Thursday, April 10, 2014

ရဲတိုက် သာသနာ့ဘောင် နှစ်ကြိမ်ဝင်ခဲ့


 Thorn Nay Soe

ရဲတိုက် သာသနာ့ဘောင် နှစ်ကြိမ်ဝင်ခဲ့ပါတယ်။

ပထမတစ်ကြိမ်က ...
ပြင်ဦးလွင်မြို့ ရှူခင်းသာကျောင်းတိုက်မှာ
၅.၁.၂၀၁၂ မှ ၁၃.၁.၂၀၁၂ ရက်နေ့ အထိ ရဟန်းခံခဲ့တယ်။

ဒုတိယတစ်ကြိမ်က ..
ရန်ကုန်ဘောက်ထော် မဟာဗောဓိစာသင်တိုက်မှာ
၇ရက် ရဟန်းဝတ်ခဲ့တယ်။

Photo Credit (Myo Zaw)



မြန်မာနိုင်ငံဆိုတာ ...

ဆေးခြောက် တစ်ကျပ်သားက ထောင်ခြောက်နှစ် ကျသွားနိုင်ပေမယ့်၊ တစ်သက်လုံး ဘိန်းချလာတဲ့ ကောင်တွေက သမဒ နဲ့ ညစာစားပွဲ တက်ရနိုင်တယ်။
ကွန်ဒုံး တစ်ခု လက်ထဲတွေ့ရင် ပြည့်တန်ဆာမှုနဲ့ ထောင်ကျနိုင်ပေမယ့် ၊ နေပြည်တော်ထိ ဇိမ်ခန်း တက် ဖွင့်နိုင်ရင် သမဒ ရဲ့ အကြံပေးလဲ ဖြစ်ချင် ဖြစ် သွားမယ်။
အများပြည်သူ ရုံးထဲဝင် ဓာတ်ပုံ ရိုက်တဲ့ သတင်းထောက်က ပိုင်နက် ကျုးလွန်မှု ဖြစ်နိုင်ပေမယ့်၊ သူများ ရွာထဲဝင် ဘူဒိုဇာနဲ့ ဖျက်တတ်ရင် သမဒ ထိ တက်ဖြစ်နိင်တယ် ...။
မြန်ာနိုင်ငံဟာ ...
လက်လီထက် လက်ကားစံနစ်ကို ဦးစားပေးတယ်။
(ကိုကျော်စွာ သတင်းပေးပို့သည်)


0 အကြံပြုခြင်း: