Monday, April 7, 2014

ခင်ဗျားက ဒေါ်စု လော်ဘီလား



Melvin Moe

"ခင်ဗျားက ဒေါ်စု လော်ဘီလား" တဲ့....

သောက်ပလုတ်တုတ်... လန့်သွားတာဘဲ....

နေစမ်းပါအုံး.... ကျုပ်လို လူမျိုးက ... ဒေါ်အောင်ဆန်းစုကြည် ကို လော်ဘီလုပ်ပေးစရာလား.... ကျုပ်က NLD ပါတီကို လော်ဘီ လုပ်ပေးစရာလားဟ....

မြန်မာပြည်သား ၉၉ ရာခိုင်နှုန်း ထောက်ခံနေတဲ့ NLD ကို ကျုပ်က လော်ဘီ လုပ်ပေးရအောင် ကျုပ်မ တုံး သေးဘူး....

နိုင်ငံတကာ နဲ့ မြန်မာပြည်သား ၉၉ ရာခိုင်နှုန်း ထောက်ခံတဲ့ ဒေါ်အောင်ဆန်းစုကြည် ကို လော်ဘီ လုပ်ပေးရအောင် ကျုပ်က မပိန်းဘူး....

မြန်မာ နဲ့ ကမ္ဘာ က အနုပညာရှင်တွေ ထောက်ခံတဲ့ ဒေါ်အောင်ဆန်းစုကြည်လို ခေါင်းဆောင်မျိုး... ကမ္ဘာ့ခေါင်းဆောင်တွေ က လေးလေးစားစား ဆက်ဆံကြတဲ့ ဒေါ်အောင်ဆန်းစုကြည် လို လူမျိုးကို ကျုပ်လို ကမြောက်ကချောက် က လော်ဘီလုပ်ပေးစရာလား...

မေးစရာမလိုတဲ့ ကိစ္စ ကို အလကား လိုက်မေးနေတယ်...

ကျုပ်အခုဘာလုပ်နေလဲသိလား...?
လင်းလင်း ဆိုတဲ့ ♬ ♪ လူကိုလူချင်းသတ်တာ ဘယ်ဘာသာမှအားမပေးပါကွယ်♬ ♪ဆိုတာလေးကို တိုးတိုးလေးညည်းနေတယ်....

0 အကြံပြုခြင်း: