Wednesday, April 30, 2014

မျိုးစောင့်အဖွဲ့မှ သမ္မတအား ဆန့်ကျင်တာလား။



ooredoo အာရပ်မှ ဘာသာခြားပိုင်လုပ်ငန်း၏ ဖုံး ဖြင့် ခေါ်လျှင် မကိုင်ပါရန် ဆိုပြီး ဦးဝီရသူဦးစီးသော မျိုးစောင့်အဖွဲ့များမှာ တရားဝင် ကြေငြာချက် ထုတ်လာတာကို တွေ့ရပါသည်။

ထို မိုးလ်ဘိုင်းဖုံးလိုင်းများအား ဦးသိန်းစိန် အစိုးရအဖွဲ့မှ တရားဝင် ခွင့်ပြုချက် ပေးပြီးထုတ်ပေးခဲ့ခြင်းဖြစ်သည်။ သမ္မတ ဦးသိန်းစိန်မှ ooredoo အာရပ်ဘာသာခြား ကုမ္မဏီအား ယုံကြည်စွာဖြင့် လုပ်ငန်း လုပ်ပိုင်ခွင့် ချပေးခဲ့ခြင်းဖြစ်သည်။ ပိုမို ကောင်းမွန်သောစနစ်နှင့် နည်းပညာ ပိုသာသော လုပ်ငန်းများကို မရွေးချယ်ပဲ ထို ဘာသာခြား မိုဘိုင်းလ် လုပ်ငန်းအား ရွေးချယ်ခဲ့သောကြောင့် အများကအံ့သြခဲ့ရသည်။ ထို ooredoo မှ လုပ်ငန်း လုပ်ကိုင်ခွင့်ရပြီး degicel သို့ sub-con ပြန်ပေါင်းလုပ်သဖြင့် အမှန်တကယ် လုပ်ကိုင်နိုင်သည့် လုပ်ငန်းကို မရွေးချယ်ခဲ့သော သမ္မတ ၏ အူတူတူ ဆုံးဖြတ်ချက်ကို အများမှ သံသယ ဝင်လာခဲ့ကြပေသည်။ အဘယ်ကြောင့် ဆိုသော် ဘာသာရေး ပဋိပက္ခ ပြဿနာကြီးထွားလာချိန် ထိုဘာသာခြား လုပ်ငန်းအား ရွေးချယ်ပြီး မိုဘိုင်းလ် လုပ်ကိုင်ခွင့်အား ခွင့်ပြုခဲ့သောကြောင့်ဖြစ်သည်။ ပြည်သူများအပေါ် ပိုကောင်းသည့်စနစ်ကို ဘာကြောင့် မသုံးစွဲစေသနည်း။ ရိုးသားစွာ ရွေးချယ်ခဲ့သည် ဆိုသည်မှာ လုံးဝ မဖြစ်နိုင်တော့ပေ။

ယခုတော့ မျိုးချစ်အဖွဲ့မှ ထိုဘာသာခြား ဖုံးအား မသုံးစွဲရန် ဆန့်ကျင်ခြင်းသည် သမ္မတ၏ ရွေးချယ် ဆုံးဖြတ်ချက်အား ဆန့်ကျင်ခြင်းပင်ဖြစ်သည်။

မည်သို့ ဆန့်ကျင်ပါစေ၊ ထွက်ပြီးဆင်စွယ် ပြန်ဝင်လို့မရတော့ပေ။ ထို့ကြောင့် မျိုးချစ်နဲ့ သမ္မတ ထောက်ခံသူတို့ အတိုက်အခံ ပြန်လုပ်ပြီး ဖုံး ရွေးချယ်ရပေတော့မည်။ နော်ဝေနိုင်ငံ အခြေစိုက် တယ်လီနော် ၏ ဖုံးစနစ် အခြေအနေ အားလည်း စောင့်ကြည့်လျက်ရှိသည်။

ပြည်သူအများစုကတော့ လိုင်းအားကောင်းပြီး ကြည်လျှင်ပြတ်သားသော စနစ်ပိုကောင်းပြီး အဆင့်မြင့်သော၊ ဈေးနှူန်းချိုသာသော လိုင်းကိုသာ ရွေးသုံးမည်ဖြစ်သည်။

မြစ်ဆုံကိစ္စ္စတွင်လည်း သမ္မတ ဦးသိန်းစိန် သည် ဆုံးဖြတ်ချက် မပြတ်သားသောကြောင့် အမြင့်ဆုံး ရာထူးယူထားပြီး တာဝန်ယူ တာဝန်ခံ မဆုံးဖြတ်တတ်သောကြောင့် ယခုအထိ ဝါးတားတားဖြင့် ခေတ္တရပ်တန့်နေပြန်သည်။ ယခုလည်း ဘာသာရေး ပြဿနာဖြစ်ချိန် ရွေးချယ်မှု ဝါးတားတား လုပ်မှုများကြောင့် လုပ်ငန်းရှင်များ နစ်နာနိုင်သလို လူထုမှာလည်း စိတ်ညစ်စရာမှာ ဖြစ်ပေါ် လာနေပြီဖြစ်သည်။

အချုပ်အားဖြင့်ဆိုသော ဝေဝါးစွာ ဆုံးဖြတ်တတ်သော၊ အကြီးမားဆုံး လုပ်ငန်းများကို တာဝန်မခံရဲ၊ ခေါင်းရှောင်တတ်သည့် သမ္မတဦးသိန်းစိန်ကြောင့် ပြည်သူလူထုမှာ ဘာသာရေး၊ နိုင်ငံရေး၊ စီပွားရေး နွံထဲတွင် နစ်နေလျက်ရှိသည်။ ထို့ကြောင့် ဆုံးဖြတ်ချက် မှန်ကန်ပြတ်သားသည့် ကမ္ဘာ့ အဆင့်မှီ ခေါင်းဆောင်လျက်ထဲ အာဏာရလျှင် တိုင်းပြည် ယခင်ထပ်ပိုမို တည်ငြိမ် အေးချမ်းလာနိုင်ပါသည်။

ဘယ်သူက နိုင်ငံတကာ ခေါင်းဆောင်အများစုက ချစ်ခင် မြတ်နိုး တန်ဖိုးထားကာ မှန်ကန်တိကျသော ဆုံးဖြတ်ချက်များ ချမှတ်ပြီး တိုင်းပြည် ပိုမိုအေးချမ်း တိုးတက်လာအောင် ဆောင်ရွက်နိုင်လည်း ?????
ထိုလုပ်နိုင်တဲ့ သူလက်ထဲ တိုင်းပြည် အာဏာ ကို လွှဲ ပေးလိုက်ပါလားဗျာ ။ လိုအပ်တာတွေ လည်း ကူညီပေးကြပါလား။ တိုင်းပြည် အေးချမ်းပြီး ပိုမို တိုးတက်ဖွံ့ဖြိုးလာမှာပါ။

(သမ္မတဦးသိန်းစိန်ကတော့တပ်ထားတဲ့ နှလုံးခုံ စက်လေး မရပ်တန့်ခင် အနားယူ သင့်ပါတယ်။၊ စေတနာ နဲ့ သတိပေးတာနော်။ )

အားလုံး ကျန်းမာ ချမ်းသာစွာဖြင့် ပျော်ရွှင်နိုင်ကြပါစေ။

ကိုစိုင်း

Sai Phyo Wai Lin

0 အကြံပြုခြင်း: