတွေပြန်မပေးနိုင်ပါဘူး"တဲ့

ဒီတော့ နေမျိုးဝေလုပ်ခဲ့တဲ့ လယ်သမားကိစ္စက
ရှုံးသွားတာလား ၊လျော်ပေးလိုက်တာလား ၊ အဖျားရှူးသွားတာလား ၊နာမည်ကြီးလွယ်မယ့်လမ်းကိုပြောင်းလိုက်တာလား ဆိုတာစဉ်းစားစရာတစ်ခုပါ။

ဒါကတော့သူ့ရဲ့နောက်ကြောင်းတချို့ပေါ့။ဒါတွေပြန်ပြောရတာဟာ သူကိုပုဂ္ဂိုလ်ရေးတိုက်ခိုက်ချင်လို့မဟုတ်ပါဘူး။ရပ်တည်ချက်ပြောင်းသွားတဲ့ အကြောင်းကိုစဉ်းစားချင့်ချိန်နိုင်အောင်လို့ပါ။

အဓိကပြောချင်တာ ခုမှစမှာပါ။နေမျိုးဝေက မ.ဘ.သ ဆိုတဲ့ခေါင်းစဉ်နဲ့ ကုလား ၊ တရုတ် ၊အစိုးရ ၊အတိုက်အခံ အားလုံးကိုဗျင်းတာကိုတွေ့ရတယ်။
သူအများဆုံးဗျင်းတာက မူစလင်တွေကိုပါ။quran bible ကိုတောင်ဘာသာပြန်ပြီးဗျင်းတာပါ။

ဘာကြောင့်မူစလင်တွေကိုဗျင်းတာလဲ စဉ်းစားကြည့်တော့

၁။ ဘာသာရေးအရ ဗုဒ္ဓဘာသာကိုကာကွယ်ချင်လို့လား ?
၂။ လူမျိုးရေးအရလား မုန်းတီးလို့လား ?
၃။ နာမည်ကြီးချင်လို့လား ?
၎။ တစ်ဦးတစ်ယောက်က ခိုင်းစေညွှန်ကြားလို့လား ?
ဆိုတဲ့ စဉ်းစားစရာတွေပေါ်လာပါတယ်။

ဒီထဲမှာဖြူစဉ်တဲ့ရည်ရွယ်ချက်ဆိုလို အမှတ်စဉ်တစ်ပဲရှိပါတယ်။
ကျန်တဲ့ ၂ကနေ ၄အထိကတော့ တိုင်းပြည်အတွက်
အဆိပ်အတောက်လိုယူဆပါတယ်။

ဗုဒ္ဓဘာသာကိုကာကွယ်ဖို့လို့ပြောရအောင် သူကဘာသာမဲ့တစ်ဦးဖြစ်တဲ့အတွက် မ.ဘ.သ ဆိုတဲ့ခေါင်းစဉ်အောက်မှာသူမနေသင့်တော့ပါဘူး။

ဘာသာမဲ့ဆိုရင် အနေသင့်ဆုံးခေါင်းစဉ်က ဒီမိုကရေစီဘက်မှာနေရင်နေ မနေရင် ကုလားမုန်းတီးရေးဆိုတဲ့ ခေါင်းစဉ်တစ်ခုတပ်ပြီး
သတ္တိရှိရှိ ပေါ်တင်လှုပ်ရှားသင့်ပါတယ်။

သံဃာတွေအနေနဲ့ သူတို့အမျိုးဘာသာ
သာသနာကိုကာကွယ်ချင်တာ သဘာဝကျပေမယ့်
ဘာသာမဲ့တစ်ယောက်က (မဘသ) ခေါင်းစဉ်နဲ့လှုပ်ရှားနေတာတော့ အန္တရယ်တစ်ခုလို့မြင်ပါတယ်။မဘသအတွက်လည် အဆိပ်အတောက်ဖြစ်စေပါတယ်။

ဘာလို့ဆို ဘာသာရေးခေါင်းဆောင်တစ်ယောက်
ဟာ သူတို့ဘာသာသာသနာအထိခိုက်မခံနိုင်လို့
သာ ကုလားကို တိုက်ခိုက်တာပါ အမုန်းတရားမပါပါဘူး။
သူ့တာဝန်သူယူတာပဲလေ။

ဘာသာမဲ့တစ်ယောက်က ဘာသာရေးခေါင်းဆောင်တွေနဲ့တွဲပြီး hate speech
သက်သက် လိုက်ဟောနေမယ်ဆိုရင် အများအမြင်မှာတော့ အမျိုးဘာသာသာသနာအတွက်လို့ဆိုပေမယ့် သာမန်လူထုထဲမှာ တည်ငြိမ်အေးချမ်းရေးအတွက် ပြသနာတွေရှိနိုင်ပါတယ်။

ဘာသာရေးခေါင်းဆောင်ဆိုတာက ဘာသာတရားနဲ့အညီ ကိုယ့်ကိုယ်ကိုယ်ထိန်းပေမယ့် ဘာသာမယ့်တစ်ယောက်မှာက အထိန်းအကွတ်မရှိပါဘူး။သူ့စိတ်ထဲမှာအမုန်းတရားပဲရှိနေမှာပါ။ဒီတော့ အမှန်တရားဆိုတာလည်း
ဝေလာဝေးပဲပေါ့။

ဒါကြောင့် ကိုနေမျိုးဝေကိုအထူးအကြံပြုချင်တာက
မဘသနဲ့ဝေးဝေးနေပြီးနဂိုလုပ်နေကျအလုပ်တွေကို ပဲဆက်လုပ်သင့်ပါတယ်လို့ ။မဘသကိုအရောင်မဆိုးသင့်ပါဘူး။

အလေးနက်ထားပြောလိုတာကတော့
နိုင်ငံရေးအရ နာမည်ကြီးချင်တယ်ဆိုရင်လည်း
ထိလွယ်ရှလွယ်တဲ့ အမျိုးသားရေးခေါင်းစဉ်(မဘသ)
အောက်မှာ မလုပ်ပဲ တခြားနည်းလမ်းနဲ့သာလုပ်
သင့်ပါကြောင်း ရွှေနားတော်အပါး ပေါက်ကြားစေလိုပါတယ်။

(တချိန်က ကိုနေမျိုးဝေကိုလေးစားအားကျခဲ့သူ) ကနောင် မင်း

0 အကြံပြုခြင်း: