Wednesday, April 30, 2014

လယ်တီသိမ်ကို ဧပြီ ၂၉ ရက်နေ့က အပြီးတိုင် ဖြိုဖျက်လိုက်ပြီ


စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင် ဆားလင်းကြီးမြို့နယ် လက်ပံတောင်းတောင် စီမံကိန်းမှာ ရှိတဲ့ လယ်တီသိမ်ကို ဧပြီ ၂၉ ရက်နေ့က အပြီးတိုင် ဖြိုဖျက်လိုက်ပြီ ဖြစ်ကြောင်း ၀က်မှေးကျေးရွာသူ ဒေါ်သွဲ့သွဲ့ဝင်းက ဒီဗွီဘီကို ပြောပါတယ်။

“အပြီးဖျက်လိုက်တာ တမှုန်မှတောင် မကျန်တော့ဘူး။ အပဲ့တွေ ပျက်စီးတဲ့ဟာ မှန်သမျှကို ကျင်းကြီးတူးပြီး ထည့်ပစ်လိုက်တယ်။” လက်ပံတောင်းတောင် စုံစမ်း စစ်ဆေးရေး ကော်မရှင်အစီရင်ခံစာအရ လယ်တီသိမ်ကို မူလ အနေအထား မပျက် ပြောင်းရွှေ့ရန် ဒေသခံများအားလုံးရဲ့ သဘောတူညီချက်နဲ့ တခြားနေရာကို ပြောင်းရွှေ့ရန် ပါရှိခဲ့ပေမယ့် ဧပြီ ၂၉ ရက်နေ့က လယ်တီသိမ်ကို အပြီး ဖြိုဖျက်ပြီး ပြောင်းရွှေ့ပေးခြင်း မရှိဘူးလို့ ဒေသခံတွေက ဆိုပါတယ်။

ဝမ်ပေါင်ကုမ္ပဏီ ပြည်သူ.ဆက်ဆံရေး မန်နေဂျာ ဦးအောင်ဇော်လင်းကတော့ လယ်တီသိမ် ဖြိုဖျက်ခြင်း ကိစ္စက ကုမ္ပဏီနဲ့ သက်ဆိုင်ခြင်း မရှိဘဲ အစိုးရနဲ့ သာသနာရေးဦးစီးဌာနနဲ့သာ သက်ဆိုင်တယ်လို့ အခုလိုပြောပါတယ်။

“အဲဒါလုပ်တာ ကုမ္ပဏီက မဟုတ်ဘူးဗျ။ အဲဒါ အစိုးရက လုပ်တာ။ ကျနော်တို့တော့ မသိဘူး။ နောက်ဆုံးအခြေအနေကို သာသနာရေးဦးစီးဌာနကို မေးမှ သိမယ် ထင်တယ်။ အခုအချိန်အထိ နောက်ဆုံး သတင်းမရဘူး။”

 http://burmese.dvb.no

0 အကြံပြုခြင်း: